မိခင်နို့တိုက်ခြင်းကြောင့် မိခင်မှာ အကျိုးရှိစေမယ့်အချက် ၉ချက်

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

နို့်တိုက်ခြင်းဆိုတာ ကလေးတွေအတွက်ကောင်းတယ်ဆိုတာ သိကြပါတယ်။မိခင်နို့ဆိုတာ ကလေးအတွက် အာဟာရအကုန်ပြည့်စုံပြီး မှန်ကန်တဲ့အချိန် မှန်ကန်တဲ့ အပူချိန်မှာ တစ်ခါတည်းတိုက်ကျွေးနိုင်တဲ့ သဘာဝနည်းလမ်းတစ်ခုပါပဲ။နို့တိုက်ခြင်းဆိုတာ မိခင်တွေအတွက် သဘာဝကပေးတဲ့လက်ဆောင်တစ်ခုပါပဲ။မိခင်ကလေးမွေးပြီးချိန်မှာ နို့တိုက်ခြင်းကြောင့် မိခင်ကရရှိတဲ့အကျိုးကျေးဇူးတွေအများကြီးပါပဲ။

မိခင်က သူ့မွေးစကလေးလေးကိုနို့တိုက်ခြင်းက ရတဲ့ ပျော်ရွှင်မှု၊ငြိမ်းချမ်းမှု၊စိတ်ကျေနပ်မှုတို့အပြင် အောက်ကပြောပြမယ့်အကျိုးကျေးဇူးတွေကလည်း ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့အချက်တွေပါ။

မျိုးပွားအင်္ဂါနဲ့ဆိုင်သော ကင်ဆာများ

အခုလက်ရှိ လေ့လာထားတဲ့ အချက်အလက်တွေအရ ကလေးကို မိခင်နို့ ၆လနဲ့ ၆လအထက် တိုက်ကျွေးခြင်းကြောင့် အန္တရာယ်ရှိအချက်တွေကို လျှော့ချလို့ရပါတယ်။ကလေးကို နို့တိုက်ခြင်းကြောင့် သားဥအိမ်ကင်ဆာနဲ့ သားအိမ်ကင်ဆာတို့ဖြစ်နိုင်ချေကိုလျှော့ချပေးနိုင်ပါတယ်။

ဘာလို့လဲဆိုတော့ သားဥကြွေခြင်းနဲ့ သားဥကြွေစေတဲ့ ဟော်မုန်းကို ဖိနှိပ်ထားလို့ကင်ဆာဖြစ်စေနိုင်တဲ့ အခြေအနေကို နည်းစေပါတယ်။ ကင်ဆာဖြစ်ရခြင်းတွေမှာ အဲ့ဒီ သားဥကြွေခြင်းကလည်း အဓိက နေရာကပါဝင်ဆောင်ရွက်နေလို့ဖြစ်ပါတယ်။

မိခင်နို့မတိုက်တဲ့ အမေတွေ ဒါမှမဟုတ် သုံးလအောက်ထိပဲ နို့တိုက်တဲ့မိခင်တွေ နောက်ပြီး ၄လမှ ၁၂လအထိ နို့တိုက်တဲ့မိခင်

တွေမှာ သွေးဆုံးချိန် နားတစ်ဝိုက်အသက်အရွယ်အမျိုးသမီးတွေဟာ အထက်ကပြောခဲ့သလိုနို့တိုက်ခြင်းများ ပြုလုပ်ပါက

ရင်သားကင်ဆာဖြစ်ခြင်းကို ၁၁ရာခိုင်နှုန်းလျှော့နိုင်ပါတယ်။ တကယ်လို့ ကလေးကို အသက်နှစ်နှစ် နဲ့ နှစ်နှစ်အထက်ကို တိုက်တဲ့အမျိုးသမီးအားလုံးကတော့ ရင်သားကင်ဆာဖြစ်ခြင်းကို ၂၅ရာခိုင်နှုန်းထိလျော့ချနိုင်ပါတယ်။နောက်တစ်ခုကတော့ နို့တိုက်တဲ့မိခင်တွေမှာ သားအိမ်ကင်ဆာဖြစ်ခြင်းကနေလည်းကာ

ကွယ်နိုင်တယ်လို့ဆိုပါတယ်။နို့တိုက်ချိန်ကြာတာနဲ့အမျှ ကင်ဆာဖြစ်နိုင်ချေ နှုန်းထားလည်း လျော့သွားပါတယ်။ဒါ့အပြင်

နို့တိုက်ခြင်းနဲ့ လည်ပင်း အကြိတ် ကင်ဆာ ရောဂါဖြစ်ခြင်းမှလည်းလျှော့ချနိုင်တယ်လို့ဆိုပါတယ်။

နှလုံးရောဂါ

၂၀၀၉ခုနှစ်မှာ လေ့လာစမ်းသပ်သူတွေတွေ့ရှိချက်အရ ကလေးအသက်နှစ်နှစ်ထိ မိခင်နို့တိုက်တဲ့အမျိုးသမီးတွေဟာ နှလုံးရောဂါဖြစ်ဖို့ ၂၃ရာခိုင်နှုန်းထိ လျော့ချနိုင်တာတွေ့ရပါတယ်။

ဘာအကြောင်းကြောင့်လဲဆိုတာတော့ ခုထိတော့လျှို့ဝှက်နက်နဲတဲ့အကြောင်းအရာတစ်ခုလိုပဲရှိနေပါတယ် ဒါပေမယ့်

လေ့လာသူတွေယုံကြည်တာကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်

ထဲက သကြားဓာတ်နဲ့အဆီဓာတ် လှည့်ပတ်မှုကို အကျိုးသက်ရောက်စေလို့ ဆိုပြီး ယုံကြည်ထားကြပါတယ်။ခန္ဓာကိုယ်ထဲက အန္တရာယ်ရှိတဲ့ အဆီစုခြင်းကို လျော့ကျစေပါတယ်။နောက်ပြီးကောင်းတဲ့အဆီတွေ ပေါင်နဲ့ တင်ပါးမှာ စုခြင်းကို အားပေးပါတယ်။

ဝိတ်ကျစေခြင်း

နို့တိုက်ခြင်းရဲ့ ကောင်းတဲ့တစ်ချက်ကတော့ အမျိုးသမီးတွေကို ကလေးမမွေးခင် ပုံမှန် ၀ိတ် ပြန်ရဖို့နဲ့ အ၀လွန်ရောဂါဖြစ်နှုန်းလျှော့

ချဖို့ ကူညီပါတယ်။မိခင်နို့ တစ်အောင်စထုတ်လုပ်မယ်ဆိုပါက အမေမှာ ၂၀ကီလိုကယ်လိုရီ ကျနိုင်လို့ပါ။အဲ့ဒါကြောင့် အမျိုးသမီးတွေဟာ နို့ကို ၅အောင်စလောက်တိုက်ပြီးပါက သူ့မှာ ၅၀၀ကီလိုကယ်လိုရီတစ်ရက်ကို ကျနိုင်ပါမယ် ၄င်းက တစ်ရက်ကို ၁နာရီခွဲစာ ခပ်ဖွဖွပြေးလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ညီမျှပါတယ်။သို့သောလည်း ၀ိတ်ကျခြင်းဟာ အမေရဲ့ စားသောက်ပုံနဲ့ လေ့ကျင့်ခန်းလုပ်တဲ့ပေါ်လည်းမူတည်ပါသေးတယ်။ဆိုတော့ နို့တိုက်ခြင်းကြောင့် အ၀လွန်ရောဂါဖြစ်ခြင်း နဲ့သွေးတိုးခြင်း အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။

ရူမတွိုက်အဆစ်ရောင်ရောဂါ

Harvard’s Birmingham and Women’s Hospital ကနေ လေ့လာတွေ့ရှိချက်အရ မိခင်နို့တိုက်ကျွေးခြင်းဟာ ရူမတွိုက်အဆစ်ရောင်ရောဂါဖြစ်ခြင်းကနေ ကာကွယ်တယ်လို့ဆိုပါတယ်။

နှစ်နှစ်တိတိနို့တိုက်ခြင်းက ရာခိုင်နှုန်း ၅၀ထိလျှော့ချနိုင်ပါတယ်။၁၂လမှ ၂၃လထိတိုက်ခြင်းက ၂၀ရာခိုင်နှုန်းထိ လျော့ချနိုင်ပါတယ်။နို့တိုက်ခြင်းဟာ အမျိုးသမီး တွေရဲ့ လိင်နဲ့ဆိုင်တဲ့ ဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ အန်ဒရိုဂျင်တို့မှာ ပြောင်းလဲခြင်းဖြစ်စေတာကြောင့် ဖြစ်နိုင်ပါတယ်။

၂၀၀၉ခုနှစ်က ထုတ်ဝေထားတဲ့ Malmo University ကလေ့လာချက်တစ်ခုကလည်း အမျိုးသမီးတွေအချိန်ကြာကြာနို့တိုက်ပါက ရူမတွိုက်အဆစ်ရောင်ရောဂါ

ရနိုင်တဲ့ နှုန်းလျှော့သွားကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။

ဆီးချိုသွေးချိုရောဂါ

နို့တိုက်ခြင်းဟာဆဲလ်တွေကနေ  အင်ဆူလင်လို့ခေါ်တဲ့ဟော်မုန်းကို ပိုပြီး သက်ရောက်စေပါတယ်။ ၀မ်းဗိုက်နားကပိုနေတဲ့အဆီတွေ အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်ရတဲ့ အဆီတွေဟာ ဆီးချိုဖြစ်စေမယ့် အဓိက အန္တရာယ်အချက်တစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆီးချိုသွေးချိုရှိသော အမျိုးသမီးတွေဟာ နို့တိုက်ခြင်းနဲ့ကျန်းမာရေးကောင်းအောင်လုပ်နိုင်ပါတယ်။

စိတ်ပျော်ရွှင်မှု တိုးလာစေခြင်း

နို့တိုက်ချိန်မှာ ကလေးနဲ့အနီးကပ်နေရတာကြောင့် မိခင်တွေမှာ စိတ်ပျော်ရွှင်မှု ပိုရစေပါတယ်။တစ်ချို့သောလေ့လာတွေ့ရှိချက်တွေအရ သူတို့ကလေးတွေကို နို့တိုက်တဲ့မိခင်တွေဟာ ကလေးမွေးပြီးနောက် စိတ်ကျခြင်းဖြစ်စဉ်မျိုးကို သိပ်မဖြစ်စေဘူးလို့ အကြံပြုထားပါတယ်။နို့တိုက်မိခင်တွေဟာ

စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေအနေနဲ့ အကျိုးရလာတယ်လို့ တင်ပြထားပါတယ်။၎င်းတို့ကတော့ ကိုယ့်ဘာသာ ယုံကြည်မှု ပိုရှိလာခြင်း ကလေးနဲ့ ဆက်သွယ်မှုတွေကောင်းလာခြင်းတို့ဖြစ်ပါတယ်။

ဟော်မုန်းထွက်ခြင်း

နို့တိုက်ခြင်းဟာ မိခင်ရဲ့သားအိမ်ကို ပုံမှန်အရွယ်အစားအတိုင်းအမြန် ပြန်ရောက်အောင် ကူညီပါတယ်။

Oxytocin,prolactinလို့ဟော်မုန်းတွေထွက်စေတဲ့အတွက် အမေကိုသက်တောင့်သက်သာပိုဖြစ်စေပါတယ်။

ကလေးခြားခြင်း

နို့တိုက်ခြင်းဟာ သားဥကြွေခြင်းကိုနှေးစေပါတယ်။ကလေးကို အချိန်ကာလကြာ နို့တိုက်လေလေ သဘာဝသားဆက်ခြားနည်းနဲ့ ကလေးခြားလို့ရလေလေပါပဲ။

ငွေကုန်ကြေးကျ နည်းခြင်း

ကိန်းဂဏန်း တွေအရပြောရရင်တော့ နို့ဗူးတိုက်ခြင်းဟာ ၁၂၀၀ယူအက်စ်ဒေါ်လာ လောက်ကုန်ကျနိုင်ပါတယ်။American Academy of Pediatrics က မိခင်နို့တိုက်ကျွေးခြင်းနဲ့ ကလေးအသက်တစ်နှစ်အရွယ်လောက်ထိဆိုရင် ဒေါ်လာ၄၀၀လောက်စုမိသွားမယ်လို့ ခန့်မှန်းကြပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 15, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 15, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။