အပတ်လိုက်

တစ်ပတ်သားလေး

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ

ဘယ်လိုဖွံ့ဖြိုးလာလဲ

ခုအချိန်ဟာ သင့်ဘ၀ရဲ့အပျော်ရွှင်ဆုံးအချိန်တွေပါ။ ခုဆိုရင် သင်ဟာမိဘဖြစ်လာပြီး သင့်မိသားစုမှာ မိသားစုဝင်အသစ်ကလေး ရောက်လာပြီဖြစ်တာမို့ သင့်မွေးကင်းစကလေးလေးအပေါ်မှာပဲ အပြည့်အ၀အာရုံစိုက်ထားရမယ့်အချိန်ပေါ့။ သင့်ကလေးလေးကိုပဲ အချိန်ပြည့်ကြည့်နေမိပြီး ထိုအခိုက်အတန့်လေးတိုင်းကို မြတ်နိုးနေမိမှာပါ။ ကလေးလေးရဲ့မျက်လုံးမို့မို့အစ်အစ်လေးတွေ၊ မဆန့်နိုင်သေးတဲ့ခြေလက်ကွေးကွေးလေးတွေဟာ သဘောကျစရာကောင်းနေလောက်ပါတယ်။ ဒါတွေအကုန်လုံးကပုံမှန်တွေပါပဲ။ သင့်ဗိုက်ထဲမှာ ၉ လကြာအောင်နေခဲ့ပြီးနောက်မှာ ကလေးလေးအတွက် ခြေတွေလက်တွေ့ဆန့်ပစ်ဖို့ဟာ အချိန်လိုပါလိမ့်မယ်။ သူတို့ ၆ လသားလောက်ရောက်ရင် အပြည့်ဆန့်ထုတ်နိုင်သွားမှာပါ။
မွေးကင်းစကလေးပေါက်စလေးတွေရဲ့ ပျှမ်းမျှကိုယ်အလေးချိန်ဟာ ၃.၅ ကီလိုဂရမ်လောက်ဖြစ်ပြီး အရှည်ကတော့ ၅၀စင်တီမီတာလောက်ဖြစ်ပါတယ်။ အလေးချိန်ဟာ ၂.၅ မှ ၄.၅ ကီလိုဂရမ်ထိအမျိုးမျိုးရှိနိုင်ပြီး အရှည်ဟာလည်း ၄၈ မှ ၅၁ စင်တီမီတာထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချိုးအစားတွေအတိုင်းပဲ ကြီးလာမှာမဟုတ်တာကြောင့် ခုအချိန်အရွယ်အစားကို စိတ်မပူလည်းရပါတယ်။

သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

ဗိုက်ထဲမှာ ကိုးလကြာနေလာပြီးတဲ့အခါမှာ ခုသူ့အတွက် အရာအားလုံးနဲ့အကျွမ်းဝင်ဖို့ဆိုတာ ခက်ခဲနေပါသေးတယ်။ သူ့ရဲ့ကမ္ဘာအသစ်နဲ့ရင်းနှီးဖို့ အချိန်တွေလိုပါတယ်။ ဒါ့အပြင် သင့်ကလေးလေးတွေနွေးနေအောင် သူတို့ကိုစောင်လေးနဲ့ထွေးထားဖို့လည်း မမေ့ပါနဲ့။ ရင်ခွင်ထဲလည်း မကြာခဏပွေ့ချီပေးပါ၊ သင်နဲ့ထိတွေ့ရတာ၊ သင့်ကိုယ်ငွေ့ကို ခံစားရတာတွေဟာ သူတို့ကိုလုံခြုံတယ်လို့ ခံစားရစေပါတယ်။ သင့်နှလုံးခုန်သံကလည်း သူတို့ကိုချော့မြူပေးနိုင်ပါတယ်။

ကျန်းမာဖို့၊ လုံခြုံဖို့

ဆရာဝန်နဲ့ ဘာတွေဆွေးနွေးသင့်လဲ

မွေးလာပြီဆိုတာနဲ့ ကလေးလေးကို သူ့ကျန်းမာရေးနဲ့ ကြီးထွားလာမှုတွေအတွက် စစ်ဆေးစမ်းသပ်မှုတွေ အများကြီးပေးမှာပါ။ ကလေးမှာ အသားဝါနေလား၊ ပါးစပ်မှာမှိုတွေစွဲနေလားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးပါ။ ဒီရောဂါတွေဟာ ကလေးတော်တော်များများမှာ ဖြစ်တတ်နေတာ မှန်ပေမယ့် စိတ်ပူပေးဖို့လိုပါတယ်။ ဆရာဝန်ဆီခေါ်သွားပါ၊ စစ်ဆေးစမ်းသပ်ပြီး ကုသမှုခံယူပါ။

ဘာသိသင့်လဲ

မိခင်တစ်ယောက်ဖြစ်လာတာထက် ပိုပျော်စရာကောင်းတာ မရှိတော့ပါဘူး။ ကလေးလေးကို စောင့်ရှောက်ရင်း အပျော်နဲ့အတူ စိတ်ပူရတာ၊ စိတ်ဖိစီးရတာတွေလည်း ရှိလာမှာပါ။ တကယ်လို့ အဲ့လိုအခြေအနေတွေဖြစ်နေပြီဆိုရင်တော့ သင်သိထားသင့်တာတွေက-

သေးခံလဲခြင်း

ကလေးလေးအများစုအတွက် သေးခံလဲနည်းက အတူတူပါပဲ။ ဒါပေမယ့် တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ သင်နဲ့ သင့်ကလေး နှစ်ယောက်စလုံး အဆင်ပြေမယ့် နည်းလမ်းကိုရွေးချယ်သင့်ပါတယ်။ ပထမပိုင်းမှာ အဆင်မပြေမှုတွေ ကြုံနေရပေမယ့် နောက်ဆိုရင် အိပ်ချင်မူးတူးနဲ့ အခန်းမှောင်မှောင်ထဲမှာတောင် ကျွမ်းကျွမ်းကျင်ကျင်လဲပေးတတ်သွားမှာပါ။

ရေချိုးခြင်း

ကလေးလေးတွေကို နို့တိုက်ပြီး၊ သေးခံအဟောင်းစွန့်ပြီးချိန်မှာ ရေချိုးပေးနိုင်ပါတယ်။ နေ့တိုင်းချိုးပေးဖို့မလိုပါဘူး။ ပထမဆုံးရက်သတ္တပတ်တွေမှာဆိုရင် တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ်လောက် ချိုးပေးခြင်းဟာ လုံလောက်ပါတယ်။ ဒါပေမယ့် နူးညံ့တဲ့မျက်နှာသုတ်ပုဝါလေးနဲ့ မျက်နှာ၊ လည်ပင်း၊ လက်မောင်းတွေနဲ့ တင်ပါးလေးတွေကိုတော့ နေ့စဉ်သန့်စင်ပေးသင့်ပါတယ်။ ကလေးလေးက အရမ်းဂျီကျနေတတ်တယ်ဆိုရင်တော့ ညအိပ်ရာဝင်ခါနီးမှာ ရေချိုးပေးခြင်းက သူတို့ကိုကောင်းကောင်းအိပ်စေဖို့ ကူညီပေးနိုင်မှာပါ။

ခေါင်းလျှော်ခြင်း

ကလေးလေးတွေရဲ့ဆံပင်ကို နေ့တိုင်းပုံမှန်လျှော်ဖို့မလိုပါဘူး။ တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ်လောက်ဟာ အကောင်းဆုံးဖြစ်တယ်။ ကလေးဦးရေပြားက အဆီထွက်များတတ်တယ်ဆိုရင်တော့ ပိုလျှော်ပေးနိုင်ပါတယ်။

စိတ်ပူတာတွေ

ဘာတွေစိတ်ပူလဲ

ကလေးလေးကိုစောင့်ရှောက်ရတဲ့ ပထမဆုံးရက်သတ္တပတ်မှာ သင်အများကြီးတွေးစရာတွေရှိလာမှာပါ။ တစ်ခုက သင့်ကလေးလေးက အရမ်းအိပ်လွန်းတဲ့ကိစ္စဖြစ်နိုင်ပါတယ်။ သင့်လိုပဲ၊ သင့်ကလေးကလည်း မီးဖွားမှုဖြစ်စဉ်ကြီးကို ကြုံခဲ့ရတာဖြစ်တဲ့အတွက် သင်တို့နှစ်ယောက်စလုံးအတွက် ပင်ပန်းခဲ့ပါတယ်။ ဒါကြောင့် ပထမလမှာ ကလေးတွေဟာ များသောအားဖြင့် အိပ်နေတတ်ပါတယ်။ နောက်ပိုင်းမှ တဖြည်းဖြည်းနဲ့ အိပ်ချိန်နည်းနည်းလာပြီး ပိုဆော့လာမှာပါ။
ပထမဆုံးရက်သတ္တပတ်တွေမှာ ကလေးတချို့ဟာ တစ်ခါတလေ အန်တတ်ပြီး ခဏအသက်ရှူကြပ်တာမျိုးဖြစ်တတ်ပါတယ်။ အဆုတ်ထဲမှာ ချွဲ ဒါမှမဟုတ် အရည်တွေကြောင့်ဖြစ်တယ်။ ကလေးက တရွှီးရွှီးနဲ့အသက်ရှူနေတဲ့အခါ၊ ဒါမှမဟုတ် ပျို့သလိုဖြစ်တဲ့အခါမျိုးမှာ ကြောက်မသွားပါနဲ့၊ ဒါဟာ သူတို့အသက်ရှူလမ်းကြောင်းကို ရှင်းနေတာဖြစ်ပြီး ခဏကြာရင်ကောင်းသွားပါလိမ့်မယ်။

ပထမဆုံးရက်သတ္တပတ်ကို ဖြတ်သန်းလာခဲ့ပြီးပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။
နောက်တစ်ပတ်မှာလည်း သင့်ကလေးလေးက ဘယ်လိုဖွံ့ဖြိုးပြောင်းလဲဦးမလဲ ကြည့်လိုက်ရအောင်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဩဂုတျ 30, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 30, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။