backup og meta

နို့တိုက်မေမေတွေကြုံရတတ်တဲ့ နို့ကြောင်းပိတ်ခြင်း


Aye Thi Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့တိုက်မေမေတွေကြုံရတတ်တဲ့ နို့ကြောင်းပိတ်ခြင်း

    မေမေတစ်ယောက်ဖြစ်ရတာ ခက်ခဲတယ်ဆိုတာကို လူတိုင်းသိပြီးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့မေမေတို့ကြုံရနိုင်တဲ့ အခက်အခဲတွေထဲက တစ်ခုဖြစ်တဲ့ နို့ကြောင်းပိတ်တဲ့ပြဿနာအကြောင်းလေးပြောပြပေးပါရစေ။ နို့ကြောင်းပိတ်တဲ့အခါ ရင်သားက နာကျင်ရသလို ရင်သွေးလေးကို နို့ချိုတိုက်ရာမှာလည်း အခက်အခဲဖြစ်ရပါတယ်။

    မေမေတို့ကြုံရတဲ့ နို့ကြောင်းပိတ်တဲ့ပြဿနာ

    ရင်သွေးလေးကို ၆ လအထိမိခင်နို့တစ်မျိုးတည်းကို တိုက်တာအကောင်းဆုံးဖြစ်မယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။မေမေတိုင်းမှာလည်း ရင်သွေးလေးကို နို့ချိုတိုက်ကျွေးလို့ ကျန်းကျန်းမာမာကြီးပြင်းလာစေချင်တဲ့ဆန္ဒက ရင်နဲ့အပြည့်ပါ။ ဒီတော့မေမေတစ်ယောက်က ရင်သွေးလေးကို နို့ချိုတိုက်ကျွေးချင်ပေမယ့် နို့တွေခဲနေလို့ နို့ကြောင်းပိတ်ပြီးနာကျင်နေလို့ မတိုက်ရတာမျိုးတွေတွေ့ရနိုင်ပါတယ်။ ဒီအကြောင်းလေးကိုဆွေးနွေးပါရစေ။

    နို့ကြောင်းပိတ်ရတာက နို့တိုက်မေမေတွေမှာအဖြစ်များတဲ့ ရင်သားပြဿနာတစ်ခုပါ။ ရင်သွေးလေးကို နို့တိုက်တဲ့အခါ ကလေးရဲ့ ပါးစပ်ထဲက ဘက်တီးရီးယားတွေ ကူးစက်တာကြောင့်ဖြစ်ရတာပါ။ ဒီအခြေအနေက ကလေးမွေးပြီး ၁ လကနေ ၃ လအတွင်းမှာ အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဒီပြဿနာက ကလေးမွေးမထားတဲ့ အမျိုးသမီးတွေမှာဖြစ်နိုင်သလိုသွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာလည်းဖြစ်နိုင်ပါတယ်။

    ဒါပေမယ့် ဒီလိုဖြစ်တာက ကျန်းမာနေတဲ့အမျိုးသမီးတွေမှာဖြစ်ခဲပြီး ဆီးချိုရောဂါရှိသူတွေ နဲ့ အခြားနာတာရှည်ရောဂါရှိသူတွေမှာ အဖြစ်များပါတယ်။ ကိုယ်ခံအားနည်းတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။ နို့တိုက်မေမေ ၁ယောက်ကနေ ၃ယောက်လောက်က အခုလိုပြဿနာနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ ဒီပြဿနာကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းက ကလေးကိုနို့တိုက်တဲ့အခါ နို့တွေကျန်ခဲ့ပြီး နို့ရည်ပို့ပြွန်တွေမှာ နို့တွေခဲသွားရာကနေစလာတာပါ။ ရင်သွေးလေးမွေးထားပြီး အလုပ်တစ်ဖက်နဲ့မို့ နို့ချိုမတိုက်ကျွေးမိတဲ့မေမေတွေမှာလည်း အဖြစ်များပါတယ်။

    ဘယ်လိုလက္ခဏာတွေရှိနိုင်လဲ

    နို့ကြောင်းပိတ်တယ်ဆိုတာ တကယ်ကတော့ ရင်သားထဲမှာရှိတဲ့ အချို့နေရာက နို့ရည်ပြွန်လေးတွေပိတ်သွားတာပါ။ နို့ကြောင်းပိတ်တဲ့အခါ

    • ရင်သားက မာခဲလာနိုင်သလို ရင်သားမှာ အဖုမာမာလေးတွေကိုလည်း စမ်းမိနိုင်ပါတယ်။
    • ရင်သားက နီမြန်းရောင်ရမ်းပြီး ထိလိုက်ရင်နာနေနိုင်ပါတယ်။
    • ခန္ဓာကိုယ်မှာ ကိုက်ခဲတာမျိုးတွေဖြစ်နိုင်ပါတယ်။
    • မအီမသာဖြစ်မယ်။
    • ရင်သားတွေ တင်းနေမယ်။
    • အဖျားတက်မယ်၊ ချမ်းတုန်မယ်။
    • နို့တိုက်တိုင်းနာနေမယ်စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။

    ဒီလိုဖြစ်တဲ့အခါ ရင်သားကိုရေနွေးအိတ်ကပ်ပေးတာ၊ နှိပ်နယ်ပေးတာ၊ နို့တွေကို ညှစ်ထုတ်ပစ်တာတွေ လုပ်ကြည့်ပေးပါ။ ဒီလိုလိုလုပ်ပေးပေမယ့် ၂ ရက်လောက်ကြာတဲ့အထိမှ မသက်သာဘူး။ အလုပ်တွေမလုပ်နိုင်အောင်ကို ရင်သားကနာနေမယ်၊ အဖျားကမပျောက်ဘဲဖြစ်နေမယ်၊ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးဖို့ပြောပါရစေ။

    ချက်ချင်းကုသမှုခံယူဖို့ လိုအပ်တဲ့အခြေအနေ

    နို့ကြောင်းပိတ်တာကြောင့် အခုလိုအခြေအနေတွေဖြစ်လာပြီဆိုရင်တော့ ချက်ချင်းကုသမှုခံယူဖို့လိုပါမယ်။

  • ရင်သားကနေ နို့မဟုတ်ဘဲ အရည်တွေထွက်မယ်
  • ရင်သားက ထိမခံနိုင်အောင်နာလို့ ဘာမှမလုပ်နိုင်ဘူးဖြစ်မယ်။
  • ရင်သားမှာတင်မကဘဲ ချိုင်းအောက်နားထိရောင်ရမ်းတာတွေဖြစ်လာမယ်။
  • အဖျားက ၁၀၁.၅ ဒီဂရိဖာရင်ဟိုက်ဖြစ်နေမယ်။
  • မူးနေမယ်၊ ကိုယ်လက်မအီမသာဖြစ်နေမယ်။ နုံးနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးပါ။
  • ဘယ်လိုကာကွယ်မလဲ

    နို့ကြောင်းပိတ်တာမျိုးမဖြစ်စေဖို့ဆိုရင်တော့

    • ဘေဘီလေးကို ခံတွင်းပုံမှန်သန့်ရှင်းပေးပါ။
    • ရေချိုးတိုင်း ရင်သားကိုသေချာသန့်စင်ပါ။
    • ပုံမှန်နို့ချိုတိုက်ပါ။
    • အလုပ်သွားတဲ့အခါမှာ နို့တွေကို ညှစ်ထုတ်ပါ။
    • ရင်သားကို ညင်ညင်သာသာနှိပ်နယ်ပေးပါ။
    • ကလေးကို ပုံစံမှန်မှန်နို့ချိုတိုက်ပါ။
    • အတွင်းခံကို အဆင်ပြေမယ့်ဟာမျိုးရွေးဝတ်ပါ။
    • ကလေးကို ပုံမှန်နို့ချိုတိုက်ပေးပါ။
    • ရေနွေးအိတ်ကပ်ပေးတာမျိုးလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement