backup og meta

နို့တိုက်မိခင်တွေကြုံရတဲ့ နို့နာ ပြဿနာဘယ်လိုဖြေရှင်းမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့တိုက်မိခင်တွေကြုံရတဲ့ နို့နာ ပြဿနာဘယ်လိုဖြေရှင်းမလဲ

    မိခင်တစ်ယောက်ရဲ့ဘဝမှာ အရေးကြီးဆုံးလို့တွေးထားတာက ကလေးရဲ့ကျန်းမာရေးနဲ့အာဟာရကို ဂရုစိုက်ပေးဖို့ပါပဲ။ မေမေတွေက ဒါကိုပဲ အလေးထားကြတော့ ကိုယ့်ဒုက္ခတွေကျမေ့ထားရတာပေါ့။ နို့ချိုတိုက်ကျွေးတဲ့ မေမေတွေရဲ့ဒုက္ခတွေထဲက အဖြစ်များတဲ့ပြဿနာတစ်ခုကတော့ နို့နာ ဖြစ်ပါတယ်။

    မိခင်တွေမှာဖြစ်လေ့ရှိတဲ့ နို့သီးခေါင်းနာကျင်မှုက ယာယီဝေဒနာတစ်ခုဖြစ်တာကြောင့် စိုးရိမ်စရာတော့မရှိပါဘူး။ နို့တိုက်ကျွေးချိန်မှာ နာကျင်ရပေမယ့် စက္ကန့် ၃၀ ထပ်ပိုမကြာတာမျိုး။ ကလေးမွေးပြီးခါစမှာ နာကျင်ရတတ်ပေမယ့် နှစ်ပတ်လောက်အတွင်း သက်သာသွားတတ်ပါတယ်။ တချို့မေမေတွေမှာတော့ ပိုနာကျင်ရပေမယ့် နို့စတိုက်ခါစမှာပဲနာတတ်တာဖြစ်ပြီးတောက်လျှောက်နာကျင်နေတာ၊ နို့တိုက်ပြီးချိန်မှာပါနာကျင်နေတာဆိုရင်တော့ ပိုးဝင်တာလိုမျိုးပြဿနာရှိနေနိုင်ပါတယ်။

    သာမန်ဖြစ်တတ်တဲ့ နို့နာ ကို သက်သာစေမယ့်နည်းလမ်း (၆) ချက်

    ကလေးနို့တိုက်တိုင်းနာကျင်နေရတဲ့မေမေတို့အတွက်ဝေဒနာသက်သာစေမယ့်အချက်လေးတွေ အကြံပြုလိုက်ပါတယ်နော် –

    (၁) နို့နာသက်သာအောင် နို့မတိုက်သေးတဲ့အချိန်တွေမှာ လိမ်းဆေး (nipple cream)တွေလိမ်းလို့ရပါတယ်။ ကလေးအတွက်လည်းဘေးကင်းအောင်ထုတ်လုပ်ထားတဲ့ အမျိုးအစားတွေရှိတာကြောင့် နို့တိုက်ချိန်မှာတောင်ဆေးကိုသုတ်ပစ်၊ဆေးပစ်စရာမလိုဘဲ ထားလို့ရနိုင်ပါတယ်။ စိတ်မချရင်တော့ နို့တိုက်ခါနီးကျ သန့်စင်လိုက်ပါ။

    (၂) နို့တိုက်တဲ့အခါ nipple shield အသုံးပြုရင် နာကျင်မှုသက်သာစေပါတယ်။

    နာကျင်နေတဲ့ ဒါမှမဟုတ် ကွဲအက်နေတဲ့ နို့သီးခေါင်းထိပ်ကို အကာအကွယ်ပေးနိုင်ဖို့ နို့တိုက်ချိန်အတွင်း သုံးကြတာပါ။ အပေါက်လေးတွေပါပြီးပျော့ပျောင်းတာကြောင့် မိခင်နို့တိုက်ခြင်းကို အနှောင့်အယှက်မဖြစ်စေနိုင်ပါဘူး။

    (၃)ကလေးပါးစပ်ကနေ နို့ကိုချွတ်တဲ့အခါဖြည်းဖြည်းချင်းချွတ်ပါ။

    နို့နဲ့ကလေးရဲ့သွားဖုံးလေးကြားကို ပါးစပ်ဘေးကနေ လက်ချောင်းလေးလျှိုထည့်ပြီး နို့စို့ခြင်းကိုအသာဖြတ်တောက်ပြီးမှ နို့ကိုချွတ်ပါ။

    (၃) တစ်ဖက်တည်းကို အကြာကြီးမတိုက်ပါနဲ့။

    သိပ်မတိုက်ဖြစ်တဲ့ရင်သားတစ်ဖက်မှာ နို့ကြောင်းပိတ်တာ ဖြစ်လာနိုင်ပါတယ်။

    (၄) နာကျင်မှုသက်သာစေဖို့ နို့ညှစ်ကိရိယာနဲ့ တစ်ရက်စာချင်းစီ နို့ရည်ညှစ်ထုတ်ပြီး နို့ဗူးနဲ့တိုက်တာကလည်း အဆင်ပြေနိုင်ပါတယ်။

    အထိမခံနိုင်အောင် နာကျင်နေတဲ့အချိန် သုံးလေးရက်တော့ဝေဒနာသက်သာတာပေါ့။

    (၅) အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတချို့ကိုသောက်နိုင်ပါတယ်။

    (၆) နို့တိုက်ပြီး သန့်စင်ပြီးတဲ့အခါလေနဲ့ပဲခြောက်သွေ့စေတာကောင်းပါတယ်။

    ဒီလိုလုပ်ခြင်းက အက်ကွဲနေတဲ့၊သွေးထွက်နေတဲ့ နို့နာဝေဒနာကို တကယ်သက်သာစေနိုင်ပါတယ်။ခြောက်သွားမှဆေးလိမ်းချင်လိမ်းပါ။

    တကယ်လို့ ပုံမှန်ဖြစ်လေ့ရှိတဲ့ နို့နာမဟုတ်ဘဲ

    • အရမ်းနာကျင်ရတာ
    • နို့တိုက်နေတဲ့တောက်လျှောက်နာကျင်နေတာ
    • နို့မတိုက်တဲ့အချိန်တွေမှာလည်း နာကျင်နေတာ
    • နို့သီးခေါင်းနာကျင်နေတာ နှစ်ပတ်လောက်ထိကြာလာတာ
    • အရေပြားမှာထိခိုက်လာတာ(နို့သီးခေါင်းထိပ် အက်ကွဲလာတာ၊အနာဖြစ်လာတာ၊သွေးထွက်လာတာ) စတဲ့လက္ခဏာတွေဖြစ်လာရင် ကုသမှုခံယူသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement