14 ပတ်သားကလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။

ယခု ကလေးငယ်သည် သင့်ကို ထိတွေ့ချင်လာပါသည်။ ထိတွေ့မှုသည် ကလေးငယ်၏ ကြီးပြင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းစွာအထောက်အကုူပြုပါသည်။ အသားချင်းထိတွေ့ခြင်းသည် ကလေးနှင့်သင့်ကြားဆက်သွယ်မှုပိုကောင်းစေရုံသာမက ကလေးစိတ်တို၊ စိတ်အခန့်မသင့်သည့် အချိန်များတွင် သင်မှ ပိုပြီး သက်သာအောင်ပြုလုပ်ပေးနိုင်သည်။ သူ့လက်များခြေထောက်များကို ဝှေ့ယမ်းနိုင်ပြီး တင်ပါးနှင့် ဒုူးသည် ပို၍ လှုပ်ရှားလာနိုင်သည်။
တတိယလ၏ ဒုတိယပတ်တွင် ကလေးသည်-
• အသံကျယ်ကျယ်ရီမောနိုင်သည်။
• အိပ်နေလျှင် ခေါင်းကို ၉၀ ဒီဂရီထောင်မတ်နိုင်သည်။
• စိတ်လှုပ်ရှားလျှင် အော်ဟစ်နိုင်သည်။
• လက်များကို ဆုပ်ကိုင်နိုငသည်။
• သဘာဝကျကျရီမောနိုင်သည်။
• ၁၅ စင်တီမီတာအကွာမှ ပစ္စည်းနောက်သို့ လိုက်နိုင်ပြီး ဘေးဘက်သို့ ၁၈၀ ဒီဂရီစောင်းလှည့်နိုင်သည်။

ကျွန်ုပ်၏ ကလေးကို မည်သို့ ကူညီပေးသင့်ပါလဲ။

သင့်ကလေးကို ပစ္စည်းအများကြီးနှင့် ထိတွေ့မှုရှိနိုင်ရန်လုပ်ပေးသင့်သည်။ ဤအရွယ်တွင် ကလေးများသည် ပါးစပ်ထဲသို့ တွေ့မြင်သမျှထည့်သွင်းတတ်သောကြောင့် ကလေးကို တစ်ယောက်တည်း မထားခဲ့ပါနှင့်။
သူမ၏ လက်များဖြင့် ဆွဲဆိတ်ခြင်း၊ ဆုပ်ကိုင်ခြင်း၊ ဆန့်တန်းခြင်းများကို ပြုလုပ်နိုင်သည်။ သင့်ကလေးကို မျက်လုံးနှင့်လက်ကို ဆက်သွယ်လှုပ်ရှားတတ်အောင် အရုပ်ကို ကိုင်ထားပြီး ရယူခိုင်းခြင်းဖြင့် သင်ကြားပေးပါ။ ထိုသို့ဖြင့် ကလေးကို စိတ်ကို စူးစိုက်တတ်ပြီး လှုပ်ရှားတက်ကြွစေရန်သင်ကြားပေးနိုင်သည်။
ကလေးကို နွေးထွေးသော နေရာတွင် ချထားပြီး အဆီတစ်ခုခုဖြင့် ကလေး၏ ခန္ဓါကိုယ်ကို ပွတ်လူးပေးရင်းနှိပ်နယ်ပေးပါ။ သူ့ကို မျက်လုံးထဲသို့ သေချာကြည့်၍ စကားတွေပြောပါ။ သီချင်းဆိုပါ။ ကလေး၏ တုံ့ပြန်မှုကို သတိပြုပါ။ စိတ်ဝင်စားမှုမရှိလျင် နှိပ်နယ်ပေးခြင်းကို ဖွဖွလေးပြုလုပ်ပါ။ သို့မဟုတ် ပိုဖိ ၍ နှိပ်နယ်ပေးပါ။ သို့မဟုတ် ရပ်လိုက်ပါ။ ကလေးအများစုသည် ညင်ညင်သာသာ ဆက်ဆံခံရခြင်းကို နှစ်သက်ကြပါသည်။

ကျန်းမာရေးနှင့် ဘေးကင်းစိတ်ချရမှု

ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

ဆရာဝန်အများစုသည် ယခုလတွင် တွေ့ဆုံရန်ချိန်းဆိုခြင်း သို့မဟုတ် ကျန်းမာရေးစစ်ဆေးခြင်းကို ပြုလုပ်မည်မဟုတ်ပါ။ သင့်တွင် မေးမြန်းစရာရှိလျှင် နောက်တစ်ကြိမ်ချိန်းဆိုမှုအထိ စောင့်စရာမလိုပေ။

သင်ဘာတွေ သိထားသင့်ပါလဲ။

အာက်ပါတို့သည် သင်သိထားသင့်သော အကြောင်းအရာအချို့ဖြစ်ပါသည်။

ကာကွယ်ဆေးထိုးရန် ပျက်ကွက်သွားခြင်း

သင့်ကလေးသည် ကာကွယ်ဆေးတစ်ခေါက်ထိုးရန်လွတ်သွားပါက စိတ်ပူရန်မလိုပါ။ ဆရာဝန်မှ လွတ်သွားသည့် အခေါက်အတွက် ပြန်ထိုးပေးရန်စီစဉ်ပါလိမ့်မည်။ သင့်ကလေးတွင် အဖျားအနည်းငယ်ရှိပြီးအအေးမိနေလျှင်လည်း သင့်ကလေးကို ကာကွယ်ဆေးထိုးပေးနိုင်ပါသည်။ သင့်ကလေးတွင် အောက်ပါအချက်များဖြစ်ပါက ဆရာဝန်ကို မေးမြန်းပါ။
• အဖျားကြီးပြီး အခြားရောဂါများရှိလျှင်
• ခုခံအားစနစ်မကောင်းလျှင်၊ ခုခံအားစနစ်အားနည်းလျှင် သို့မဟုတ် သင့်ကလေးသည် ခုခံအားစနစ်ကို ထိခိုက်စေသော ဆေးများသောက်နေရလျှင်
• တက်လျှင်
• လွန်ခဲ့သည့် သုံးလတွင် နှစ်ပတ်အတွင်း စတီးရွိုက်ဆေးအများကြီးသောက်ရလျှင်
• လွန်ခဲ့သည့်အခေါက် ကာကွယ်ဆေးထိုးစဉ်က အဖျားကြီးခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ အလွန်အကျွံငိုခြင်းများဖြစ်ခဲ့လျှင်

သင့်ဆရာဝန်မှ အထူးညွှန်ကြားသည်မရှိလျှင် နေ့မစေ့ ပေါင်မပြည့်ဘဲမွေးဖွားသော ကလေးများသည် ပုံမှန်ကလေးများကဲ့သို့ပင် ကာကွယ်ဆေးကို ထိုးသင့်သည်။

နို့နှင့် အာဟာရဖြည့်စွက်စာ

နွားနို့သည် ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် အလွန်ကောင်းသောနို့ရည် ဖြစ်သော်လည်း၊နွားနို့တွင် မွေးကင်းစကလေးများအတွက် လိုအပ်သော အာဟာရဓါတ်များ မပါဝင်ပါ။ နွားနို့တွင် ဆားဓါတ်နှင့် ပရိုတင်းဓါတ်ကြွယ်ဝစွာ ပါဝင်ပြီး ကလေး၏ ကျောက်ကပ်အတွက် မကောင်းပါ။
နွားနိုတွင် သံဓါတ်မပါပါ။ ထို့အပြင် အူအတွင်းပိုင်း သွေးယိုခြင်းကို ဖြစ်စေသည်။ မိခင်နို့နေရာတွင် အခြားနို့တစ်ခုခုနှင့် အစားထိုးရန်တွေးနေပါက ကလေးအတွက် ထိုအရာများကို ခံနိုင်ရည်ရှိသော အသက်တစ်နှစ် ပြည့်သည်အထိ စောင့်ဆိုင်းပါ။
အသက် တစ်လမှ သုံးလအချိန်တွင် ကလေးများသည် တစ်နေ့လျှင် တစ်ကြိမ်ထက်နည်း ၍ ဝမ်းသွားခြင်းသည် ပုံမှန်ဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ သူတို့ အစားပိုစားလာပြီး သူတို့၏ အစာခြေစနစ်များပို အလုပ်လုပ်လာသော်လည်း ပြန်လည်စွန့်ထုတ်သည်က နည်းသည်။ မိခင်နို့စို့သော ကလေးများတွင် ပုံမှန်ထက်ပို၍ ဝမ်းသွားနိုင်သည်။ ထိုအရာသည် ပုံမှန်ဖြစ်သည်။ မိခင်နို့သောက်သော ကလေးများသည် ဝမ်းချုပ်ခြင်း ဖြစ်ခဲသည်။

ကျွန်ုပ်၏ စိုးရိမ်ပူပန်မှု

အောက်ပါတို့သည် သင်စိုးရိမ်ပူပန်နေနိုင်သော အကြောင်းအရာတစ်ချို့ဖြစ်ပါသည်။

သင့်ကလေးကို အိပ်ရာထဲတွင် ချထားပါ။

အမေအများစုသည် ကလေးကို နို့တိုက်ရင်း အိပ်မပျော်စေရန်ကြိုးစားကြသည် သို့မဟုတ် ကလေး နို့စို့ ပြီးအိပ်နေချိန်တွင် နှိုးရန်ကြိုးစားကြသည်။ ကလေးနိုးနေလျင် အိပ်ရာထဲတွင် ချထားသင့်သည်။ သို့ဆိုလျှင် နို့ဖြတ်ပြီးနောက်ပိုင်းတွင် ကလေးထိန်းမလို၊ နို့ဘူးတိုက်ရန်မလိုဘဲ ကလေးက သူ့ဘာသာအိပ်တတ်သွားနိုင်သည်။ သင့်ကလေး ၆ လမှ ၉ လသို့ရောက်သည့် အခါ ထိုသို့ပြုလုပ်ပေးခြင်းခြင့် အိပ်သည့်အခါ နို့ဘူးသို့မဟုတ် မိခင်နို့တိုက်ရခြင်းကို နည်းလာစေရန် လေ့ကျင့်ပေးနိုင်သည်။

ကလေးနှင့် တစ်ခန်းထဲတွင် နေခြင်း

ပထမလနှင့် ဒုတိယလတွင် ကလေးကို ပြုစုစောင့်ရှောက်ရသည့်အတွက် အလုပ်ရှုပ်နေနိုင်ပါသည်။ အချို့မိဘများသည် ကလေးကို တစ်ခန်းထဲထားခြင်းအားဖြင့် အဆင်ပြေသည့်အချိန်တွင် ကလေးအတွက် အချိန်ပေးနိုင်ကြသည်။ တစ်ခန်းထဲမထားလိုလျှင် ကလေးအသက် ၂ လမှ ၄ လအထိရောက်ရန်စောင့်ပြီးမှ အခန်းခွဲပါ။ ထိုအချိန်နောက်ပိုင်းတွင် ကလေးကို တစ်ခန်းထဲထားလျှင် အောက်ပါပြဿနာများဖြစ်နိုင်ပါသည်။

• ကလေးသည် အရင်ကထက် အအိပ်နည်းလာသည်။ တစ်ခန်းထဲတွင် ရှိသည့်အခါ ကလေးကို ချီပြီး ချော့ရသည့် အချိန်ပိုများလာသည်။ အိပ်နေချိန်တွင်လည်း ကလေးက ဆူဆူညံညံလုပ်နေနိုင်သည်။ ကလေးများသည် ချက်ချင်းပြန်အိပ်ပျော်သွားတတ်သော်လည်း ကလေးအသံပေးသည့်အတွက် သူ့ကို ကောက်ချီလိုက်ပါက ကလေးပြန်အိပ်ရန်နှောင့်ယှက်မိနိုင်သည်။
• မိဘများအိပ်ရေးပျက်နိုင်သည်။
• ကလေးဘေးမှာရှိနေခြင်းဖြင့် သင့်အဖော်နှင့် အတူနေချိန်နည်းသွားနိုင်သည်။

သင့်ကလေးကို အခြားကလေးတစ်ယောက်နှင့် အတူထားပါက ကလေးနှစ်ယောက်၏ အိပ်တတ်သည့် အလေ့အထပေါ်တွင် မူတည်၍ အိပ်သည့် ပုံစံပြောင်းသွားနိုင်ပါသည်။ တစ်ယောက်နိုးနေသည့်အချိန်တွင် နောက်တစ်ယောက်ကို အိပ်အောင် ပြုလုပ်ရန်ခက်ပါသည်။ ကလေးအကြီးများကို အခြားတစ်နေရာစီစဉ်ပေးခြင်းဖြင့် ဆူညံခြင်းများနည်းစေနိုင်ပါသည်။

၁၅ ပတ်သားသို့ရောက်လာလျှင် ကလေးသည် မည်သို့ဆက်လက်ကြီးထွားလာမည်နည်း။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"
    ရင်းမြစ်များ

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ကိုဗစ်ဒုတိယလှိုင်းအတွက် တရားခံက ဘယ်သူလဲ။

    ကိုဗစ်ဒုတိယလှိုင်း ပြည်ပခရီးသွားရာဇဝင် ပြည်တွင်းကူးစက်မှု ပြည်တော်ပြန် နှာခေါင်းစည်းတပ် stay home လက်ဆေး ကာကွယ်ဆေး new normal life ခပ်ခွာခွာနေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    ခွေးရူးပြန် ကာကွယ်ဆေးနဲ့ ပတ်သက်လို့ မေးချင်နေလောက်မယ့် မေးခွန်းအချို့

    ခွေးရူးပြန် ကာကွယ်ဆေးဆိုတာ လူတွေကို ခွေးရူးပြန် ရောဂါကနေ ကာကွယ်ပေးမယ့် ဆေးပါ။ အကိုက်ခံရ ပြီးတာနဲ့ မြန်နိုင်သမျှ မြန်မြန် ထိုးထားဖို့ လိုပါမယ်။

    ရေးသားသူ Aye Thi Mon

    သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

    ခွေးရူးရောဂါပိုးက ရာနှုန်းပြည့်ကာကွယ်လို့ ရတဲ့ အရာပါ။ သိရှိမယ်။ ကာကွယ်ဆေးထိုးမယ်ဆိုရင် ထိခိုက်မှု လုံးဝမရှိဘဲ ကာကွယ်နိုင်မယ့် ကျန်းမာရေး ပြဿနာတစ်ခုပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    လမ်းဘေးခွေး အကိုက်ခံရတဲ့အခါ ဘယ်လိုအရေးပေါ်ပြုစုရမလဲ

    လမ်းဘေးခွေး ခွေးကိုက်ခံရခြင်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ကလေး မိသားစု ဗိုင်းရပ်စ်ပိုး ဒဏ်ရာ အနာ ပြုစုနည်း ဆပ်ပြာ ရေချိုး သန့်ရှင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    ပထမဆုံးသော COVID_19 ကာကွယ်ဆေး ထွက်ပေါ်လာတော့မလား။

    နိုဝင်ဘာလမှာ စတင်ဖြန့်ဖြူးတော့မယ့် တရုတ်နိုင်ငံရဲ့ COVID-19 ကာကွယ်ဆေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 2 mins read
    ကိုဗစ်ကာလမှာ လိုက်နာသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

    ကိုဗစ်ကာလမှာ လိုက်နာသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 2 mins read

    COVID-19 ဘယ်တော့ အဆုံးသတ်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 13, 2020 . 2 mins read
    ကိုဗစ် ပထမလှိုင်း နဲ့ ဒုတိယလှိုင်း နှိုင်းယှဉ်ချက်

    ကိုဗစ် ပထမလှိုင်း နဲ့ ဒုတိယလှိုင်း နှိုင်းယှဉ်ချက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 11, 2020 . 2 mins read