backup og meta

မိခင်ဖျားနေစဉ် ကလေးကိုမိခင်နို့တိုက်လို့ရသလား


Dr. Kaung Thar မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်ဖျားနေစဉ် ကလေးကိုမိခင်နို့တိုက်လို့ရသလား

    မိခင်နို့တိုက်ကျွေးနေသော မိခင်တစ်ယောက်ဖျားခြင်းသည် ကလေးနို့တိုက်ဖို့အတွက် စိတ်ပူစရာတစ်ခုဖြစ်ပါသည်။ အမှန်တကယ်တော့ မိခင်ဖျားနေစဉ် အချိန်အတွင်း ကလေးအား မိခင်နို့်ဆက်လက်တိုက်ခြင်းသည် ကလေးအတွက် စိတ်ချရရုံ အန္တရာယ်ကင်းရုံသာမက ကလေးအတွက် ပိုမိုပင်အကျိုးရှိစေနိုင်ပါသည်။

    မိခင်ဖျားနေပါက ကလေးကို နို့တိုက်နိုင်ပါသလား။

    အခြေအနေအများစုတွင် မိခင်နို့တိုက် နိုင်ပါသည။် သင်သည် နှစ်ဆယ့် လေးနာရီပတ်လုံး ဖျားနေမည်ဆိုလျှင် ကလေးကိုပါ အဖျားကူးမှာ စိတ်ပူတတ်ကြသည်မှာ သဘာဝပင်ဖြစ်ပါသည်။ သို့သော်လည်း မိခင်နို့တိုက်ခြင်းသည် ကလေးငယ်အတွက် တကယ်ပင်ကောင်းမွန်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်ဖျားနေသောအချိန်တွင် သင့်ခန္ဓါကိုယ်သည် ပိုးမွှားများကို တိုက်ခိုက်ပေးမည့် ကိုယ်ခံအားများ တည်ဆောက်နေပါသည်။ ဤဖြစ်စဉ်သည် သင်၏ခန္ဓါကိုယ်တွင် ရောဂါပိုးရှိနေသော ပထမနှစ်ဆယ့်လေးနာရီအတွင်း ဖြစ်ပွားပါသည်။ ကံအားလျော်စွာဖြင့် ပထမနှစ်ဆယ့်လေးနာရီအတွင်း ရောဂါလက္ခဏာများ မပြသေးပါ။ ထိုခုခံအားများသည် သင့်ခန္ဓါကိုယ်ထဲတွင် လေးရက်မှ ငါးရက် အထိ ရှိနေနိုင်ပါသည်။ ထို့အပြင် ဗိုင်းရပ်စ်အများစု၏ ရောဂါလက္ခဏာပြဖို့ကြာချိန်သည် ငါးရက်မှ ခုနစ်ရက်ခန့်ကြာပါသည်။ ထို့ကြောင့်ရောဂါလက္ခဏာ မပြခင်တွင်မိခင်မှ ကလေးငယ်အား နို့မှတစ်ဆင့် ကိုယ်ခံအားများ မျှဝေပြီးသားဖြစ်ပါသည။် သင့်ကလေးတွင် ကိုယ်ခံအားများ မိခင်နို့မှတစ်ဆင့်ရရှိပြီးဖြစ်သောကြောင့် မိခင်နို့တိုက်သောအခါတွင် သင့်ကလေးသည် ဖျားနာခြင်းကို ခုခံမည့် ကိုယ်ခံအားများ ရရှိနေပြီဖြစ်ပါသည်။ ထိုခုခံအားများသည် ကလေးကိုဖျားနာခြင်းမှ ကာကွယ်ပေးလိမ့်မည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ သင့်တွင် တုပ်ကွေး သို့မဟုတ် အအေးမိဖျားနာခြင်း လက္ခဏာမပေါ်ခင်ကတည်းက ကလေးဆီသို့ခုခံအားများပေးပြီးသား ဖြစ်ပါသည်။

    သင်သည်နှာချေနေစဉ် အတောအတွင်းတွင်တော့ သင့်ကလေးကိုကာကွယ်မှုများ လုပ်ဆောင်ရပါမည်။ သင့်တွင်အဖျားတုပ်ကွေး၊ အအေးမိခြင်းနှင့် အစာအိမ်ရောဂါများ ဖြစ်နေပါက မိခင်နို့တိုက်ကျွေးနိုင်ပါသည်။ သို့သော်သင်မှတ်ထားသင့်သည်က ကလေးအားနို့မတိုက်မီ သင်၏လက်များကို စင်ကြယ်စွာဆေးကြောပြီး ကလေးငယ်၏ လက်နှင့်မျက်နှာကို သင်နှာချေရာမှ အဝေးတွင်ထားပါ။

    ကလေးကိုမည်သည့်အချိန်တွင် မိခင်နို့မတိုက်သင့်သနည်း။

    သင့်ကလေးသည် ရက်သတ္တပတ် သုံးပတ်ထက်ငယ်နေသေးပါက မိခင်နို့မတိုက်သင့်ပါ။ ထိုကဲ့သို့အရမ်းငယ်သော ကလေးများတွင် ကလေးသည် ရောဂါပိုးကူးစက်လွယ်သည်။ သို့ဖြစ်၍ အရမ်းငယ်သောကလေးများကိုမူ သင်ဖျားနေစဉ်အတွင်းတွင် မိခင်နို့မတိုက်သင့်ပါ။ အကယ်၍သင့်တွင် နှလုံးရောဂါ၊ကျောက်ကပ်ရောဂါနှင့် သွေးအားအလွန်နည်းသောရောဂါများ သို့မဟုတ် အလွန်အမင်းကိုယ်အလေးချိန်ကျဆင်းသောရောဂါရှိ နေပါကမိခင်နို့တိုက်ခြင်းကိုရှောင်ကြဉ်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင့်ခန္ဓါကိုယ်သည် နို့ရည်ထုတ်လုပ်ရန် လိုအပ်သောအဆီပမာဏ သိုလှောင်ထားရန် လိုအပ်သောကြောင့်ဖြစ်ပါသည်။ အကယ်၍သင့်တွင်ကုသခြင်းမရှိသောတီဘီရောဂါ ဖြစ်နေပါက သို့မဟုတ် HIV/ AIDS ရောဂါဖြစ်နေပါကကလေးကို မိခင်နို့တိုက်၍မရပါ။ တီဘီရောဂါမကုဘဲထားလျှင်မိခင်နို့မတိုက်နိုင်ပါ(တီဘီရောဂါရှိသူများသည်တီဘီဆေးစတင်သောက်ပြီး နှစ်ပတ်အကြာတွင်မိခင်နို့ပြန်လည်တိုက်နိုင်ပါသည်။)သင့်တွင်အသည်းရောင်အသားဝါအေ၊အသည်းရောင်အသားဝါဘီ စသည်တို့ရှိလျှင်မိခင်နို့်မတိုက်နိုင်ပါ။

    အချို့ဆေးများသည်သင့်ကလေးအတွက်အန္တရာယ်ရှိ နိုင်ပါသည်။ အထူးသဖြင့်နို့တိုက်ကျွေးနေစဉ် အချိန်တွင်ဖြစ်ပါသည်။ အကယ်၍သင်သည် ကင်ဆာဆေးများ၊သိုင်းရွိုက်ရောဂါအတွက်ဆေးများ၊ သွေးတိုးကျဆေးများ၊ပင်နီဆလင်၊လီသီယမ်၊အိပ်ဆေးများ၊ ဦးနှောက်လှုံဆော်ပေးသည့်ဆေးများ၊ ဆေးခြောက်ဘိန်းစသောမူးယစ်ဆေးများ ၊ အရက်သောက်ခြင်းများရှိလျှင်တော့ နို့တိုက်ခြင်းကို ရှောင်ရှားသင့်ပါသည်။ သင်သည် မိခင်နို့တိုက်နေစဉ်အတွင်း ဆေးအသစ်တစ်မျိုး မသောက်မီ ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးပါ။ သင်ဖျားနေပြီဆိုလျှင် အရည်များများသောက်ဖို့မမေ့ပါနှင့်။ သင့်တွင်ရေဓါတ်များများ ရှိလေလေ နို့များများထွက်လေလေဖြစ်သည်။ သင့်ကလေးကို မချီခင်နှင့်နို့မတိုက်မီတွင် သင့်လက်များကို စင်ကြယ်စွာဆေးကြောဖို့သတိရပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement