backup og meta

ကလေးနို့တိုက်ခြင်း က မိခင်ကို ကိုယ်အလေးချိန်ကျစေသလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးနို့တိုက်ခြင်း က မိခင်ကို ကိုယ်အလေးချိန်ကျစေသလား

    ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးဖို့ ဆုံးဖြတ်ရာမှာ အမျိုးသမီးအတော်များများဟာ ကလေးငယ်တွေအတွက် နို့ချိုတိုက်ကျွေးခြင်းတွေရဲ့ အကျိုးကျေးဇူးတွေကို အဓိက ထားကြပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးငယ်တွေမှာ အိုင်ကျူမြင့်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ (သို့) ဓာတ်မတည့်ခြင်းနှုန်းတွေ လျော့နည်းခြင်းတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဒါ့ပြင် မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးမွေးအပြီးမှာ မိခင်တွေကို ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။ ကြာရှည်စွာ ကလေးနို့တိုက်ခြင်း ဟာ ကလေးငယ်တွေသာမက မိခင်တွေမှာလည်း အကျိုးကျေးဇူး ရှိစေနိုင်ပါတယ်။

    ကလေးနို့တိုက်ခြင်း ဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

    သင့်ကလေးကို နို့တိုက်ခြင်းဟာ အချိန်တွေ၊ အားအင်တွေ အများကြီး လိုအပ်ပါတယ်။ ဒါကြောင့် သူဟာ ကယ်လိုရီအမြောက်အမြားကို လောင်ကျွမ်းစေနိုင်ပါတယ်။ မိခင်နို့ ၃၀ မီလီလီတာကို ထုတ်ဖို့ ကယ်လိုရီ ၂၀ လောက် လိုအပ်ပါတယ်။ ၆၈ ကီလိုဂရမ် ရှိတဲ့ ပုံမှန်ကိုယ်အလေးချိန်ဝင် အမျိုးသမီးတစ်ယောက်အတွက် မိခင်နို့တိုက်ကျွေးခြင်းဟာ သူမကို တစ်နေ့ ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေပါတယ်။

    တစ်ချိန်တည်းမှာပဲ အိမ်အလုပ်ပေါ့ပေါ့ပါးပါး လုပ်ခြင်းဟာ ၂၄၆ ကယ်လိုရီ လောင်ကျွမ်းစေပြီး အေရိုးဗစ် ဆော့ကစားခြင်းကတော့ ၅၄၆ ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါတယ်။ မိခင်အသစ်တွေဟာ သူတို့ကလေးငယ် ဘဝရဲ့ ပထမဆုံး လတွေမှာ ပုံမှန် လေ့ကျင့်ခန်းလုပ်ဖို့ ပင်ပန်းနေတတ်ကြပါတယ်။ ဒါကြောင့် ကလေးနို့တိုက်ခြင်းဟာ ကိုယ်အလေးချိန်လျော့ကျဖို့ လွယ်ကူစေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

    ကိုယ်အလေးချိန်ကျဆင်းမှုကို မြန်ဆန်စေပါတယ်။

    မိခင်နို့တိုက်ကျွေးခြင်းဟာ အခြားနို့မှုန့်တိုက်ခြင်းထက် ကိုယ်အလေးချိန် ကျဆင်းမှုကို မြန်ဆန်စေပါတယ်။ ဒါပေမယ့် ဒါဟာ ကိုယ်ဝန်မဆောင်စဉ် ကိုယ်လုံးကို ပြန်ရဖို့ မြန်ဆန်တဲ့နည်းလမ်းတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်စဉ်မှာ ကိုးလတာကိုယ်အလေးချိန် တက်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တစ်ညတာအတွင်း ကိုယ်အလေးချိန်ကျဆင်းသွားဖို့ မဖြစ်နိုင်ပါဘူး။

    သင့်ကလေးငယ်ကို မိခင်နို့တိုက်ကျွေးနေစဉ်မှာ တစ်ပတ်မှာ ဝ.၅ ကီလိုဂရမ် (၁ပေါင်)  ကျဆင်းနိုင်ပါတယ်။ တကယ်လို့ ကိုယ်အလေးချိန် ကျဆင်းနှုန်း မြန်ဆန်နေပြီး ပိန်ပိန်လာခဲ့ရင် သင့်ဆရာဝန်က သင့်ကလေးငယ်ကို ကောင်းစွာ စောင့်ရှောက်နိုင်စေဖို့ အစာပို စားခိုင်းစေနိုင်ပါတယ်။

    ကိုယ်အလေးချိန်ကျတာက ဖြစ်သင့်တာထက် များနေရင်၊ မြန်နေရင် မိခင်ကျန်းမာရေး ထိ

    ကလေးနို့တိုက်ခြင်း က အာဟာရမျှတတဲ့ စားသုံးမှုကို ဖြစ်စေတယ်။

    ကလေးနို့တိုက်ခြင်းဟာ ကိုယ်အလေးချိန်ကျဆင်းခြင်းကို ဖြစ်စေတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ ကလေးနို့တိုက်နေတဲ့ မိခင်တွေဟာ သူတို့စားတဲ့ အစားအစာတွေကို သတိထားကြလို့ပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေက ကလေးနို့တိုက်နေတဲ့ မိခင်တွေကို ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ လတ်ဆတ်တဲ့ အသီးအရွက်တွေကို စားစေပြီး ဒါမှသာ ကလေးနို့တိုက်ခြင်းမှ အကောင်းဆုံးအာဟာရဓာတ်တွေ ကလေးကို ပေးနိုင်မယ်လို့ ဆိုကြပါတယ်။

    ဝိတ်ချတဲ့အရည်တွေ၊ အစားရှောင်လွန်းတာတွေ၊ ကိုယ်အလေးချိန်ကျဆင်းစေတဲ့ ဆေးတွေကို အကြံမပြုကြပါဘူး။ ကလေးနို့တိုက်နေတဲ့ မိခင်တွေဟာ အရက်နဲ့ ကော်ဖီသောက်သုံးမှုကို ကန့်သတ်သင့်ပါတယ်။

    လေ့ကျင့်ခန်းအနည်းငယ် လုပ်ပါ။

    လေ့ကျင့်ခန်းဟာ မိခင်တွေကို နှလုံးသွေးကြောဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ကလေးအတော်များများဟာ လေ့ကျင့်ခန်းလုပ်အပြီး နို့တိုက်ခြင်းကြောင့် ဆိုးကျိုးရရှိခြင်း မရှိပါဘူး။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ နို့ထွက်နှုန်းကို အားပေးတာကြောင့် နို့ထွက်နည်းတဲ့ မိခင်တွေအတွက် အရေးကြီးတဲ့ အကျိုးကျေးဇူးကို ရရှိစေပါတယ်။

    ခြုံပြောရရင်တော့ ကလေးနို့တိုက်နေစဉ်မှာ သင်ဟာ ဖြည်းညင်းစွာ ကိုယ်အလေးချိန်ကျဆင်းနိုင်ပါတယ်။ ကလေးမွေးပြီး အစပိုင်းလအတွင်း သင့်ကိုယ်ခန္ဓာ ပြန်လည်ကုစားနေစဉ်နဲ့ နို့ထွက်ဖို့ ကြိုးစားနေချိန်မှာ ကိုယ်အလေးချိန်မြန်မြန်ကျဆင်းအောင် မကြိုးစားသင့်ပါဘူး။ ကိုယ်အလေးချိန် အလျင်အမြန် ကျဆင်းခြင်းဟာ သင့်ရဲ့ စွမ်းအင် ထုတ်လုပ်မှုနဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်နိုင်ပါတယ်။ သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ နို့ထွက်ခြင်းကို ထိခိုက်မှု မရှိနိုင်ပဲ တစ်လကို ၁ ကီလိုဂရမ်ကနေ ၂ကီလိုဂရမ်အထိ အန္တရာယ်ကင်းကင်းနဲ့ လျှော့ချနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement