backup og meta

ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက်
    ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက်
    ၉ လလွယ် ၁၀ လ ဖွားလာခဲ့တဲ့ ဘေဘီလေးကို မိခင်နို့ရည် ပြည့်ပြည့်ဝဝ တိုက်ကျွေးချင်ပေမယ့် နို့သီးခေါင်းထိပ်တွေက ကွဲနေတာကြောင့် ဘေဘီလေးကို နို့ချိုတိုက်လိုက်တိုင်း နာလွန်းလို့ မျက်ရည်တောင် ကျမိတယ်ဆိုတဲ့မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့ ခံစားနေရတဲ့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။

    ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက်

    ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက် Helloဆရာဝန်က ပြောပြပေးချင်တာက

    နို့တိုက်မိခင်တိုင်း ဒီပြဿနာကို ခံစားရနိုင်လား……………..

    နို့တိုက်မိခင်တိုင်းတော့ ဒီပြဿနာကို မခံစားရနိုင်ပါဘူး။ နို့တိုက်မိခင် ၂၀ ရာခိုင်နှုန်းလောက်ကပဲ ဒီပြဿနာကို ခံစားရနိုင်တာပါ။မေမေက နို့ထွက်နည်းတာကြောင့် ဒီပြဿနာကို ခံစားရနိုင်သလို ကလေးကို နို့တိုက်တဲ့ ပုံစံမမှန်တာမျိုးကြောင့်လည်း နို့သီးခေါင်းထိပ်တွေ ကွဲတာမျိုးကိုခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို ကြုံရနိုင်ခြေ အများဆုံးက နို့ထွက်နည်းတဲ့ မေမေတွေနဲ့ နို့တိုက်တဲ့အခါ ကလေး အနေအထား မှန်အောင် မထားမိတဲ့ မေမေတွေလို့ ဆိုရပါမယ်။

    ဘယ်လိုတွေခံစားရနိုင်လဲ………

    နို့သီးခေါင်းတွေ ကွဲတဲ့အခါ မေမေ့အနေနဲ့

    • ရင်သားထိပ်က နာမယ်
    • နို့ရည်တွေ စိမ့်ထွက်နေမယ်
    • သွေးထွက်မယ်
    • တဆစ်ဆစ် ကိုက်ခဲနေမယ်
    • ရင်သားထိပ်က ကွဲထွက်မယ် စသဖြင့် ခံစားရနိုင်ပါတယ်။

    နို့တိုက်မေမေကြုံရတဲ့ ရင်သားထိပ်ကွဲတာကို သက်သာစေဖို့

    ဘေဘီလေးကို နို့ချိုတိုက်တိုင်း ရင်သားထိပ်တွေ ကွဲနေတာကြောင့် နာကျင်နေရတဲ့မေမေတို့အနေနဲ့ ဒီနည်းလမ်းလေးတွေကို လုပ်ကြည့်စေချင်ပါတယ်။

    • နို့ရည်လတ်လတ်ဆတ်ဆတ်နဲ့ ပွတ်လိမ်းပေးပါ

    ဒီလိုလုပ်ပေးတာက ရင်သားထိပ် ကွဲတဲ့နေရာတွေကို ပိုးမဝင်အောင် ကာကွယ်ရာ ရောက်သလို နာကျင်မှုကို သက်သာစေလို့ အနာလည်း ကျက်စေနိုင်ပါတယ်။ အရင်ဆုံး လက်ကို သန့်စင်အောင် ဆေးကြောလိုက်ပါ။ပြီးရင် လက်ဖဝါးထဲကို နို့ရည် နည်းနည်းလောက် ညှစ်ထည့်ပြီး ရင်သားထိပ်တွေမှာ လိမ်းပေးလိုက်ပါ။ ပြီးရင်လေနဲ့ အခြောက်ခံလိုက်ပါ။

    ဒါက လွယ်ကူရိုးစင်းတဲ့ နည်းလမ်း တစ်ခုပေါ့။ ဘက်တီးရီးယားတွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားနိုင်မှာပါ။ အဝတ်စ သန့်သန့်လေး တစ်ခုကို ရှာပါ။ ပြီးရင် ဇလုံတစ်ခုထဲကို ရေခပ်နွေးနွေးလေး ထည့်လို့ အဝတ်စကို စိမ်လိုက်ပါ။ ပြီးရင် ညှစ်ပြီး ရင်သားကွဲတဲ့ နေရာပေါ်မှာ ခဏလောက် အုပ်ထားပေးလိုက်ပါ။ အဝတ်ခြောက်နဲ့ ခပ်ဖွဖွလေး တို့သုတ်ပေးပါ။

    ဆားရည်က အရေပြားကို ရေဓာတ်ပြည့်စေပြီး အနာကျက် မြန်စေမှာပါ။ ရေနွေးနွေး ၈အောင်စထဲကို အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တစ်ဝက်စာလောက် ထည့် လိုက်ပါ။ ပြီးရင် ဂွမ်းစလေးနဲ့ တို့ယူပြီး ရင်သားကွဲတဲ့ နေရာတွေမှာ စွတ်ပေးပါ။ တစ်မိနစ်လောက် ဂွမ်းစလေး ကပ်ထားပေးပါ။ ပြီးရင် ဂွမ်းစလေးနဲ့ ခပ်ဖွဖွလေး အခြောက်သုတ်လိုက်ပါ။ ဘေဘီလေးကို နို့ချို မတိုက်ခင်မှာတော့ ရင်သားကို သေချာလေး ပြန်ဆေးကြောပေးဖို့ မမေ့ပါနဲ့။

    ဆားရည်ကြောင့် ရင်သားစပ်တဲ့အခါ ဆားမထည့်ဘဲ ရေနွေးနွေးနဲ့ပဲ ဆေးပေးနိုင်ပါတယ်။

    • Nursing Pads ကို မကြာခဏလဲပေးပါ

    စိုသွားပြီဆိုတာနဲ့ Nursing Pads ကို ချက်ချင်းလဲပေးပါ။ Nursing Pads စိုထိုင်းထိုင်း ဖြစ်နေတာက ရင်သားထိပ် ကွဲတာတွေကို အနာကျက်နှေးစေနိုင်ပါတယ်။နောက်တစ်ချက်က ပလပ်စတစ်နဲ့ လုပ်တဲ့ Nursing Padsတွေကို အသုံးပြုတာပါ။ ဒီလို အသုံးပြုတာက ရင်သားကို လေဝင်ထွက်ရောက်ရှိမှု နည်းစေနိုင်ပြီး ရင်သားထိပ်ကွဲတာတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချည်သားစစ်စစ် Nursing Pads တွေကိုပဲ သုံးစေချင်ပါတယ်။

    ဘေဘီလေးကို နို့ချို ပြည့်ပြည့်ဝဝတိုက်ချင်ပေမယ့် ရင်သားထိပ်တွေ ကွဲနေလို့ နို့ချိုတိုက်လိုက်တိုင်း နာနေတဲ့ မေမေတို့အနေနဲ့ အခုနည်းလမ်းလေးတွေကို အသုံးပြုကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement