backup og meta

နို့တိုက်မေမေ နွားနို့သောက်လို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့တိုက်မေမေ နွားနို့သောက်လို့ရလား

    နို့တိုက်မေမေ နွားနို့သောက်လို့ရလား …… ကလေး နို့တိုက်နေရတဲ့ မေမေတစ်ယောက် အမြဲလိုလို စဉ်းစားမိနေမှာက ငါများ တစ်ခုခု စားလိုက်ရင် ငါ့ ကလေးလေးကို ထိခိုက်မလား ဆိုတာပါ။ ဒီလို စဉ်းစားမိပြီး မစားရဲတာကြောင့် အစား တော်တော်များများကို မစားမိဘဲ ရှိနေတာမျိုးများ ရှိလား။ ဒီတစ်ခေါက်တော့ ကလေး နို့တိုက်နေရလို့ နွားနို့သောက်လို့ မဖြစ်ဘူး ဆိုတဲ့ မေမေတို့အတွက် ပြောပြပေးချင်ပါတယ်နော်။

    နို့တိုက်မေမေ နွားနို့သောက်လို့ရလား

    နို့တိုက်မေမေ နွားနို့သောက်လို့ရလား ဆိုတော့ နို့တိုက်နေရတဲ့မေမေက နွားနို့သောက်လို့ရပါတယ်နော်။ ဘေဘီလေးကို နို့တိုက်နေရတဲ့မေမေ တစ်ယောက် အနေနဲ့ တစ်နေ့တာကို ရေဓါတ် ၂.၂၅ လီတာကနေ ၃.၁ လီတာ အထိ လိုအပ်မှာ ဖြစ်ပါတယ်။ ခွက်ရေနဲ့ ပြောရရင် ၉ ခွက်စာ ကနေ ၁၃ ခွက်စာလောက်ပေါ့။ မိခင်တိုင်း ဒီပမာဏကို ပုံသေ တွက်ထားလို့တော့ မရဘူးပေါ့။ ခန္ဓါကိုယ် ဖွဲ့စည်းပုံ မတူတဲ့အလျောက် လိုအပ်မယ့် ရေဓါတ် ပမာဏ ကလည်း ကွာခြားနိုင်ပါတယ်နော်။

    ဒီ ရေဓါတ် ပမာဏကို ပြည့်မီစေဖို့ မေမေတို့ အနေနဲ့ ရေ၊ သစ်သီးဖျော်ရည်၊ နွားနို့၊ ဟင်းချို နဲ့ အခြားသော ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဖျော်ရည်တွေကို သောက်သုံးလို့ ရပါတယ်။ရေဓါတ် ဖြည့်တယ် ဆိုတဲ့ နေရာမှာ ဆော်ဒါ၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အယ်လ်ကိုဟော ပါတဲ့သောက်စရာတွေကိုတော့ သောက်လို့ မရပါဘူးနော်။ အချိုရည်တွေ၊ ကဖင်းပါတဲ့ သောက်စရာတွေနဲ့ အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေက နောက်ဆက်တွဲ ပြဿနာတွေကို ရှိလာစေနိုင်တာကြောင့်ပါ။

    ဒါတွေတင် မဟုတ်သေးပါဘူးနော်။ နို့တိုက်မေမေ တော်တော်များများ လုပ်မိနိုင်တာ တစ်ခုက ကလေးလည်း ကျန်းမာအောင် ကိုယ့်အတွက်လည်း ကောင်းအောင် ဆိုပြီး နို့ထွက်များ စေတယ် ဆိုတဲ့ ဆေးဖက်ဝင်အပင်တွေ နဲ့ ဖော်စပ်ထားတဲ့ ရေနွေးကြမ်းတွေ၊ ဆေးရည်တွေ သောက်တတ်တာပါ။ တကယ်တော့ အဲ့ဒီ သောက်စရာတွေက မသောက်သင့်ပါဘူး။ကောင်းကျိုးထက် ဆိုးကျိုးကပိုများတာကြောင့်ပါ။ နို့တိုက်မေမေ အနေနဲ့ နွားနို့ကို သောက်ပေးလို့ ရပေမယ့် အခုပြောခဲ့သလိုမျိုး ဆေးဖက်ဝင်တယ် ဆိုတဲ့ ဆေးမြစ်တွေကို ပြုတ်ထားတဲ့ အရည်တွေကိုတော့ မသောက်သင့်ပါဘူး။ မေမေ့ကို မထိခိုက်ရင်တောင် မေမေ့နို့ တစ်ခုတည်းနဲ့ အာဟာရ ဖြည့်တင်းနေရတဲ့ ဘေဘီလေးကို ထိခိုက်စေနိုင်လို့ပါ။

    နို့တိုက်နေတဲ့ မေမေ တစ်ယောက် အနေနဲ့ နွားနို့ သောက်ပေးတာက ကလေးဆီမှာ နွားနို့နဲ့ ဓါတ်မတည့်ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ မေမေက နွားနို့ သောက်တာကြောင့် မေမေကို ကျန်းမာအားရှိစေမှာ ဖြစ်သလို ကလေးကိုလည်း လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ဗီတာမင် ဒီ (Vitamin D)တို့ကို ရရှိစေမှာပါ။ ဒီဓါတ်တွေ ပြည့်ဝမှုက ကလေးကို အရိုးဖွံ့ဖြိုးမှု၊ သွားတွေ ကြံ့ခိုင်မှု ဖြစ်အောင် ထောက်ပံ့ပေးနိုင်သလို ကြွက်သားတွေ ဖြစ်ပေါ်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ကလေးကို ကိုယ်ခံအား ကောင်းစေပြီး အဝမလွန်အောင်လည်း ကာကွယ်ပေးနိုင်မှာပါ။

    ဒါကြောင့် နိဂုံးချုပ်အနေနဲ့ပြောချင်တာက နို့တိုက်မေမေတို့အနေနဲ့ နွားနို့သောက်ပေးတာကမေမေရောဘေဘီလေးအတွက်ပါကောင်းတယ်ဆိုတော့ တစ်နေ့ကို နွားနို့ တစ်ခွက်လောက်တော့ သောက်ပေးလို့ရပါတယ်နော်။ ဒီတော့ နွားနို့ ကြိုက်တဲ့ နို့တိုက်မေမေတို့ရေ နွားနို့လေး သောက်လို့ ရပါတယ်၊လို့ သတင်းကောင်းပါး ပါရစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement