အပတ်လိုက်

၇ပတ်သားကလေး

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ

ဘယ်လိုဖွံ့ဖြိုးလာလဲ

အသက်တစ်ပတ်လောက်သာရှိစဉ်ကတည်းက သင့်ကိုမှီခိုလို့ရတယ်ဆိုတာ သိထားခဲ့တဲ့ သင့်ရင်သွေးလေးဟာ ခုဆိုရင် သင့်အသံထိမှတ်မိနေပါပြီ။ သူတို့မိဘတွေရဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ အသံကိုကြားရခြင်းဟာ အမိဝမ်းဗိုက်အပြင်ဘက်က ကမ္ဘာအသစ်ကြီးနဲ့ လိုက်လျောညီထွေဖြစ်လာအောင် ကူညီပေးနိုင်တာမို့ သူတို့တစ်ယောက်ထဲမဟုတ်ကြောင်း သူတို့သိပါစေ။ စကားများများပြောပေးလေလေ ကောင်းလေပါပဲ။ သင်ပြောတာတွေနားမလည်ပေမယ့် သင့်ချစ်ခြင်းမေတ္တာတွေကိုတော့ ကျယ်ကျယ်လောင်လောင်ရှင်းရှင်းလင်းလင်းကို ကြားနေသိနေပါတယ်။
ဒီအချိန်မှာဆိုရင် သင့်ကလေးလေးတွေဟာ
• မှောက်နေရင်း သူတို့ခေါင်းကို ၄၅ဒီဂရီလောက်ထိ မြှောက်နိုင်လာပါတယ်။
• ငိုတာအပြင် တခြားအသံလေးတွေလုပ်နိုင်လာတယ် တအီအီတအဲ့အဲ့လုပ်တာမျိုးပေါ့
• သင်ပြုံးပြရင် ပြန်ပြုံးပြတတ်လာပါတယ်။

သူ့ကိုဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

ဒီရက်သတ္တပတ်မှာဆိုရင် သင့်ကလေးလေးဟာ နေ့ဘက်တွေမှာ ပိုနိုးကြားလာပါပြီ။ ဒီအချိန်တွေမှာ သီချင်းဖွင့်ပေးခြင်း၊ သားချော့တေးဆိုပြခြင်းဆို့ဖြင့် သူတို့ရဲ့အာရုံတွေ ဖွံ့ဖြိုးလာအောင် ကူညီပေးနိုင်ပါတယ်။ ဘာမှနားမလည်ပေမယ့် သင်သီချင်းဆိုတာကို ပြန်တုံ့ပြန်ပါလိမ့်မယ်။ ကလေးသီချင်းတွေချည်းဆိုစရာမလိုပါဘူး၊ ပေါ့ပ်အမျိုးအစားမှ ဂန္တ၀င်တေးသွားတွေထိ အမျိုးမျိုးဆိုနိုင်ပြီး ဘယ်ဟာကိုကလေးကပိုစိတ်ဝင်စားလည်းဆိုတာ ကြည့်နိုင်ပါတယ်။ သူတို့စိတ်ဝင်စားတဲ့အခါ ရွှင်မြူးဟန်ပြမယ်၊ ပါးစပ်လေးလှုပ်စိလှုပ်စိလုပ်နေမယ်၊ လက်ကားယား ခြေကားယားလိုက်လုပ်နေပါလိမ့်မယ်။ သင့်ရင်သွေးလေးဟာ ခုဆိုရင် သင့်အသံကိုမှတ်မိနေပါပြီ။ သူတို့မိဘတွေရဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ အသံကိုကြားရခြင်းဟာ အမိဝမ်းဗိုက်အပြင်ဘက်က ကမ္ဘာအသစ်ကြီးနဲ့ လိုက်လျောညီထွေဖြစ်လာအောင်နဲ့ သူတို့ဟာ တစ်ယောက်ထဲမဟုတ်ဘဲ တခြားလူတွေနဲ့တူတူရှိနေတယ်ဆိုတာကို သိစေပါတယ်။ ဒါကြောင့်တတ်နိုင်သလောက်စကားပြောပေးပါ၊ နားမည်ပေမယ့် သူ့ဘေးမှာသင်အမြဲရှိနေတယ်ဆိုတာနဲ့ သင့်ရဲ့အမြဲဖိတ်ယိုစီးနေတဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားသိနိုင်ပါတယ်။

ကျန်းမာဖို့၊ လုံခြုံဖို့

ဆရာဝန်နဲ့ဘာတွေဆွေးနွေးသင့်လဲ

သင့်ကလေးရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဆရာဝန်ကရက်ချိန်းပေးစစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပါတယ်။ ဒါပေမယ့် ခုအချိန်မှာ ဆေးခန်းသွားပြခဲ့ရင်တော့ ဒီအရာတွေ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
• ကလေးငယ်အတွက်စားသောက်မှု၊ အိပ်စက်မှု၊ ဖွံ့ဖြိုးမှုတွေနဲ့ပတ်သတ်လို့ လိုက်နာရမည့်အချက်များ၊ ကလေးအန္တရာယ်ကင်း လုံခြုံဖို့အတွက် အကြံဥာဏ်များ။
• ကလေးကာကွယ်ဆေးထိုးရာမှ ရရှိလာနိုင်ချေရှိသည့် တုံ့ပြန်မှုများ

ဘာသိသင့်လဲ

သင်သိထားသင့်သောအချက်တချို့ကတော့-

ကလေးဝက်ခြံ

ကြားရတာထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် တစ်နှစ်အောက်ကလေးတွေမှာလည်း ၀က်ခြံပေါက်နိုင်ပါတယ်။ ၄၀ ရာခိုင်နှုန်းလောက်သော ကလေးတွေမှာ အဖြစ်များပြီး ၂ပတ်၊၃ပတ်သားလောက်မှာ စတတ်ကာ ကလေး ၄လ၊ ၆လအရွယ်လောက်ထိ ကြာတတ်ပါတယ်။ ဟော်မုန်းတွေကြောင့်ဖြစ်ပြီး၊ ထိုမိခင်ဆီကရတဲ့ ဟော်မုန်းတွေဟာ ကလေးတွေရဲ့ ချွေးဂလင်းတွေကိုသွားလှုံ့ဆော်တဲ့အတွက်ကြောင့် အဖုလေးတွေပေါက်လာရခြင်းဖြစ်တယ်။ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ မွေးကင်းလေးတွေရဲ့ ချွေးပေါက်တွေဟာ ကောင်းစွာမဖွံ့ဖြိုးသေးတာကြောင့် ဖုန်တွေနဲ့ထိတွေ့တဲ့အခါ အလွယ်တကူထိခိုက်စေခြင်းဖြစ်တယ်။ ၀က်ခြံကို နေ့စဉ်နှစ်ကြိမ် သုံးကြိမ်ခန့်ရေသန့်နဲ့ဆေးပြီး ပြန်ခြောက်သွေ့စေပါ၊ လအနည်းငယ်ကြာရင် အမာရွတ်မကျန်ဘဲ လုံးဝပျောက်ကင်းသွားပါလိမ့်မယ်။ ၀က်ခြံမညှစ်လိုက်ပါနဲ့၊ တကယ်လို့ကလေးအသားအရေအတွက် သိလိုသည်ရှိပါက ဆရာဝန်နှင့်သာတိုင်ပင်ပါ။

အသားရောင်ပြောင်းလဲခြင်းများ

ကလေးငယ်ရဲ့အသားအရေအရောင် ပြောင်းလဲမှုဟာ တခါတရံအံ့သြစရာပင်ကောင်းပါတယ်။ သူတို့လေးတွေရဲ့ ကောင်းစွာမဖွံ့ဖြိုးသေးတဲ့ သွေးလှည့်အဖွဲ့အစည်းစနစ်ကြောင့် ကလေးငယ်ရဲ့ကိုယ်တစ်ဝက်လောက်မှာ သွေးတွေပုံနေတတ်ပါတယ်။ ဒါကြောင့် အသားအရောင် ခေတ္တပြောင်းလဲနိုင်ပြီး ခဏလေးအတွင်းမှာပဲ သာမန်အသားအရောင်ပြန်ရပါတယ်။

ကလေးငယ်လုံခြုံမှု

ဒီအချက်တွေကိုအမြဲသတိပြုနေပါ!
• ကလေးကိုအနှီးလဲတဲ့နေရာမှာ၊ အိပ်ရာပေါ်မှာ၊ ခုံပေါ်မှာ၊ ဘယ်နေရာမှာဖြစ်ဖြစ် စကန့်ပိုင်းလေးမျှတောင် တစ်ယောက်ထဲလွှတ်မထားပါနဲ့။
• အိမ်မွေးတိရိစ္ဆာန်များနှင့်လည်း တစ်ယောက်ထဲရှိမနေပါစေနဲ့
• ငါးနှစ်အောက်ငယ်သော မောင်နှမဖြစ်သူနှင့်လည်း နှစ်ယောက်ထဲရှိမနေပါစေနဲ့
• ၁၄ အောက်ငယ်သောကလေးထိန်း သို့မဟုတ် သင်သေချာမသိသော ကလေးထိန်းတစ်ယောက်နှင့်လည်း ကလေးကိုလွှတ်မထားပါနဲ့
• ဆော့ကစားသောအနေဖြင့်တောင် ကလေးကိုပြင်းပြင်းထန်ထန်လှုပ်ခါခြင်း၊ လေထဲပစ်မြှောက်ခြင်း မပြုလုပ်ပါနဲ့
• သင်ဈေးဝယ်သွားချိန်၊ လမ်းလျှောက်ထွက်ချိန်၊ ကစားကွင်းထဲမှာထိုင်နေချိန်တွေမှာ ကလေးကိုမျက်စိအောက်မှ အပျောက်မခံပါနဲ့
• ကလေးပေါ်မှာဖြစ်စေ၊ ကလေးရဲ့အရုပ်တွေမှာဖြစ်စေ ကြိုးတွေရှိမနေပါစေနဲ့
• အကာအရံမရှိသော ပြတင်းပေါက်လိုနေရာမျိုးမှာ သူတို့အိပ်နေသည်ဖြစ်ပါစေ စကန့်ပိုင်းလေးတောင်မှမထားပါနဲ့။

စိတ်ပူတာတွေ

ဘာတွေစိတ်ပူလဲ

အနှီးထုတ်ခြင်း

ကလေးကိုဘယ်လိုအနှီးထုတ်ရမလဲ အတွေးများနေနိုင်ပါတယ်။ ကလေးတော်တော်များများဟာ အနှီးလေးနဲ့ထုတ်ထားပါက ပိုနေသာထိုင်သာရှိပြီး ပိုကောင်းကောင်းအိပ်ပျော်ပါတယ်။ ဒါဟာ လေထိုးလေအောင့်ခြင်းကိုလည်း သက်သာစေပါလိမ့်မယ်။ နောက်ပြီးကလေးတွေဟာ အနှီးထုတ်ခံထားရခြင်းကို နှစ်သက်ကျေနပ်ဟန်ပေါ်ပြီး ဟိုးအစကတည်းက အနှီးထုတ်ခံထားရလို့ တခါမှ စိတ်ရှုပ်ထွေးပုံမပေါ်ပါဘူး။ ကလေးရဲ့အခြေအနေနဲ့ အမူအကျင့်ပေါ်မူတည်ပြီး သင့်တော်မယ့် အနှီးထုတ်ခြင်းမျိုးရွေးချယ်နိုင်ပါတယ်။ ကလေးတွေဟာ ပိုပြီးလှုပ်ရှားလာတတ်ကြတဲ့အရွယ်ရောက်ရင် အနှီးထုတ်ဖို့မလိုတော့ကြောင့် အ၀တ်တွေကိုကန်ပစ်ခြင်းဖြင့် ပြောပါလိမ့်မယ်။ ဒီလိုအချိန်မှာတော့ အိပ်နေစဉ်အနှီးထုတ်ထားခြင်းဟာ အန္တရာယ်များပါတယ်၊ ကလေးကကန်ပစ်တဲ့ အ၀တ်စဟာကလေးရဲ့မျက်နှာနဲ့ လည်ပင်းတွေကိုပတ်သွားပြီး အသက်ရှူကြပ်စေနိုင်ပါတယ်။ ထို့အပြင် သူတို့ရဲ့ကြွက်သားလှုပ်ရှားမှုတွေကိုဟာ အဟန့်အတားဖြစ်စေနိုင်တဲ့အတွက် လှုပ်ရှားမှုများလာတဲ့ အရွယ်မှာတော့ အနှီးနဲ့မထုတ်ထားသင့်တော့ပါဘူး။

အပြင်ခေါ်သွားခြင်း

ကလေးကို အပြင်ခေါ်သွားတဲ့အခါ သေချာဝတ်ဆင်ပေးပြီး ရာသီဥတုဒဏ်မှ သေချာကာကွယ်ထားသင့်ပါတယ်။ ပိုအေးလာပါက အသုံးပြုလို့ရအောင် အ၀တ်ပိုလည်းသယ်ဆောင်သွားသင့်ပါတယ်။ အရမ်းအေးလွန်း၊ ပူလွန်း၊ စိုစွတ်လွန်းတဲ့အချိန်တွေမှာတော့ သင့်ကလေးကို အပြင်ခေါ်သွားတဲ့အချိန်ကို လျှော့ချထားသင့်ပါတယ်။ ရာသီဥတုသာယာနေပါစေ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။ အရေးကြီးဆုံးကတော့ ကားဖြင့်သွားသည်ဆိုပါက၊ ကလေးငယ်ကို ကလေးထိုင်ခုံမှ သေသေချာချာ ထိန်းထားဖို့ဂရုပြုပါ။

ခုနှစ်ပတ်မြောက်ရက်သတ္တပတ်ကို ဖြတ်သန်းလာခဲ့ပြီးပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။
နောက်တစ်ပတ်မှာလည်း သင့်ကလေးလေးက ဘယ်လိုဖွံ့ဖြိုးပြောင်းလဲဦးမလဲ ကြည့်လိုက်ရအောင်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ စကျတငျဘာ 11, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 11, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။