backup og meta

အလုပ်လုပ်သောမိခင်များ မိမိကလေးများကို မိခင်နို့တိုက်ကျွေးရန် မှတ်သားဖွယ်ရာများ


Dr. Thant Zin မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်လုပ်သောမိခင်များ မိမိကလေးများကို မိခင်နို့တိုက်ကျွေးရန် မှတ်သားဖွယ်ရာများ

    ယနေ့ခေတ်အခါမှာ အမျိုးသမီးများဟာ မိမိကလေးကို နို့တိုက်ကျွေးဖို့နဲ့ အလုပ်လုပ်ကိုင်ဖို့အကြား ဗျာများရတတ်ပါတယ်။ ကျန်းမာရေးဌာန၊ မိခင်နို့တိုက်ကျွေးခြင်း ကော်မတီရဲ့ ဥက္ကဌ ဒေါက်တာ ဆူဇန်နီရဲ့ အဆိုအရ အလုပ်လုပ်ကိုင်သူ အမျိုးသမီးများရဲ့ ၇၀%မှာ အသက်၃နှစ်အောက် ကလေးရှိပြီး ၃ပုံ၁ပုံခန့်ဟာ မီးဖွားပြီး ၃လအကြာမှာ လုပ်ငန်းခွင်ကို ပြန်ဝင်တယ်၊ ၃ပုံ၂ပုံဟာ ၆လအတွင်း ပြန်ဝင်တယ်လို့ သိရှိရပါတယ်။

    မိခင်များဟာ မိခင်နို့တိုက်ဖို့နဲ့ အလုပ်ပြန်ဆင်းဖို့ကြား ရွေးချယ်စရာ ဖြစ်လာတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီ၂မျိုးကို အဆင်ပြေအောင် ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

    အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။

    ကြိုတင်စီစဉ်ပါ

    မိမိရဲ့ အလုပ်ရှင်ဖြစ်စေ၊ လူ့အရင်းအမြစ်ဌာနကို ဖြစ်စေ မီးဖွားပြီးစ မိခင်များ ကလေးနို့တိုက်ရာမှာ ကူညီဖို့ ဘယ်လိုမူဝါဒတွေရှိတယ်ဆိုတာ စုံစမ်းပါ။ ဒါဟာ ဖြစ်နိုင်ခြေကိစ္စတွေအတွက် ကြိုတင်ပြင်ဆင် နိုင်ပါတယ်။ တချို့ ကုမ္ပဏီတွေဟာ မိခင်တွေ ကလေးနို့တိုက်ဖို့ အချိန်ပေးပြီး တချို့ကတော့ လုပ်ငန်းခွင်အတွက် အတားအဆီးတစ်ခုလို့ မြင်တတ်ကြပါတယ်။ သင့်အလုပ်ရှင်ဟာ အလုပ်ချိန်မှာ ကလေးနို့တိုက်ခြင်းကို ခွင့်မပြုရင် မိခင်နို့ တိုက်ခြင်းကြောင့် သင်ရော ကလေးပါ ဘယ်လို အကျိုးကျေးဇူးရှိကြောင်း ထောက်ခံစာရေးပေးဖို့ ဆရာဝန်ကို အကူအညီတောင်းပါ။

    နို့တိုက်ဖို့နေရာ

    နို့ရည်ညှစ်ထုတ်ပြီး သိမ်းဆည်းချင်လာတဲ့အခါ သန့်ရှင်းပြီး လုံခြုံတဲ့အခန်းကို မေးမြန်းဖို့ မတုံ့နှေးပါနဲ့။ ကိုယ်ပိုင်နေရာမှာ အဆင်မပြေရင် လုပ်ဖော်ကိုင်ဖက်ကို အကူအညီတောင်းပါ။

    အချိန်ဇယားများ ဆွေးနွေးပါ

    နို့ရည်ညှစ်ထုတ်ဖို့ ဘယ်အချိန်အဆင်ပြေမလဲဆိုတာ စီမံပါ။ များသောအားဖြင့် ၃-၄နာရီကြာတိုင်း မိနစ်၂၀ခန့် အချိန်သုံးပါ။ တစ်ခါတရံမှာ အလုပ်ရဲ့ သဘောသဘာဝ၊ လုပ်ငန်းခွင်နေရာ စတာတွေကြောင့် တစ်ရက်မှာ ၂ကြိမ်ထက်ပိုတိုက်ဖို့ အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သင့်ရဲ့ မိခင်နို့ဟာ ပုံမှန်ပါပဲ။

    နို့ရည်ခံတဲ့ဘူးဝယ်ထားပါ

    နို့ရည်ညှစ်ပြီး သိမ်းဆည်းထားနိုင်တဲ့ဘူးဟာ သင်လုပ်ငန်းခွင်ရောက်နေချိန်မှာ သင့်ကလေးကို ပုံမှန်နို့တိုက်ကျွေးနိုင်စေဖို့ အထောက်အကူ ပြုပါတယ်။

    နို့ရည်ကို လုံခြုံစိတ်ချရအောင် သိမ်းဆည်းပါ

    နို့ရည်ချဉ်သွား၊ ပျက်မသွားအောင် သိမ်းဆည်းနိုင်ရင် တစ်ဘူးထဲမှာပဲ တစ်နေ့လုံး ညှစ်ထုတ်ထားနိုင်ပါတယ်။

    တခြားမိခင်များနဲ့ ဆက်သွယ်ပါ

    တခြား အလုပ်လုပ်တဲ့ မိခင်များနဲ့ ဆက်သွယ်ပြီး အကြံဉာဏ်နဲ့ အကူအညီတောင်းခံနိုင်ပါတယ်။

    သင်အိမ်ပြန်ရောက်ရင် ကလေးကို နို့တိုက်ကျွေးပါ

    အိမ်ကိုပြန်ရောက်တာတဲ့ ကလေးကို ချက်ချင်း နို့တိုက်ပါ။

    ဘာတွေပြင်ဆင်ထားရမလဲ

    သင့်နို့ရည်ကို ညှစ်ထုတ်ခံယူတဲ့ ပစ္စည်းများ လိုအပ်ပါတယ်။ အပူအအေးခံနိုင်တဲ့အိတ်၊ ပုလင်း ဒါမှမဟုတ် အိတ်၊ ရက်စွဲမှတ်ဖို့ အမှတ်အသား၊ အဝတ်အစားကို မစိုအောင် ကာကွယ်မယ့် ရင်သားအခုအခံ၊ ကလေးဓာတ်ပုံ စသဖြင့် ပြင်ဆင်နိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement