backup og meta

41 ပတ်သားကလေး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    41 ပတ်သားကလေး

    ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

    ဘယ်လိုဖွံ့ဖြိုးလာလဲ

    ခုဆိုရင်ကလေးငယ်ဟာ စကားလုံး၊ စာကြောင်းတချို့ကို နားလည်လာပါပြီ။ ဒါကြောင့် သူတို့နဲ့စကားအဆက်မပြတ်ပြောပေးနေဖို့ ပိုအရေးကြီးလာပါပြီ။ သူတို့ကမပီကလာ ပီကလာနဲ့ပြောတဲ့စကားပြတ်ကို မှန်ကန်တဲ့စကားလုံးအပြည့်အဖြစ်ပြန်ပြောပြီး စကားပြောဆိုမှုပုံစံကောင်းမွန်လာပါစေ။ ဒီအရွယ်မှာ သူတို့ပြောတဲ့ကလေးစကားပြောနည်းပုံစံအတိုင်း လိုက်ပြောတာကို အတတ်နိုင်ဆုံးရှောင်ပါ။ ပျော်စရာကောင်းပေမယ့် ကလေးငယ်ဖွံ့ဖြိုးမှုအတွက် သူတို့စကားလုံးအမှန်ကိုကြားတာကို ပိုအကျိုးရှိပါတယ်။ တခါတလေကြောင်တောင်တောင်နိုင်နိုင်ပေမယ့် ကလေးငယ်နဲ့စကားပြောနေခြင်းက သူတို့အတွက် ဘာသာစကားစွမ်းရည်ကိုတိုးတက်လာစေပါတယ်။ သူတို့ကဗလုံးပထွေးနဲ့ အားရပါးရပြောနေတဲ့အခါ ‘ဟယ် ဟုတ်လား၊ ဘာဖြစ်သွားလဲ၊ ပြောပါဦး’ စသည်ဖြင့် ပြန်တုံ့ပြန်သင့်ပါတယ်။ သူတို့နှစ်ခြိုက်စွာရယ်ပြီး ဆက်ပြောနေမှပါ..။

    ခုဆယ်လပြည့်ချိန်မှာ သင့်ရင်သွေးလေးဟာ-

    • မတ်တပ်ရပ်တတ်လာပါပြီ

    • ထိုင်ရာကနေမတ်တပ်ထရပ်တတ်လာပြီ

    • သင်သူ့အရုပ်ကိုယူသွားရင်ပြန်လုတတ်ပြီ

    • ဖေဖေ၊ မေမေ ခေါ်တတ်ပြီ

    • တူတူပုန်းတမ်းလိုမျိုး ကစားတတ်ပြီ

    • သင်နဲ့ခြေဟန်လက်ဟန်တွေလုပ်ပြတတ်ပါပြီ

    သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

    ကလေးငယ်ဖွံ့ဖြိုးမှုအတွက် သူတို့နဲ့ဆက်သွယ်ပြောဆိုနေဖို့က အရေးကြီးပါတယ်။ သူတို့ညွှန်ပြတဲ့အရာကို နာမည်ပြောပြတာ၊ ဒါမှမဟုတ် သင်ကနေ အရာဝတ္ထုတွေညွှန်ပြရင်း ဘယ်လိုခေါ်လဲသင်ပေးတာမျိုးဟာ သူတို့ကိုအမည်နာမတွေသိဖို့ ကူညီပေးပါတယ်။

    သူတို့ကို သင်ဘာတွေလုပ်ပေးနေတာလဲဆိုတာကို ကစားနေဟန်ပြောပြပါ။ ဥပမာ- သူကိုတွန်းလှည်းထဲထည့်လိုက်ရင်း ‘ကဲ ခုဆိုရင် အပြာရောင်တွန်းလှည်းလေးစီး၊ ခါးပတ်လေးပတ်ထားပြီး ပန်းခြံဆီကိုသွားကြမယ်’ စသည်ဖြင့်ပေါ့။ ကလေးသီချင်းတွေဆိုပေးရင်း၊ စကာလုံးတွေအဓိပ္ပါယ်ကို ဟန်လုပ်ပြရင်း(ဥပမာ-တာ့တာ ဆိုရင်လက်ဝှေ့ယမ်းတာမျိုး) ပြီးတော့ ကစားရင်းသူတို့ကို စကားလုံးတွေ၊ စာကြောင်းတွေ သင်ပေးနိုင်ပါတယ်။ ဒီလိုဆော့ရာမှာလည်း ကလေးစကားပြောနည်းပုံစံအတိုင်း လိုက်ပြောတာကို အတတ်နိုင်ဆုံးရှောင်ပါ။ ပျော်စရာကောင်းပေမယ့် ကလေးငယ်ဖွံ့ဖြိုးမှုအတွက် စကားလုံးအမှန်ကိုကြားတာကို သူတို့အတွက်ပိုအကျိုးရှိပါတယ်။

    ကျန်းမာဖို့၊ လုံခြုံဖို့

    ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

    ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ ရက်ချိန်းမပေးတတ်ပါဘူး။ ဒါပေမယ့် တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။

    ဘာတွေသိသင့်လဲ။

    ဒီအရွယ်မှာဆိုရင် အိပ်စက်စဉ်အသက်ရှူရပ်သွားတာမျိုး ကြုံလာရနိုင်ပါတယ်။ ကလေးငယ်ဟာ အိပ်နေရင်း အချိန်ခဏလေးနဲ့ အကြိမ်ရေခဏခဏ အသက်ရှူရပ်ရပ်သွားတာမျိုးပါ။ ဒါဟာ သူတို့အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကိုပိတ်ပြီး အသက်ကောင်းကောင်းမရှူနိုင်စေမယ့် အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အာသီးကြီးနေခြင်း၊ ခဏခဏနေမကောင်းဖြစ်ခြင်း၊ ဓါတ်မတည့်ခြင်း၊ အာခေါင်ကွဲခြင်း၊ ဒါမှမဟုတ် အာရုံကြောအဖွဲ့အစည်း ဖွံ့ဖြိုးမှုနှေးခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။ နေ့မစေ့ လမစေ့မွေးတဲ့ကလေးတွေ၊ သူငယ်နာရှိတဲ့ကလေးတွေ နဲ့ ဒေါင်းရောဂါ (Down syndrome)ရှိတဲ့ကလေးတွေမှာလည်း ဒါမျိုးဖြစ်နိုင်ချေများပါတယ်။ ထိုရောဂါရှိတဲ့ကလေးတွေဟာ အိပ်နေစဉ် ကျယ်ကျယ်လောင်လောင်ဟောက်ခြင်း၊ အသက်ရှိုက်ရှုခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခြင်း၊ အသက်ရှူတစ်ခါနဲ့တစ်ခါကြား အကြာကြီးနားခြင်း၊ ချွေးထွက်ခြင်း တို့ဖြစ်နိုင်ပါတယ်။ မကြာခဏနိုးနိုးလာနိုင်ပြီး အိပ်ရေးမဝခြင်းခံစားလာရနိုင်ပါတယ်။

    ကုသမှုမခံယူပါက နှလုံးနှင့်သွေးကြောဆိုင်ရာ ပြဿနာများဖြစ်လာနိုင်ပြီး ကလေးငယ်ရဲ့ သင်ယူခြင်း၊ အပြုအမူတွေအပေါ်မှာ ထိခိုက်မှုများရှိလာနိုင်တာကြောင့် ဆရာဝန်ပြရန်လိုပါတယ်။ တကယ်လို့ အာသီးကြီးခြင်းကြောင့်ဖြစ်တယ်ဆိုရင်တော့ တခါတလေခွဲစိတ်ဖို့လိုပါတယ်။ ဆရာဝန်က ရောဂါဖြစ်စေခြင်း အကြောင်းအရင်းကိုရှာရန်အတွက် ဆေးရုံမှာတစ်ညစောင့်ကြပ်ကြည့်ရှုနိုင်ပါတယ်။

    စိတ်ပူတာတွေ

    ဘာတွေစိတ်ပူလဲ

    ဆယ်လအရွယ်ကလေးငယ်တွေဟာ ခေါင်းတွေ ကိုယ်တွေ လှုပ်ခါခြင်း၊ လှိမ့်ခြင်း အကျင့်လေးတွေ ရှိလာပါတယ်။ မသိရင် က ဖို့သံစဉ်တွေကို နားလည်နေတဲ့အတိုင်းပါပဲ။ ဒီအကျင့်တွေပျောက်သွားဖို့ ဖိအားပေးလို့မရပါဘူး။ အဲ့အစား သင်ရော သင့်ကလေးပါ သက်သာစေဖို့အတွက် ဒီအချက်လေးတွေတော့လုပ်ကြည့်နိုင်ပါတယ်။

    • သူတို့ကိုဖက်ထားရင်း တူတူလှုပ်ခါပေးပါ။

    • ရှေ့နောက်ယိမ်းတဲ့ခုံလေးပေါ်မှာထိုင်ပြီး ဘယ်လိုယိမ်းရလဲ ပြပေးခြင်းမျိုးဖြင့် လက်ခံနိုင်စရာရှိတဲ့ လှုပ်ရှားမှုမျိုးသင်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် သီချင်းသံထွက်တဲ့အရုပ်တွေကိုပေးပြီး သီချင်းသံနဲ့တူ လက်ခုတ်တီးတာမျိုး၊ တခြားလက်နဲ့ပဲကစားရတဲ့ ကစားနည်းမျိုးသင်ပေးခြင်းဖြင့် အာရုံပြောင်းနိုင်ပါတယ်။

    • နေ့ဘက်မှာကစားချိန်ပြည့်ဝစွာရှိပါစေ။

    • ညအိပ်ချိန်မှာ ပွေ့ဖက်ထားတာမျိုး၊ နှိပ်နယ်ပေးတာမျိုးနဲ့ အိပ်ချိန်မှန်အောင်ဖန်တီးထားပါ။

    • တကယ်လို့ပုခတ်ခြင်းထဲမှာ ခေါင်းလှုပ်ခါတတ်တဲ့အကျင့်ရှိလာရင် အိပ်မပျော်မခြင်း ပုခတ်ထဲမထည့်ပါနဲ့။

    • ပုခတ်ခြင်းနံရံများနှင့်ရိုက်မိခြင်း အန္တရယ်မှကင်းစေရန် ပုခတ်ခြင်းကိုနံရံ၊ ပရိဘောများနှင့်ဝေးရာမှာထားကာ လိုအပ်ပါက ပုခတ်ဘေးကိုလည်းကာထားပါ။ ပုခက်ခြင်းတွင် လျော့နေ၊ ပြုတ်ထွက်နေသည်များရှိလားသိစေရန် မကြာခဏစစ်ဆေးပေးရန်လည်းမမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement