backup og meta

သင့်ကလေးအတွက် နို့ဘူး ဘယ်လိုဖျော်မလဲ။

သင့်ကလေးအတွက် နို့ဘူး ဘယ်လိုဖျော်မလဲ။

အသက် ပထမခြောက်လတွင် မိခင်နို့သည် သင့်ကလေးလိုအပ်သော တစ်ခုတည်းသောအစားအစာဖြစ်သည်။ သို့သော် မိခင်များတွင်ကလေးကိုနို့မတိုက်နိုင်သော အကြောင်းအရင်းများစွာရှိနေနိင်သည်။ သို့ဖြစ်၍ ကလေးကို ဖျားနာခြင်းမရှိစေရန် ကလေးများအတွက် ပြုလုပ်ထားသောနို့ဘူးတိုက်နိုင်သည်။ သင်သည်သင့်ကလေးအတွက် မှန်ကန်သောနို့ဘူး ဘယ်လိုဖျော်ရမလဲဆိုသည်ကိုသိပါသလား။ အောက်တွင် အကြံဉာဏ်ပေးထားပါသည်။

နို့ဘူးဆိုသည်မှာအဘယ်နည်း။

နို့မှုန့်နို့ဘူးအများစုသည် နွားနို့မှပြုလုပ်ခြင်းဖြစ်သည်။ သို့သော် မိခင်နို့နှင့်ပိုတူစေရန် အသားဓါတ်ပရိုတင်း၊အဆီနှင့်ကာဗိုဟိုက်ဒရိတ်ပမာဏများကို ပြောင်းလဲပေးထားသည်။ ထို့အပြင် သံဓါတ်ကဲ့သို့သတ္တုဓါတ်များနှင့်ဗီတာမင်များလည်းပေါင်းထည့်ပေးထားပါသည်။ အားလုံးသောပြောင်းလဲမှုများကို ဖော်မြူလာနဲ့သေချာတွက်ချက်ပြီး ကလေးများအတွက် ညီညွတ်မျှတသော အာဟာရပေးစွမ်းနိုင်အောင်ပြုလုပ်ထားပါသည်။

မိခင်များစွာသည် ဆေးခန်းများ၊ဆေးရုံများတွင် အသုံးပြုသော နို့မှုန့်ဘူးများသည် ကလေးငယ်များအတွက် အကောင်းဆုံး ဟု ထင်နေကြပါသည်။ ဆေးရုံမှာသုံးသော နို့မှုန့်ဘူးတံဆိပ်သည် အကောင်းဆုံးဟု မညွှန်းဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဆေးရုံများသည် ရှိရှိသမျှသောနို့မှုန့်ဘူးများကို မဝယ်ထားနိုင်ပါ။ ထို့ကြောင့် ဘယ်လို နို့မှုန့်ဘူးအမျိုးအစား၊ တံဆိပ်ကိုရွေးဝယ်မလဲဆိုသည်မှာ သင့်အပေါ်တွင်သာမူတည်ပါသည်။ သင်သည် တတ်နိုင်သော ဈေးနှုန်းနှင့် သင်အလွယ်တကူ ဝယ်၍ရနိုင်သော တံဆိပ်ပေါ်တွင်မူတည်၍ ဆုံးဖြတ်ချက်ချနိုင်ပါသည်။ တကယ်တော့ တံဆိပ်အမျိုးမျိုးကြားတွင် ကွာခြားချက် အများကြီးတော့ရှိမနေပါ။ အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီတိုင်းသည် နို့မှုန့်ပါဝင်မှုတွေကို မိခင်နို့နှင့် တတ်နိုင်သလောက် အတူညီဆုံးဖြစ်အောင် ထုတ်လုပ်ထား၍ဖြစ်ပါသည်။ မွေးကင်းစများ အတွက်သုံးသော နို့မှုန့်များကို (Starter,newborn,step 1 formula) ဟုခေါ်ပါသည်။ ထိုနို့မှုန့်များကို ကလေးတစ်နှစ်အထိ တိုက်နိုင်ပါသည်။ ကလေးလိုအပ်သမျှလည်းဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။

IcFOS (long chain fructo-oligosaccharides ) ဆိုသည်မှာ ကလေး၏အစာချေစနစ်ကို အကျိုးပြုသည့် prebiotic တစ်မျိုး ဖြစ်သည်။ မိခင်နို့ နှင့် နို့မှုန့်တချို့တွင်ပါရှိသော IcFOS က ကလေး၏အူမကြီးအတွင်းရှိ အကျိုးပြုဘက်တီးရီးယားလေးများ၏ ဖွံ့ဖြိုးမှုနှင့်လုပ်ဆောင်ချက်ကို နှိုးဆွပေးနိုင်စွမ်းရှိပါသည်။ ထို့ကြောင့်ပဲ ကလေးတွေမှာ ဝမ်းမှန်စေပြီးမွေးကင်းစအရွယ်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

Prebiotics နို့မှုန့်သောက်သုံးရသော ကလေးများသည် ရိုးရိုးနို့မှုန့်တိုက်ကျွေးထားသောကလေးများထက် ဝမ်းပိုမှန်၍ ဆီးပိုသွားကြသည်ကိုတွေ့ရသည်။ ။ Prebiotics သောက်သုံးတဲ့ကလေးများ၏ ထိုအချက်များက မိခင်နို့သောက်သုံးရတဲ့ကလေးများနှင့်တူညီသော အကျိုးအာနိသင်ရနေခြင်းဖြစ်ပါသည်။

နို့မှုန့်ဖျော်ခြင်းအတွက် ယေဘူယျလမ်းညွှန်

သင်သည် အဖုံးနှင့်ဇကာပါသော နို့ဘူးများ နို့သီးခေါင်းတုများ ၊ ပလတ်စတစ် သို့မဟုတ် သတ္တုဓါးများနှင့် နို့ဘူးဆေးသော ဘရပ်ရှ် (brush)နှင့် နို့ဘူးပိုးသတ်သောပစ္စည်းများ လိုအပ်ပါသည်။ ကလေးအများစုသည် နို့စို့ဖို့အတွက် အထူးပြုလုပ်ထားသော နို့ဘူး သို့မဟုတ် နို့သီးခေါင်းတု ကိုမလိုအပ်ပါ။ သို့သော်လည်း အချို့ကလေးများမှာမူ နို့သီးခေါင်းတုများကို ပိုမိုနှစ်သက် တတ်ကြပါသည်။ သင်သည် သင့်ကလေး၏အကြိုက်ကို လေ့လာကြည့်ရမည်။ သင့်ကလေးနို့ဘူးဖျော်ရန်နှင့် သင့်ကလေးရဲ့သွားအတွက် ဖလိုရိုက်ပါသော ဘုံဘိုင်ရေသည် အကောင်းဆုံး ဖြစ်သည်။ သင့်ကလေး အသက်အနည်းဆုံးခြောက်လအရွယ်အထိ ရေကိုဆူပွက်အောင်ကျိုပြီးမှ နို့ဘူးဖျော်ရန်မမေ့ပါနှင့်။ သင်နို့ဘူးဖျော်တိုင်း ရေနွေးကရားထဲသို့ သန့်ရှင်းသောရေကို ထည့်ပါ။ အသုံးမပြုမီ အအေးခံပါ။

စမ်းချောင်းမှရေ သို့မဟုတ် ရေသန့်ဘူးမှရေများကို ဘုံဘိုင်ရေမရနိုင်သောအခါ မှသာသုံးပါ။ ဆူပွက်အောင်ကျိုပါ။ ထိုသို့ပြုလုပ်ရမည်မှာ သင့်ကလေး အသက်တစ်နှစ် မတိုင်မီအထိဖြစ်သည်။ သတ္တုဓါတ်ပါသောရေကို နို့ဘူးဖျော်ရန် မသုံးသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုရေတွင် သတ္တုဓါတ်များနှင့်ဆားများများစွာ ပါဝင်ပြီး ကလေး၏ ကျောက်ကပ်များကို ထိခိုက်နိုင်သောကြောင့်ဖြစ်သည်။ သင့်ကလေးနို့ဘူးဖျော်ရာတွင် ဘယ်သောအခါမျှ မမေ့သင့်သော အကြောင်းအချက်အချို့ရှိပါသည်။

  • နို့မှုန့်ဘူးပေါ်တွင်ပါသောလမ်းညွှန်ချက်ကို ဖတ်ပြီးအတိအကျလိုက်နာပါ။
  • နို့မှုန့်ဘူးတွင်ပါသော ဇွန်းကိုအသုံးပြုပြီး နို့မှုန့်ခပ်ပါ။
  • နို့ဘူးမဖျော်ခင် နို့ဘူး၊နို့သီးခေါင်းနှင့်အခြား နို့တိုက်ရာတွင်အသုံးပြုသောကိရိယာများကို ပိုးသတ်ပြီး သန့်ရှင်းအောင်ပြုလုပ်ပါ။

နို့ဘူးထဲသို့ရေမထည့်မီတွင် နို့ဘူးဘေးတွင် ပါသော အတိုင်းအတာကိုဂရုတစိုက်ဖတ်ပါ။ ရေအလွန်များခြင်း၊နည်းခြင်းသည် သင့်ကလေးကို တိုက်မည့်နို့မှုန့်၏ အာနိသင်ကိုလျော့ကျစေပါသည်။ နို့မှုန့်တစ်ဇွန်းခပ်ရာတွင် ပါဝင်သောပမာဏနှင့် ရေပမာဏ ကို အညွှန်းအတိုင်း အချိုးအစားညီညီဖျော်ပါ။ အဘယ်ကြောင့်ဆိုသော် သင့်ကလေးသည် နို့မှုန့်နှင့်ရေပမာဏ အနည်းငယ်ပြောင်းလဲသည်နှင့် အလွယ်တကူ ဖျားနာနိုင်သောကြောင့်ဖြစ်သည်။ နို့တစ်ခါတိုက်မည်ဆိုလျှင် နို့တစ်ဘူးသာဖျော်ပါ။ အဘယ်ကြောင့်ဆိုသော် မတိုက်သေးဘဲ တစ်နာရီခန့်ကြိုဖျော်ထားလျှင် ဘက်တီးရီးယားများနှင့် အခြားပိုးမွှားများ ပေါက်ပွားနိုင်သောကြောင့်ဖြစ်သည်။ သင့်ကလေးနို့ဘူးစို့ပြီး တစ်နာရီမကျော်ခင်မှာ နို့ဘူးကို သွန်ဖို့မမေ့ပါနှင့်။ နောက်တစ်ခါနို့ဘူးစို့မည်ဆိုလျှင် နို့ဘူးအသစ်ဖျော်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://kidshealth.org/en/parents/feednewborn.html accessed on 10th November 2016

http://www.cyh.com/library/bottlefeeding.pdf accessed on 10th November 2016

http://www.cyh.com/HealthTopics/HealthTopicDetails.aspx?p=114&np=302&id=2709 accessed on 10th
November 2016

http://www.safefood.eu/Publications/Consumer-information/How- to-prepare- your-baby- s-bottle.aspx
accessed on 10th November 2016http://kidshealth.org/en/parents/feednewborn.html accessed on 10th November 2016

http://www.cyh.com/library/bottlefeeding.pdf accessed on 10th November 2016

 

ယခုပုံစံ

03/06/2022

Dr. Kaung Thar မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ

ကလေးတွေ ကျောင်းတက်ခါစမှာအဆင်ပြေစေဖို့


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement