backup og meta

သင့်ကလေးက ဘယ်လိုနို့စို့သူလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးက ဘယ်လိုနို့စို့သူလဲ

    နို့စို့ခြင်းဟာ မိခင်ရော ကလေးပါ အတူတကွ ဆောင်ရွက်တဲ့ အရာ ဖြစ်တယ်။ နို့စို့နေစဉ် ပြုမူသမျှ ကလေးရဲ့ အပြုအမူတိုင်းကို ကြည့်ပြီး မွေးကင်းစလေးတွေကို နို့စို့တဲ့ ပုံစံအမျိုးမျိုး ခွဲနိုင်တယ်။ သီအိုရီတွေ အရတော့ Yale တက္ကသိုလ်ရဲ့ လတ်တလော လေ့လာမှုတွေ အရ ကလေးတွေရဲ့ နို့စို့ပုံစံ ၅ မျိုး ခွဲနိုင်ပါတယ်။ the Barracuda, the Excited-Ineffective, the Procrastinator, the Gourmet, the Rester တို့ ဖြစ်တယ်။ ကဲ …. သင့်ကလေးက ဘယ်လိုနို့စို့သူလဲ ဆိုတာ ဆန်းစစ်လိုက်ပါ။

    သင့်ကလေးက ဘယ်လိုနို့စို့သူလဲ

    သင့်ကလေးက ဘယ်လိုနို့စို့သူလဲ ဆိုတော့

  • အားမာန် အပြည့်နဲ့ ကလေးငယ် (The Barracuda)
  • အချိန်ကြာကြီး(မိနစ် ၂၀ ခန့်) အားနဲ့မာန်နဲ့ နို့သောက်နေမယ် ဆိုရင်တော့ သင့်သားသားလေး သို့ မီးမီးလေးဟာ barracuda အမျိုးအစားပဲဖြစ်တယ်။ ထိုပုံစံက ကလေးအတွက်လည်း ထိခိုက်စရာ မရှိသလို သင့်အတွက်လည်း အချိန်ကုန် သက်သာစေမှာပါ။ ဒါပေမယ့် ထိုကဲ့သို့ ဆက်တိုက် အချိန်ကြာနို့စို့ခြင်းက မိခင်ရင်သားကို နာကျင်မှုတော့ ဖြစ်စေနိုင်ပါတယ်။ နို့သီးခေါင်း ထိခိုက်ခြင်း၊ အနာတရ ဖြစ်ခြင်းတွေ ကာကွယ်ဖို့ကတော့ မိခင်က ကလေးငယ်ကို ပုံစံမှန်နဲ့ နို့စို့စေဖို့ အနေအထား ပြင်ပေးရမှာ ဖြစ်တယ်။ ရင်သား ရောင်ရမ်းလာပြီ ဆိုရင် နို့စို့နေတဲ့ပုံစံ ပြင်ရတော့မှာ ဖြစ်တယ်၊ ကလေးငယ်ကို ညင်သာစွာ ဂရုတစိုက် ဖယ်ပြီး အော်မယ်၊ ငိုမယ် ဆိုရင်တော့ ချိုလိမ် သို့ သင့်လက်သန်းလေးကို ခဏ အစားပေးထားနိုင် ပါတယ်။

    • ဆန္ဒရှိသလောက် မဖြစ်မြောက်သူ (The Excited-Ineffective)

    သင့်ကလေးငယ်က သူနို့စို့ရတော့မှာကို သိရင် အလွန်ကို ပျော်ရွှင်စိတ်လှုပ်ရှား နေပေမယ့် တကယ် နို့ရည် ရအောင် မသောက်တတ်ဘူးဆိုရင်တော့ ဒီအမျိုးအစားလို့ ပြောရတော့မှာ ပါပဲ။ ထိုအချိန်ဆိုရင်တော့ မကြာခင်မှာ မကျေမနပ် စိတ်ရှုပ်ထွေးစွာ အော်ဟစ်ငိုယိုခြင်းတွေလိုက်လာတော့မှာ အမှန်ပါပဲ။ ထိုကဲ့သို့ ဖြစ်လာရင်တော့ ကလေးကို အရင်ချော့ပါ၊ ပြီးမှ သူတို့ နိုးလာတဲ့ အချိန်မှာ နို့တိုက်ပါ၊ ဒါဆိုရင် နို့စို့ရဖို့စောင့်နေရင်း စိတ်လှုပ်ရှားနေမယ့် အချိန် တိုသွားပါလိမ့်မယ်။

  • လေးလေးပင်ပင်သမား (The Procrastinator)
  • ထိုအမျိုးအစားကတော့ နို့တိုက်ရအခက်ဆုံးလို့ပြောကြပါတယ်။ ထိုကဲ့သို့အမူအကျင့်ရှိတဲ့ကလေးလေးတွေကတော့ အများအားဖြင့်နို့စို့ဖို့ပျင်းနေ၊ ငိုက်နေတတ်တယ် ဒါမှမဟုတ် နို့စို့ရင်းငိုက်မြည်းနေတတ်ပါတယ်။ ဒီလိုကလေးမျိုးကိုတော့ လုံလောက်တဲ့အရေးကြီးအာဟာရတွေပုံမှန်ရနေဖို့ သေချာသတိထားနေရပါမယ်။ နို့စို့ဖို့အကျင့်ဖြစ်နေစေဖို့ နို့စို့ချိန်မဟုတ်ရင်တော့မှ သင့်ရင်သားနားမကြာခဏ ပုံမှန်ထားပေးရမယ်။ ဒါ့အပြင် အရမ်းအိပ်လွန်းနေရင် နှိုးဖို့လည်းလိုပါလိမ့်မယ်။

    • လျှာကဝေလေး(The Gourmet)

    ဒီလိုကလေးမျိုးကတော့ မေမေတို့ရဲ့ရင်သားနဲ့ဆော့ရတာနှစ်ခြိုက်ပြီး တကယ် နို့ရည် စသောက်ဖို့ အချိန်ကြာတဲ့အမျိုးအစားဖြစ်တယ်။ ဒီလိုဆိုပြီးတော့လည်း သူ့ကိုနို့စို့ဖို့ အတင်းတိုက်တွန်းလို့မရပါဘူး၊ စိတ်တိုသွားတတ်ပါတယ်။ ထိုအခြေအနေမျိုးဆိုရင်တော့ မိခင်ဟာစိတ်ရှည်စွာစောင့်ရပါလိမ့်မယ်။ သင့်ကလေးငယ်ကိုခဏလောက်ပျော်ပျော်ကြီးဆော့ပါစေ။

    • အနားယူသူ(The Rester)

    နောက်ဆုံးအမျိုးအစားကတော့ နားလိုက်၊ သောက်လိုက် အမျိုးအစားဖြစ်တယ်။ နို့စို့နေစဉ်မှာမိနစ်ပိုင်းသာစို့ပြီး ခဏရပ်သွားကာ ပြီးမှပြန်သောက်တာဖြစ်နိုင်ပါတယ်။ တချို့ကလေးတွေဆိုရင် နို့စို့နေစဉ်အိပ်ပျော်သွားပြီးမှ ခဏအကြာပြန်နိုးလာကာ ပြန်လည်သောက်သုံးတာမျိုးလည်းရှိပါတယ်။ ထိုအမျိုးအစားဆိုရင်တော့ ကလေးနို့သောက်ချိန်သတ်မှတ်ထားဖို့ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အဖြေကတော့စိတ်ရှည်ဖို့ပါပဲ၊ အချိန်ကြာလာပါက ဒီထက်ပိုမြန်လာပါလိမ့်မယ်။

    မိခင်တစ်ယောက်အနေနဲ့ မိမိကလေးငယ်ရဲ့ နို့သောက်သုံးမှုအမူအကျင့်ကိုနားလည်ထားခြင်းက သူတို့နို့စို့ခြင်းကိုကိုင်တွယ်ရလွယ်ကူစေသလို၊ သူတို့အမူအကျင့်ကိုလည်းသိရလွယ်လာစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement