backup og meta

မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 26/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက်

    မိခင်နို့တိုက်ကျွေးခြင်း ဟာ နို့မှုန့်တိုက်ကျွေးခြင်းထက် ပိုကောင်းတယ်ဆိုတာ လူအများစုက သိရှိပြီးသားပါ။ ဒါပေမဲ့ ကောင်းကျိုးဆိုတာ ဘယ်လိုဟာမျိုးတွေလဲ။ သင်သေချာမသိဘူးဆိုပါက မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက် ကို ကြည့်ရှုပေးပါ။

    မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက်

    မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက် ကတော့

    ၁။ ကျန်းမာတဲ့ ကလေးငယ်လေး ကိုရရှိပါမယ်။

    မိခင်နို့ တိုက်ကျွေးသော ကလေးငယ်တွေဟာ အဆုတ်ရောင်ရောဂါ၊ အအေးမိခြင်းနဲ့ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ အန္တရာယ်ရှိတဲ့ ဝမ်းလျှောခြင်းကဲ့သို့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေလည်း ဖြစ်နိုင်ခြေကို လျှော့ချပေးပါသေးတယ်။

    ၂။ နာတာရှည်ရောဂါ ဖြစ်နိုင်ခြေကို နည်းစေပါတယ်။

    မိခင်နို့ တိုက်ကျွေးမည်ဆိုပါက အမျိုးစား ၁ဆီးချို၊ ဝမ်းဗိုက်ရောဂါ၊ Crohn’s disease တို့ကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျော့နိုင်စေနိုင်ပါလိမ့်မယ်။

    ၃။ SIDS ဖြစ်နိုင်ခြေကို လျော့ချပေးခြင်း။

    SIDSဆိုတာ Sudden Infant Death Syndromeလို့ခေါ်ပါတယ်။ ယင်းရောဂါမှာ ကလေးငယ်ဟာ အိပ်နေရင်း သေသွားခြင်း ဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက SIDS ဖြစ်နိုင်ခြေကို ထက်ဝက် လျော့နည်းစေနိုင်မှာပါ။

    ၄။ ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးခြင်း။

    မိခင်နို့ဟာ ကလေးဘဝမှာ ဖြစ်တတ်တဲ့ တချို့ကင်ဆာတွေကို ကာကွယ်ပေးမှာပါ။ အမေတွေလည်း အကျိုးရှိမှာပါ။ နို့တိုက်ကျွေးတဲ့မိခင်တွေဟာ သွေးမဆုံးခင်ဖြစ်တတ်တဲ့ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာတို့ ဖြစ်နိုင်ခြေ နည်းပါတယ်။

    ၅။ သင့်ကလေးဟာ အကောင်းဆုံးကာကွယ်ဆေးတွေရရှိနိုင်ပါတယ်။

    လေ့လာချက်များအရတော့ နို့ရည်မှာ ရောဂါကာကွယ်ပေးတဲ့ဓာတ်တွေ အမြောက်အများပါဝင်တဲ့အတွက်ကြောင့် နို့ဘူးတိုက်တဲ့ ကလေးတွေထက် ရောဂါတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

    ၆။ ကလေးကို အေးအေးဆေးဆေး နေစေပါတယ်။

    အေးတဲ့ကလေးကို လူတိုင်းချစ်ကြပါတယ်။ မိခင်နို့မှာ ကလေးကို ငြိမ်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စေတဲ့ ပစ္စည်းတွေပါကြောင်း သက်သေပြပြီးပါပြီ။

    ၇။ ကလေးက လုံခြုံမှုရှိတယ်လို့ ခံစားရစေပါတယ်။

    မိခင်နို့တိုက်ကျွေးခြင်းဆိုတာ မိခင်နဲ့ ရင်သွေးကြားမှာ ခန္ဓာကိုယ်ခြင်း ထိကပ်နေဖို့ လိုပါတယ်။ အဲဒီထိကပ်ခြင်းဟာ မိခင်နဲ့ကလေးကြားမှာ ခိုင်မြဲတဲ့ဆက်ဆံရေးကို ဖြစ်ပေါ်စေပြီး ကလေးကို လုံခြုံတယ်လို့ ပိုပြီးခံစားရစေပါတယ်။

    ၈။ အဝလွန်ခြင်းဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

    နို့မှုန့်တွေဟာ ကလေးကိုယ်အလေးချိန်တက်ဖို့ ကူညီပေးပါတယ်။ နို့မှုန့်တွေက ကလေးရဲ့ ကိုယ်အလေးချိန်ကို လိုတာထက် ပိုတက်လာစေပါလိမ့်မယ်။ ဒါကြောင့် မိခင်နို့တိုက်ကျွေးက ကလေးရဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို လွယ်လွယ်နဲ့ ရစေမှာဖြစ်ပါတယ်။

    ၉။ မိခင်နို့က ကလေးရဲ့ ဉာဏ်ရည် ဖွံဖြိုးတိုးတက်ဖို့ ကူညီပေးပါတယ်။

    မိခင်နို့တိုက်ကျွေးခြင်းက နောက်ပိုင်းကလေးဘဝမှာ ဉာဏ်ရည်ဉာဏ်သွေးကောင်းခြင်း နဲ့ဆိုင်ပါတယ်။ ယင်းအကြောင်းအရာက လုံလောက်တဲ့ အကြောင်းအကျိုး ဆက်သွယ်မရှိသော်လည်း သင့်လျော်တဲ့ အကြောင်းအရာတစ်ခုပါ။

    ၁၀။ လှပတဲ့သွားတွေကို ပိုင်ဆိုင်စေပါမယ်။

    မိခင်နို့တိုက်ကျွေးခြင်းက နောက်အသက်ကြီးသွားတဲ့အခါ သွားပိုးစားနိုင်ခြေနဲ့ သွားထိန်းကွင်း တပ်နိုင်ရခြေကို လျော့ချပေးမှာပါ။

    ၁၁။ ကလေးမလေးတွေအတွက်ကတော့ ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးမှာပါ။

    မိခင်နို့ တိုက်ကျွေးခြင်းက ကလေးသည် မိန်းကလေးဖြစ်နေပါက အလွန့်အလွန်ကို အရေးကြီးပါတယ်။ မိခင်နို့တိုက်ကျွေးခံထားရတဲ့ မိန်းကလေးတွေဟာ သူတို့ရဲ့ဘဝတစ်လျှောက်မှာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၂၅% အထိလျော့နည်းနေမှာပါ။

    နို့ချိုတိုက်ကျွေးခြင်းဆိုတာ မိခင်ဘဝစတင်ဖို့ ကြီးကျယ်တဲ့ လမ်းစဉ်တစ်ခုပါ။ မိခင်ကောကလေးပါ အကျိုးရှိမှာပါ။ ဒါ့အပြင် မိခင်နို့ တိုက်ကျွေးခြင်းဟာ အဆင်ပြေလှပါတယ်။ ဘာကြောင့်လဲဆိုတော့ မိခင်နို့ဟာကလေးအတွက် အမြဲတမ်းသင့်တော်တဲ့ အပူချိန်မှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။

    လျှော့စျေးရယူရန် ကူပွန်

    သင်က
    • ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူ
    • ကိုယ်ဝန်ဆောင်မိခင်
    • နို့တိုက်မိခင်တစ်ယောက် ဖြစ်ပါသလား။
    ဒါဆိုရင်တော့ https://bit.ly/BRANDS_PROMO_OFFER  ကို ဖြည့်ပြီး ဘရန်း(စ်)  ကြက်ပေါင်းရည်   42ml (သို့မဟုတ်) 70 ml ၆ လုံးပါတစ်ကတ်ဝယ်ယူတိုင်း ၃၀၀၀ကျပ်တန် လျှော့စျေးရဖို့ ကူပွန်ရယူလိုက်ပါ။
    ကူပွန်တစ်စောင်ကို တစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 26/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement