အပတ်လိုက်

၁၀ ပတ်သားကလေး

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ဖွံဖြိုးတိုးတက်မှုနှင့် အပြုအမူ

ကျွနု်ပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။

သင့်ကလေးက ညဆိုရင် တောက်လျောက်အိပ်ပြီး အိပ်ချိန်က ၅ နာရီကနေ ၆ နာရီကြာတယ်ဆိုလျှင် သင်ဟာ ကံကောင်းတဲ့အမေ အနည်းငယ်ထဲမှာပါဝင်ပါတယ်။ ၁၀ ပတ်သားကလေးအများစုက ညဆိုရင် မကြာခဏအိပ်ရာနိုးတတ်ပါတယ်။ ဒါပေမယ့် သင့်ကလေးဟာ တစ်ညလုံးတောက်လျှောက်မအိပ်ဘူး ဆိုရင်တောင်မှ သူအိပ်ပြီဆိုလည်း အကြာကြီးအိပ်ပါလိမ့်မယ်။ နိုးနေတဲ့အချိန်လည်းကြာပါလိမ့်မယ်။ အဲဒီလိုအချိန်တွေကြားမှာ အားပြန်ဖြည့်ဖို့သင်ခဏမှေးချိန်ရပါလိမ့်မယ်။ သင့်ကလေးဟာ ၂ နာရီကနေ ၄ နာရီလောက်အိပ်နေနိုင်ပြီး ၁၀ နာရီလောက်နိုးနေနိုင်ပါတယ်။ သင့်ကလေးက ညမအိမ်တတ်တဲ့ကလေးဖြစ်ဖြစ်၊ မနက်အစောကြီးနိုးတတ်တဲ့ကလေးဖြစ်ဖြစ် အဲဒီလို အိပ်တဲ့ပုံစံက သူ့ကလေးဘ၀တစ်လျှောက် ဖြစ်သွားပါလိမ့်မယ်။

ဒုတိယလရဲ့ ဒုတိယအပတ်မှာ သူတို့ဟာ-
• ငိုနေတာနဲ့စာလျင် နည်းလမ်းအမျိုးမျိုးနဲ့ အသံထွက်တတ်လာပါလိမ့်မယ်။
• အိပ်နေတဲ့အခါ ခေါင်းကို ၄၅ ဒီဂရီလောက် ထောင်နိုင်လာပါလိမ့်မယ်။

ကျွနု်ပ်၏ ကလေးငယ်ကို ဘယ်လိုကူညီထောက်ပံ့ပေးသင့်ပါသလဲ။

ကလေးနဲ့ ပြောဆိုဆက်ဆံနိုင်တဲ့နည်းလမ်းတွေဟာ မကုန်နိုင်ပါဘူး။ သင့်ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူရဖို့ အောက်ပါနည်းလမ်းတွေကို ကြိုးစားကြည့်နိုင်ပါတယ်။

  •  အမူအရာတွေကို ဖော်ပြပါ။ သူမသိပဲ နေရာမရွှေ့ပါနဲ့။ သူ့ကို အ၀တ်လဲနေတုန်း ပါးစပ်ကနေ တဆင့်ပြီးတစ်ဆင့်ပြောနေပေးပါ။ အခု သေးခံအ၀တ်လေးဝတ်လိုက်ပြီနော်၊ အခု သားလေးအတွက် အကျီင်္ကြယ်သီးတပ်ပေးနေတာနော် စသည်ဖြင့် ပြောပေးပါ။ ရေချိုးနေတုန်းလည်း ဆပ်ပြာနဲ့တိုက်တာ၊ ခေါင်းလျော်ရည်နဲ့ခေါင်းလျော်တာတွေက သူ့ကို သန့်ရှင်းအောင်လုပ်ပေးနေတယ်ဆိုတာကို ပြောပြပေးနေပါ။ အဲဒီလို စကားတွေပြောနေပေးတာဟာ သူ့ကို စကားပြောလာအောင်ကူညီပေးတာဖြစ်သလို၊ သင်ပြောတာကို နားထောင်တတ်အောင် သင်ပေးနေတာလည်းဟုတ်ပါတယ်။ သူ့ပတ်ဝန်းကျင်မှာဖြစ်နေတာတွေကို သတိပြုမိအောင် သူ့ကို ကူညီပေးနေတာလဲဟုတ်ပါတယ်။
  •  မေးခွန်းတွေ များများမေးပါ။ သူတို့ဖြေနိုင်တဲ့အထိမစောင့်ပါနဲ့။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့ လေ့လာသင်ယူနိုင်စွမ်းကို အားပေးသလို ပတ်ဝန်းကျင်ကို သတိထားမိလာအောင်လည်း လုပ်ပေးနိုင်ပါတယ်။
  •  ကလေးအတွက် အခွင့်အလမ်းတွေဖန်တီးပေးပါ။ ကလေးတွေဟာ သူတို့ကို မိဘက စကားတွေပြောပေးရင် စကားမြန်မြန်ပြောတတ်နိုင်တယ် လို့ လေ့လာမှုတွေကပြောပါတယ်။ သင့်ကလေးကို သင်နဲ့အတူ ကူကူး၊ တူတူရေ၀ါး၊ စတဲ့အသံတွေ လိုက်ပြောနိုင်အောင် လုပ်ပေးပါ။
  •  ကလေးကို စကားပြောတဲ့အခါ မေးခွန်းရိုးရိုးလေးတွေမေးပေးပါ။
  •  သင့်ကလေးရဲ့ဖွံ့ဖြိုးလာမှုအတိုင်း ကိစ္စတော်တော်များများမှာ သူ့ကို ပါဝင်ခွင့်ပေးပါ။ ဘယ်လိုအရာတွေမှာ သူ့အင်အားနဲ့အဆင်ပြေနိုင်တယ်ဆိုတာကို သတိပြုမိအောင်နေပါ။
  •  သင့်ကို အတုခိုးပြီး လုပ်ဆောင်နို်င်တဲ့အခါ သူ့ကို ချီးကျူးဖို့ မမေ့ပါနဲ့။
  •  သံစဉ်တေးသွားတွေ ဆိုပြပါ။
  •  ကလေးအတွက် စာကျယ်ကျယ်ဖတ်ပြပါ။
  •  သင်ပြောနေတာတွေကို စိတ်မ၀င်စားတော့ရင် မျကိလုံးမှိတ်ထားတာတို့၊ ငိုတာတို့ စိတ်တိုတာတို့  စသည်ဖြင့် သူပြတတ်တဲ့ အရိပ်အကဲတွေကို မှတ်ထားပါ။ အဲလိုအချိန်မှာ သူ့ကို ခဏအနားပေးသင့်ပါတယ်။

ကျန်းမာရေးနှင့် ဘေးကင်းမှု

ဆရာဝန်နှင့် ဘာတွေ တိုင်ပင်ဆွေးနွေးသင့်ပါသလဲ။

ဆရာဝန်တိုင်းမှာ ကလေးငယ်ရဲ့ကျန်းမာရေးကို စစ်ဆေးဖို့ သူ့နည်းလမ်းနဲ့သူ ရှိကြပါတယ်။ စစ်ဆေးမှုတွေဟာ ကလေးရဲ့ လိုအပ်ချက်ပေါ်လည်း မူတည်ပါတယ်။ ဒါပေမယ့် ကလေးကို စစ်ဆေးပြီးလျင် ဘာကျန်းမာရေးပြဿနာရှိလဲဆိုတာကို ဆရာဝန်နဲ့ ဆွေးနွေးပါ။

  • သင်၏ဆရာဝန်ကို သင်အလုပ်ခွင်ကို ပြန်ဝင်တော့မယ်ဆိုလျင် သင်နဲ့ သင့်ကလေးငယ်ရဲ့ လှုပ်ရှားဆောင်ရွက်ပုံတွေ၊ အိပ်တာ၊ စားတာ နဲ့ပတ်သတ်တာတွေ၊ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စောင့်ရှောက်မှုတွေကို အသိပေးထားပါ။
  •  သင်အလုပ်ခွင် ပြန်ဝင်ဖို့နဲ့ ပတ်သတ်လို့ သင့်ကျန်းမာရေး၊ ကလေးရဲ့ အပြုအမူ၊ နဲ့ ကလေးကို နို့တိုက်ဖို့ အဆင်မပြေမှာတွေ စိတ်ပူနေတယ်ဆိုရင် ဆရာဝန်နဲ့ မေးမြန်းဆွေးနွေးပါ။

ဘာတွေသိထားသင့်ပါသလဲ။

အောက်ပါတို့သည် သင်သိထားသင့်သော အကြောင်းများဖြစ်ပါတယ်။

အစာအထက်သို့ဆန်ခြင်း

အစာအထက်သို့ဆန်ခြင်း ဆိုတာက အစာအိမ်မှ အစာများနဲ့အက်ဆစ်များ အစာရေမျိုမှတဆင့် အထက်သို့ပြန်ဆန်တက်ခြင်းကို ခေါ်ပါတယ်။ ကလေးကို အစာကျွေးပြီးလျှင် နို့တွေ ထွက်ကျတာ၊ ပြန်အန်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တာဟာ ကလေးတွေတိုင်းမှာ ပုံမှန်ပါပဲ။ ကလေးတွေရဲ့ ၅၀ ရာခိုင်နှုန်းက နေ့တိုင်း အဲဒီလိုပဲ ပြန်အန်တတ်ကြပါတယ်။ အဲဒီလို အခြေအနေက ခဏလေးပဲဖြစ်တတ်တဲ့အတွက် ကလေးကို အန္တရာယ် မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် နို့တွေအများကြီး ပြန်အန်ပြီး အကြိမ်ရေအများကြီး အန်မယ်ဆိုရင်တော့ အစာအထက်သို့ဆန်ခြင်း ဖြစ်လို့ အစာအိမ်မှာ ပြသနာရှိနေနိုင်ပါတယ်။ အစာအထက်သို့ဆန်ခြင်းဖြစ်တယ်ဆိုရင် အစာစားတဲ့အချိန်မှာ နာကျင်တာ မသက်မသာဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။ ပြင်းထန်မယ်ဆိုရင် ချောင်းဆိုးတာနဲ့ ကိုယ်အလေးချိန်မတက်တာတွေ ဖြစ်နိုင်ပါတယ်။

ဘာဖြစ်လို့ သင့်ကလေးမှာ အဲဒီလိုဖြစ်တာပါလဲ။

အဓိကကတော့ ကလေးရဲ့ အစာရေမျိုကကြွက်သားတွေ အလုပ်သိပ်မလုပ်လို့ ဖြစ်ပါတယ်။ ကလေးအများစုမှာ အစာရေမျိုအောက်ပိုင်းက အားနည်းတဲ့အတွက် အစာတွေကို အစာအိမ်ထဲမှာမထိန်းသိမ်းထားနိုင်ပါဘူး။ လေတွေ မျိုချထားတာများမယ်၊ အစားတွေစားထားတာ များမယ် ဆိုရင် ပြန်အန်ထွက် နိုင်ပါတယ်။

ဘယ်လို ရောဂါကို သိနိုင်ပါသလဲ။

သင့်ကလေးငယ် ရဲ့ အစာရေမျိုထဲကို အက်ဆစ်တိုင်းတာတဲ့ ကိရိယာကို သုံးပြီး အစာပြန်အထက်သို့ ဆန်တာနဲ့ အက်ဆစ်ကို တိုင်းနိုင်ပါတယ်။ အခြားနည်းလမ်းအနေနဲ့ ဓာတ်မှန်လည်းရိုက်နိုင်ပြီး ပိုက်နဲ့ထည့်ပြီး မှန်ပြောင်းကြည့်လို့လည်း ရပါတယ်။

အစာအထက်သို့ ဆန်ခြင်းကို ဘယ်လို ကုသလို့ရပါသလဲ။

အစာရေမျိုကြွက်သားတွေ သန်မာလာတဲ့အခါ သူ့အလိုလိုပျောက်သွားနိုင်ပါတယ်။ သင့်ကလေးဟာ နို့မှုန့်တိုက်တဲ့ကလေးဆိုရင် ဓာတ်မတည့်တာအဖြစ်နည်းအောင် ပဲနို့နဲ့ အခြားနို့တွေ ပြောင်းတိုက်ဖို့ ဆရာဝန်က ညွှန်ကြားနိုင်ပါတယ်။ ကလေး ဗိုက်အရမ်းမပြည့်အောင် အစားကို အချိန်ခွဲပြီး ခဏခဏကျွေးလို့ရပါတယ်။ အချို့လေ့လာမှုတွေမှာ နို့မှုန့်ထဲကို ကွေကာအမှုန့်ထပ်ထည့်ကျွေးရင် ပိုပျစ်လာတဲ့အတွက် အစာတွေပြန်တက်တာကို ကာကွယ်နိုင်မယ်လို့ ဖော်ပြထားပါတယ်။
အစာကျွေးတဲ့အချိန်မှာ ကလေးခေါင်းကို ၃၀ ဒီဂရီထောင်ထားပြီး ပြီးလည်းကျွေးနိုင်ပါတယ်။သင့်ကလေးက မကြာခဏလေတက် တတ်သော်လည်း ဒီနည်းလမ်းကို သုံးခြင်းဖြင့် အစာပြန်ဆန်တက်တာကို သက်သာစေပါတယ်။ ဆရာဝန်ကနေ အက်ဆစ်ထွက်တာနည်းအောင် ဆေးတိုက်နိုင်ပါတယ်။ တိုက်တဲ့ဆေးတွေက လူကြီးတွေမှာ အက်ဆစ်အထွက်များတဲ့အခါသောက်ရတဲ့ဆေးနဲ့တူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်က မညွှန်ကြားပဲနဲ့ ကလေးကို ဆေးမတိုက်ပါနဲ့။

ဘေးစောင်းခြင်းနဲ့လှိမ့်ခြင်း

ဒီအချိန်မှာ ကလေးဟာ ဘေးစောင်းဖို့နဲ့ ဘေးကို လှိမ့်နို်င်ဖို့ သင်ယူနေပါတယ်။ ဘေးကို လိမ့်နို်င်ဖို့ လည်ပင်းနဲ့လက်မောင်းတွေ သန်မာလာဖို့လိုတဲ့အတွက် ကလေးက အနည်းဆုံးတစ်လကျော်မှ လုပ်လို့ရပါလိမ့်မယ်။
သင့်ကလေးဟာ သူများထက်လှုပ်ရှားတက်ကြွရင် သင့်ကလေးကို အိပ်ရာပေါ်မှာ တစ်ယောက်ထဲအိပ်ခိုင်းထားဖို့၊ အမြင့်တစ်နေရာရာမှာ မကြည့်ပဲထားထားဖို့ မလုပ်ပါနဲ့။ သူ့ဘာသာသူ လှုပ်ရှားတဲ့အတွက် ပြုတ်ကျနိုင်ပါတယ်။

စိုးရိမ်ပူပန်မှု

ဘာတွေ စိုးရိမ်ပူပန်နေပါသလဲ။

အောက်ပါတို့သည် သင်စိတ်ပူ နေနိုင်သော အချက်အချို့ဖြစ်ပါတယ်။

သွားရည်ကျခြင်း

သွားရည်ဂလင်းများဟာ ကလေးတွေ အမေကိုယ်ဝန်ထဲမှာကတည်းက စတင်အလုပ်လုပ်ကြပါတယ်။ ဒါပေမယ့် ကလေးတွေဟာ ဒီအရွယ်လောက်ရောက်မှ စပြီး သွားရည်ကျတတ်ပါတယ်။ ဒီအရွယ်မှာကလေးတွေဟာ သူတို့ပါးစပ်ထဲကို အရာတိုင်းကို ထည့်တတ်တဲ့အတွက် သွားရည်ထွက်တဲ့ပမာဏများပြီး သူတို့မျိုချနိုင်တာထက် ပိုတဲ့အတွက် အပြင်ကို စီးကျတာဖြစ်ပါတယ်။
ဒါပေမယ့် သွားရည်ကျတာဟာ သင့်ကလေးငယ် သွားပေါက်တာ့မယ်လို့ ပြတာမဟုတ်ပါဘူး။ ပထမဆုံးသွားစပေါက်ဖို့ နောက်ထပ် ၂ပတ်လောက်တော့ ထပ်စောင့်ရပါအုံးမယ်။ ကလေးတွေရဲ့ ပထမဆုံးသွားက ၄လကနေ ၇လအတွင်းမှာ စပြီး ပေါက်နိုင်ပါတယ်။ ကလေးက ကြီးထွားတာမြန်တယ်ဆိုရင် အသက် ၃ လလောက်မှာ သွားစပေါက်နိုင်ပါတယ်။
မိဘတွေက ကလေးသွားရည်ကျတဲ့အတွက် သွားရည်ခံတွေတပ်ပေးပါတယ်။ ဒါပေမယ့် အိပ်နေတဲ့အခါ ဖြုတ်ဖို့မမေ့ပါနဲ။ လည်ပင်းမှာရစ်ပတ်ပြီး လည်ပင်းအစ်တတ်ပါတယ်။ ကလေးတွေ အရုပ်တွေပေါ်၊ ပစ္စည်းတွေပေါ်ကို ကျတဲ့ သွားရည်တွေမှာ ရောဂါတွေကို ကာကွယ်နို်င်တဲ့ ပရိုတိန်းဓာတ်တွေပါပါတယ်။ အဲဒါကြောင့် အဲဒီလို ထိတွေ့ကစားနေတဲ့အတွက် နေမကောင်းဖြစ်မှာမပူပါနဲ့။

ကူကူးအသံပေးခြင်း

အစပိုင်းမှာ ကလေးတွေရဲ့ အသံထွက်ပုံက မသိသာသေးပါ။ နောက်ပိုင်းမှာတော့ အဲဒီလို အသံတွေဟာ သူဘယ်လိုအချိန်တွေမှာလုပ်တတ်တယ်ဆိုတာကို သင်သတိထားမိလာပါလိမ့်မယ်။ သင်သူ့ကို စကားပြောတဲ့အခါ၊ သူ့ကိုယ်သူ မှန်ထဲမှာပြန်မြင်ရတဲ့အခါ၊ မျိုးမှာ သူ့ဆီကနေ အဲဒီလိုအသံတွေကြားရပါလိမ့်မယ်။ အသံလေ့ကျင့်ခန်းတွေလုပ်တဲ့အခါ ကလေးက စိတ်လှုပ်ရှားပျော်ရွှင်နေရင် ပိုလွယ်ပါတယ်။
ဒီလိုဖြစ်စဉ်မှာ ကလေးတွေဟာ အသံတွေကို လုပ်ဖို့ လည်ချောင်း၊ ပါးစပ်နဲ့ လျှာကို ဘယ်လိုသုံးရတယ်ဆိုတာကို စမ်းသပ်သိရှိလာပါလိမ့်မယ်။ သုံးပတ်ခွဲလောက်မှာ စပြီး ရီမောတတ်လာပါမယ်။ အခြားအသံတွေကိုလည်း ထွက်တတ်လာပါလိမ့်မယ်။
သင့်ကလေးဟာ ဗျည်းအသံတွေကို အဆင့်အမျိုးမျိုးမှာ အသံထွက်နိုင်လာပါလိမ့်မယ်။ အချို့ကလေးတွေကတော့ သုံးလလောက်မှာ စပြီး အသံထွက်နိုင်ကြတယ်။ ငါးလ၊ ခြောက်လလောက်မှ စပြီး အသံထွက်နိုင်တဲ့ကလေးတွေလည်း ရှိပါတယ်။ ကလေးတွေ စပြီး အသံထွက်ဖို့ကြိုးစားတဲ့အခါ အသံတူတူစာလုံးကို ထပ်ခါထပ်ခါထွက်ပါလိမ့်မယ်။ နောက်တစ်ပတ်မှာ နောက်ထပ်အသံတစ်ခုကို ထပ်ထွက်နိုင်ပြီး ပထမအရင်က ပြောခဲ့တဲ့အသံကို မေ့သွားနိုင်ပါတယ်။ သူက အဲ့ဒီအချိန်မှာ အလုပ်တစ်ခုကိုပဲ လုပ်နိုင်လို့မေ့သွားတာပါ။ စိတ်ဝင်စားနိုင်တဲ့စွမ်းရည်ကျလို့တော့ မဟုတ်ပါဘူး။

ဒါဆိုရင် ၁၁ ပတ်ရောက်လျှင် ကလေးငယ် ဘယ်လိုဆက်ကြီးပြင်းလာမလဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ စကျတငျဘာ 11, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 11, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။