backup og meta

ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ.........

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ.........

    ဘေဘီလေးကို ဉာဏ်ကောင်းစေချင်တဲ့ဆန္ဒ မိဘတိုင်းမှာ ရှိမယ်ထင်ပါတယ်။ ဒီတော့ ဘေဘီလေး ဉာဏ်ကောင်းအောင် ဘာတွေကျွေးရမလဲ သိချင်နေတဲ့ မေမေတွေများ ရှိလား…… ဒါဆိုရင်တော့ ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ……… ဆိုတာ သိရအောင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။

    ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ………

    ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ……… ဆိုတော့

    အခွံမာသီးတွေ

    ပရိုတင်း၊ fatty acids၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် စိတ်ခံစားမှုကိုကောင်းစေပြီး ဦးနှောက် နဲ့ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မြေပဲနဲ့ မြေပဲထောပတ်တွေမှာဆိုရင် အာရုံကြောရဲ့ အပေါ်ယံအမြှေးပါးကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တစ်မျိုးဖြစ်တဲ့ ဗီတာမင် E ကြွယ်ဝ စွာ ပါဝင်နေပါတယ်။ သီရာမင်း ကလည်း ဦးနှောက် နဲ့ အာရုံကြော စနစ်ကို ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

    ဥအမျိုးမျိုး

    ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ အစားအစာတစ်မျိုးပါ။ ဥအမျိုးမျိုးမှာပါတဲ့ ပရိုတင်း နဲ့ အာဟာရဓာတ်က ကလေးရဲ့ အာရုံစူးစိုက်မှုကို ကောင်းစေနိုင်ပါတယ်။

    ကြက်ဥအနှစ်မှာ ဗီတာမင်၊ သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ ကိုလင်းတို့က မှတ်ဉာဏ်ကို ကောင်းမွန်စေနိုင်ပါတယ်။

    ဘယ်ရီသီးတွေ

    ဘယရီသီးတွေမှာပါဝင်တဲ့ polyphenols က ဦးနှောက်ထဲက သွေးစီးဆင်းရောက်ရှိမှုကို ကောင်းစေနိုင်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဘယ်ရီသီး ကျွေးပေးလို့ရပါတယ်။

    ငါး

    ငါးမှာ ဗီတာမင် D နဲ့ omega-3 fatty acid တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက်ကို ကျန်းမာစေနိုင်ပြီး မှတ်မိနိုင်စွမ်း ကောင်းစေပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်းတို့​ ကျွေးပေးလို့ရပါတယ်။

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကလည်း အကျိုးများစေတဲ့ အစားအစာတွေထဲက တစ်မျိုးပါပဲ။ ဟင်းနုနွယ်ဆိုရင် ဖောလိတ် နဲ့ ဗီတာမင်တွေ ပြည့်ဝနေတာကြောင့် မှတ်ဉာဏ်ကောင်းစေနိုင်သလို အရွယ်ရောက်တဲ့အချိန်မှာ dementia မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပြီး ဦးနှောက်တွင်းမှာ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေပါတယ်။

    ပန်းသီး 

    ကလေးတော်တော်များများ ကြိုက်နှစ်သက်ကြသလို ဗီတာမင်၊ သတ္တုဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝနေမှုက ကလေးရဲ့ ဦးနှောက် နဲ့ မှတ်ဉာဏ် ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

    နို့ နဲ့ နို့ထွက်ပစ္စည်းတွေ

    နို့ နဲ့ နို့ထွက် ပစ္စည်းတွေမှာ ပရိုတင်း၊ ဗီတာမင် B တို့လိုမျိုး ဦးနှောက် တစ်ရှူးတွေ ကြီးထွားစေဖို့ အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဦးနှောက်ဆဲလ်တွေကို သတင်းအချက်အလက်တွေ ပေးပို့ လက်ခံမှုကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

    အုတ်ဂျုံ

    ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ မနက်ခင်း စောစောမှာ အုတ်ဂျုံ စားသုံးပေးတာက ကလေးကို မှတ်ဉာဏ်ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးခြင်းပါ။

    အုတ်ဂျုံက အမျှင်ဓာတ် ကြွယ်ဝသလို ဗီတာမင် E၊ ဗီတာမင် B အုပ်စု၊ ပိုတက်ဆီယမ်၊ ဇင့် တို့လိုမျိုး ဦးနှောက် လုပ်ဆောင်မှုကို ကောင်းစေနိုင်တဲ့ အာဟာရ ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

    ပဲအမျိုးမျိုး

    ပဲအမျိုးမျိုးမှာ ပရိုတင်း၊ ကစီဓာတ် နဲ့ အမျှင်ဓာတ် အပြင် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ပဲအမျိုးမျိုးမှာ ဦးနှောက် ဖွံ့ဖြိုးစေဖို့နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ omega-3 လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

    ဇီးဖြူသီး

    ဇီးဖြူသီးမှာ ကိုယ်ခံအားကို ကောင်းစေနိုင်တဲ့ အာဟာရဓာတ်တွေနဲ့ အမြင်အာရုံ ကောင်းစေနိုင်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုဆးန့်ကျင် အာနိသင် ကြွယ်ဝမှုက ဦးနှောက်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ကဲ…..ဘေဘီလေး ဉာဏ်ကောင်းစေဖို့ ဒါတွေပါအောင် ကျွေးဖို့ မမေ့နဲ့နော် မေမေတို့ရေ……………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement