backup og meta

47 ပတ်သားကလေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    47 ပတ်သားကလေး

    ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

    ဘယ်လိုဖွံ့ဖြိုးလာလဲ

    ကလေးငယ်ရဲ့အသက် ၁၁ လအရွယ်ရဲ့တတိယမြောက်အပတ်မှာကလေးငယ်က အောက်ပါအပြုအမူလေးတွေကို လုပ်ဆောင်ပြုမူတတ်ပါပြီ။

  • လက်ညှိုးလေးတွေလက်မလေးတွေကိုသုံးပြီးပစ္စည်းသေးသေးမွှားမွှားလေးတွေကိုကောက်တတ်ပါပြီ၊ အန္တရာယ်ရှိတဲ့အရာတွေကို ကလေးတွေလက်လှမ်းမီတဲ့နေရာမှာမထားမိအောင်အမြဲဂရုပြုပါ။
  • ခဏတဖြုတ်သူ့ဘာသာမတ်တတ်ရပ်တတ်ပြီ၊
  • မေမေ၊ဖေဖေဆိုတာအပြင် တစ်ခွန်းစ၊နှစ်ခွန်းစ မပီကလာပီကလာပြောတတ်ပြီ၊
  • သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

    ကလေးကငယ်ရွယ်တဲ့အရွယ်မှာ သင်ကြားရလွယ်ပြီးလိုသလိုပုံသွင်းနိုင်တာကြောင့် မိမိတို့ကိုဘယ်လိုကူညီမလဲ ဆိုတာကို စတင်သင်ကြားပေးဖို့ အချိန်ကောင်းပါ။ ကျေးဇူးပြုပြီးတော့၊ ကျေးဇူးတင်ပါတယ်။ ဆိုတဲ့ စကားလုံးလေး တွေပြောတတ်အောင်အဓိကထားသင်ကြားပေးပါ။ အရုပ်လေးတွေကိုသန့်ရှင်းရေးလုပ်ပေးတာကို ဂိမ်းတစ်ခုကစားသလိုမျိုးလေးဖြစ်အောင်ဖန်တီးပေးပါ။ ၄၇ ပတ်သားဆိုတဲ့အရွယ်ကငယ်ရွယ်လွန်းတာကြောင့် တွေးတောနိုင်စွမ်းမရှိသေးတဲ့အတွက် စဉ်းစားတတ်အောင်သင်ပေးဖို့ကတော့စောသေးပါတယ်။ မိဘကဘေးကနေပြီး ကူညီလုပ်ဆောင်ပေးဖို့တော့လိုအပ်ပါတယ်။

    ကလေးကို အဲ့ဒီအရွယ်မှာ အရာဝတ္ထုလေးတွေနဲ့ အရာဝတ္ထုလေးတွေရဲ့အမည်ကိုတွဲမိအောင်လုပ်ဆောင်ပေးပါ။ သင့်ဘက်ကလုပ်ဆောင်ပေးနိုင်လေလေ ကလေးရဲ့စာလုံးပေါင်းစွမ်းရည်ကို တိုးတက်စေပြီး ကလေးကို စကားပြောသွက်စေမှာဖြစ်ပါတယ်။ ပစ္စည်းလေးတွေကိုင်တဲ့အခါ နာမည်လေးတွေတွဲပြောပေးပါ။ လှေကားတက်တဲ့အခါ လှေကားထစ်လေးတွေကိုရေတွက်ပေးပါ။ ကုန်စိမ်းအရောင်းဆိုင်တွေကိုသွား တဲ့အခါမှာလည်း သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေရဲ့အမည်တွေနဲ့အရောင်တွေကိုတွဲပြီးပြောပေးပါ။ ကလေးငယ်လေးတွေကိုရုပ်ပုံပါတဲ့ စာအုပ်တွေဖတ်ပြပြီး အရာဝတ္ထုလေးတွေကိုလက်ညှိုးထိုးပြခြင်းဖြင့် ကလေးနဲ့ရင်းနှီးကျွမ်းဝင်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးရဲ့ထင်မြင်ချက်ကိုနားထောင်ပေးပါ။ ခြေအိတ်အနီရောင်ဝတ်ချင်လား၊အပြာရောင်ဝတ်ချင်လားမေးကြည့်ပါ။ ဘာအရုပ်နဲ့ကစားချင်တာလဲ ဆိုတာကို လည်းမေးပါ။ ကလေးငယ်ကို နှစ်ခုထဲက တစ်ခုပေးရွေးပါ။ သူမဖြေနိုင်သေးရင်နောက်တစ်ခေါက်ထပ်မေးပါ။ သူက သင့်ကိုအံအားသင့်အောင်လုပ်ပြပါလိမ့်မယ်။

    ကျန်းမာဖို့၊ လုံခြုံဖို့

    ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

    ဆရာဝန်အများစုက ဒီလအတွက်ကလေးငယ်ကို တစ်လထဲမှာ နောက်တစ်ကြိမ်ဆေးခန်းပြန်လာပြပါလို့မှာ လေ့မှာထမရှိတတ်ပါဘူး။ ကလေးငယ်ကလည်း ဆရာဝန်ဆီသွားတဲ့အခါ ဘာမှကိုနားမလည် သေးတာကြောင့် မိဘရဲ့စောင့်ရှောက်အားပေးမှုကိုလိုအပ်ပါတယ်။ ဆရာဝန်ကဘယ်လောက်ပဲရင်းနှီးဖော်ရွေ တယ်ပြောပြော ကလေးကမျက်နှာစိမ်းတာကြောင့် စိတ်ကသိကအောက်ဖြစ်တာမျိုးတွေ တွေ့ကြုံရနိုင်ပါတယ်။ ကလေးကျန်းမာရေးနဲပပတ်သက်ပြီး စိုးရိမ်လာတယ်ဆိုရင်တော့ နောက်လမှာ ဆေးခန်းပြန်ပြဖို့ချိန်းထားတဲ့ရက် မတိုင်ခင်မှာ ဆရာဝန်ထံသွားရောက်ပြသလို့ရပါတယ်။

    ဘာတွေသိသင့်လဲ။

    ၄၇ ပတ်သားကလေးလေးတွေနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေမျှဝေပေးလိုက်ပါတယ်။

    လက်မစုပ်ခြင်း

    လက်မစုပ်တာက ကျန်းမာရေးကောင်းတယ်ဆိုတဲ့အပြုအမူတစ်ရပ်ဖြစ်သလို သူတို့ဘာသာနှစ်သိမ့်မှုရနိုင်မယ့် လုပ်ငန်းစဉ်တစ်ရပ်ကိုလုပ်ဆောင်နေတယ်ဆိုတဲ့သဘောပါ။ စိုးရိမ်စရာမရှိပါဘူး။ လက်မစုပ်တာက ကလေးငယ် တွေကိုအန္တရာယ်မရှိစေပါဘူး၊လို့ ကျွမ်းကျင်သူတွေကသဘောတူညီခဲ့ပါတယ်။ ကလေးငယ်လေးတွေဟာ အသက် ၂ နှစ်မတိုင်ခင်အထိ သူတို့ရဲ့သွားလေးတွေကိုထိခိုက်စေတာမျိုးမရှိစေဘဲ လက်မစုပ်တတ်ပါတယ်။ အချိုကကလေးလေးတွေဆိုရင် သူတို့ရဲ့ ကြီးသွားလေးတွေစတင်ဖွံ့ဖြိုးဖို့အရှိန်ယူတဲ့အချိန်ဖြစ်တဲ့ အသက် ၄ နှစ် – ၅နှစ်မတိုင်ခင်အရွယ်အထိလက်မစုပ်တတ်ကြပါတယ်။

    ချိုလိမ်စို့တာ

    ချိုလိမ်စို့တာက ကလေးလေးတွေသူတို့ဘာသာစိတ်ကျေနပ်မှုရအောင်နေထိုင်တဲ့နည်းလမ်းလေးတစ်ခုပါ။ ကလေးလေးတွေက သူတို့ပါးစပ်ထဲက ချိုလိမ်လေးတွေပြုတ်ကျသွားတဲ့အခါ မတွေ့တော့တဲ့အခါနဲ့ ညစ်ပတ်သွား တဲ့အခါမျိုးမှာ သူ့ရဲ့ချိုလိမ်လေးကိုပြန်ရဖို့ သင့်ကိုဘယ်လိုအားကိုးရမလဲဆိုတာကို သင်ယူနိုင်လာပါလိမ့်မယ်။ ကလေးငယ်မှာ သွားဘက်ဆိုင်ရာပြဿနာရပ်တွေမပေါ်ပေါက်လာခင်မှာ ကလေးရဲ့အသက်အရွယ်နဲ့ လိုက်ဖက်မယ့် ချိုလိမ်လေးတွေကိုလဲလှယ်ပေးပါ။ အချို့ကလေးလေးတွေကတော့ ချိုလိမ်ထက် လက်မကိုပဲ ပိုနှစ်သက်ကြပါတယ်။ သင့်အနေနဲ့ရွေးရခက်နေရင်ကလေးကိုသာစိတ်ကြိုက်ပေးရွေးလိုက်ပါ။

    စိတ်ပူတာတွေ

    ဘာတွေစိတ်ပူလဲ

    ကလေးငယ်ဟာ ၁၁ လသားအရွယ်ရဲ့ ဒုတိယမြောက်အပတ်မှာ မိဘတွေအနေနဲ့သတိထားဆင်ခြင်ရမယ့် အကြောင်းအရာတွေအများကြီးရှိပါတယ်။ တစ်ချက်ကတော့ အနေအထိုင်ဆင်ခြင်ရမှာပဲဖြစ်ပါတယ်။

    ကျွမ်းကျင်သူတွေကတော့ ကလေးမူကြိုတက်တဲ့အရွယ်မရောက်ခင်အထိ မိဘတွေရဲ့အနေအထိုင်အမူအကျင့် တွေကကလေးငယ်အပေါ်ထိခိုက်သက်ရောက်မှုမရှိဘူးလို့ဆိုပါတယ်။ သေချာတာတစ်ချက်က တစ်နှစ်အောက်ကလေးငယ်ဆိုတာက အရမ်းငယ်လွန်းသေးတာကြောင့် သူ့ရဲ့မိခင်ကို အဝတ်အစား မပါဘဲမြင်ရင်တောင်မှ မှတ်မိတာတွေခံစားရတာမျိုးတွေရှိမှာမဟုတ်ပါဘူး၊လို့လက်ခံထားကြပါတယ်။ အသက် ၃ နှဏ်ကျော် ၄ နှစ်ကလေးတွေအနေနဲ့ကတော့ သူတို့ရဲ့မိဘတွေကို အဝတ်ဗလာနဲ့မြင်ရတာက ကလေးရဲ့ ကျန်းမာရေးအပေါ်ထိခိုက်မှုရှိစေတယ်လို့ဆိုပါတယ်။

    ကလေးငယ်က သင့်ခန္ဓါကိုယ်ရဲ့ မမြင်သင့်တဲ့အစိတ်အပိုင်းတွေအပေါ်မှာ စိတ်ဝင်စားစပ်စုလိုစိတ်များနေတယ် ဆိုရင် ပြင်းပြင်းထန်ထန်မတုံ့ပြန်မိပါစေနဲ့၊ မိခင်က ကလေးငယ်ကိုခန္ဓါကိုယ်အစိတ်အပိုင်းတွေကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကိုသင်ကြားပေးပြီး ကူညီမှုတွေလုပ်ဆောင်ပေးပါ။ ကလေးငယ်ကိုအပြစ်ရှိတယ်၊ လို့မခံစားရအောင်ဂရုစိုက်လုပ်ဆောင်ပေးပါ။

    လာမယ့် တစ်ပတ်မှာကလေးကဘယ်လိုတွေ ဖွံ့ဖြိုးကြီးထွားလာမလဲဆိုတာကို စောင့်ကြည့်ကြရအောင်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement