backup og meta

အသင့်ညှစ်ထုတ်ပြီးသား မိခင်နို့ရည်နဲ့ပတ်သက်ပြီး သင်သိထားရမယ့်အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသင့်ညှစ်ထုတ်ပြီးသား မိခင်နို့ရည်နဲ့ပတ်သက်ပြီး သင်သိထားရမယ့်အချက်များ

    အသင့်ညှစ်ပြီးသား မိခင်နို့ရည် ဆိုတာ သင့်လက်နဲ့ဖြစ်စေ၊ ကိရိယာနဲ့ဖြစ်စေ ညှစ်ယူရရှိတဲ့ နို့ဖြစ်ပါတယ်။ ထုတ်ယူပြီးပြီ ဆိုတာနဲ့ ရေခဲသေတ္တာထဲမှာ သိမ်းထားပြီး နောက်တစ်ခါ ကလေးကို ပြွန်၊ ဇွန်း၊ ခွက်၊ ဗူးတို့နဲ့ တိုက်ကျွေးနိုင်ပါတယ်။ နို့ရည် ညှစ်ယူခြင်းက သားဦး မိခင်တွေအတွက် ခက်ခဲနိုင် ပါတယ်။ အသင့်ညှစ်ထုတ်ပြီးသား မိခင်နို့ရည်နဲ့ပတ်သက်ပြီး သင်သိထားရမယ့်အချက်များ က ဘာတွေများ ဖြစ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    အသင့်ညှစ်ထုတ်ပြီးသား မိခင်နို့ရည်နဲ့ပတ်သက်ပြီး သင်သိထားရမယ့်အချက်များ

    အသင့်ညှစ်ထုတ်ပြီးသား မိခင်နို့ရည်နဲ့ပတ်သက်ပြီး သင်သိထားရမယ့်အချက်များ ကတော့

    ၁။ သင့်ရဲ့ နို့ရည်ကို ဘာလို့ထုတ်ယူထားသင့်သလဲ။

    တစ်ခါတစ်လေမှာ သင့်ကလေးကို နို့တိုက်ချိန်ရောက်နေပေမယ့် သင်က အနားမှာမရှိတာ ဖြစ်နေနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာ အသင့်ညှစ်ထားပြီးသား နို့ရည်ရှိမယ်ဆိုရင် သင့်ကလေးကို အလွယ်တကူ တိုက်နိုင်မှာ ဖြစ်ပါတယ်။။

    နောက်တစ်ချက်က သင့်ရင်သားမှာ နို့ရည်တွေများပြားတင်းကြပ်နေမယ်ဆိုရင် မသက်မသာခံစားရနိုင်ပါတယ်။ ဒါကို ဒီတိုင်းညှစ်လိုက်ရင်လည်း နို့ရည်တွေ နှမြောစရာ ကောင်းတာကြောင့် သိမ်းထားသင့်ပါတယ်။

    နေ့မစေ့ဘဲမွေးတဲ့ ကလေးတွေနဲ့ ရောဂါဖြစ်ပွားနေတဲ့ ကလေးတွေကို စောင့်ကြည့်ဖို့ ဆေးရုံမှာ သီးသန့်ထားရတာမျိုး ရှိနိုင်ပါတယ်။ ဒီအချိန်မှာ မိခင်က တိုက်ရိုက်နို့တိုက်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အသင့်ထုတ်ယူထားတဲ့ နို့ရည်ဟာ အလွန် အသုံးဝင်လာခြင်းဖြစ်ပါတယ်။

    ၂။ နို့ရည်ကို ဘယ်လိုညှစ်ယူမလဲ

    ပထမဆုံး အချက် ကတော့ လက်ကို စင်ကြယ်စွာ ဆေးကြောဖို့ပါပဲ။ လက်ကိုပဲ အသုံးပြုတာဟာ ဈေးအသက်သာဆုံးနည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်နဲ့ညှစ်ယူခြင်းက ခက်ခဲတတ်ပါတယ်။

    နည်းလမ်းကတော့ နို့ထိပ်ခေါင်းရဲ့ နောက်ဘက်ကပ်လျက် နို့ပြွန်တွေပေါ်ကို ညှင်သာစွာဖိနှိပ်ပေးရမှာ ဖြစ်ပြီး နို့ထိပ်ဖူးကို မဟုတ်ပါဘူး။ မြင်သာအောင် ပြောရရင် နို့သီးခေါင်းပတ်လည်က အညိုကွင်းကို ညှစ်ရမှာ ဖြစ်ပါတယ်။ ညှစ်တယ်ဆိုတာထက် Push-Press-Release ဖိ၊ ညှစ်၊ လွှတ် နည်းလမ်းကိုသုံးရမှာ ဖြစ်ပါတယ်။

    စုပ်ယူတဲ့ pump ကိရိယာတွေ သုံးတာက ပိုလွယ်ပါတယ်။ လျှပ်စစ်အားသုံး ကိရိယာဆိုရင် စုပ်ခွက်ကို သင့်ရဲ့ ရင်သားပေါ်တင်ပြီး စက်ဖွင့်ထားလိုက်ပါ။ သင့်ရင်သား ၂ဖက်လုံးက နို့ရည် ညှစ်ယူဖို့ဆိုရင် ၄၅ မိနစ်ခန့် ကြာနိုင်ပါတယ်။

    အချိန်အတွက် စိတ်မပူပါနဲ့။ နို့ကောင်းကောင်း ထွက်နေသမျှ စုပ်ထုတ်ပါ။ ထွက်တဲ့ ပမာဏ နည်းလာပြီဆိုရင် နောက်တစ်ဖက်ကို ပြောင်းပါ။ နို့ရည် များများရဖို့ ဒါမျိုး ၂ ခေါက်ခန့် လုပ်ပေးသင့်ပါတယ်။

    ၃။ နို့ရည်ကို ဘယ်လိုသိမ်းဆည်းမလဲ။

    အဖုံးလုံအောင် ပိတ်ထားတဲ့ ပလတ်စတစ်ဘူးထဲမှာ နို့က ကြာရှည်ခံဆုံး ဖြစ်ပါတယ်။ ရေခဲသေတ္တာထဲ မထည့်ခင် သင်ညှစ်ယူတဲ့ နေ့ကို နို့ဘူးပေါ်မှာ ရေးမှတ်ပေးဖို့ မမေ့ပါနှင့်။ ဒါမှသာ အစောဆုံး ဘူးကို အရင်ဆုံး သုံးစွဲဖို့ သတိရမှာ ဖြစ်ပါတယ်။ သိမ်းဆည်းထားလို့ရတဲ့ အချိန်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    မိခင်နို့က ကလေးအတွက် အာဟာရအပြည့်ဝဆုံးပါ။ မိခင်နို့ကို စနစ်တကျ သိမ်းဆည်းတာက မိခင်က အပြင်မှာ အလုပ်ထွက်လုပ်နေချိန်၊ ကလေးနားမှာ အမြဲမရှိနိုင်တဲ့ အခြေအနေ၊ ခရီးထွက်နေရတဲ့ အချိန်တွေမှာ အဆက်မပြတ် နို့တိုက်နိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement