backup og meta

43 ပတ်သားကလေး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    43 ပတ်သားကလေး

    ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

    ဘယ်လိုဖွံ့ဖြိုးလာလဲ

    ခုအချိန်မှာဆိုရင် ကလေးလေးဟာ သင့်လက်ကိုဆုပ်ကိုင်ရင်း လမ်းလျှောက်တတ်နေပါပြီ။ သင်ကသူတို့ကိုအင်္ကျ ီလဲပေးတဲ့အခါတွေမှာလည်း သူတို့လက်လေး ခြေထောက်လေးတွေကို ဆန့်တန်းထုတ်ပေးပြီး သင့်ကိုကူညီနေတတ်ပါပြီ။ ထမင်းစားချိန်မှာလည်း သူတို့ခွက်ထဲကသူတို့သောက်နိုင်၊ စားနိုင်နေလောက်ပါပြီ (တချို့ကလေးတွေကတော့ တစ်နှစ်၊ နှစ်နှစ်သားလောက်ထိ မစားနိုင်သေးတာလည်း ရှိပါလိမ့်မယ်)

    ဒီအရွယ်ဆိုရင် သင့်ရင်သွေးလေးဟာ-

    • တစ်ယောက်ထဲခေတ္တမတ်တပ်ရပ်နိုင်လာပြီ

    • မေမေ ဖေဖေ ခေါ်တတ်ပြီ

    • လိုချင်တာကို လက်ညှိုးထိုးပြတတ်နေပါပြီ

    သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

    ကလေးငယ်ဟာ သင်ကောက်ပေးအောင်လို့ ပစ္စည်းတွေကိုတမင်လွှတ်လွှတ်ချနေတာမျိုး လုပ်ကောင်းလုပ်နေပါလိမ့်မယ်၊ တကယ်လို့ သင်က ကောက်ပေးရတာများလာလို့ ပင်ပန်းလာရင် သူတို့ကို တူတူပုန်းတမ်းလိုမျိုး တခြားဂိမ်းတစ်ခုနဲ့ အာရုံပြောင်းကစားပေးလိုက်ပါ။

    ကျန်းမာဖို့၊ လုံခြုံဖို့

    ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

    ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ရက်ချိန်းမပေးတတ်ပါဘူး။ ဒါပေမယ့် တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။

    ဘာတွေသိသင့်လဲ။

    ဒီအချိန်မှာဆိုရင် အအေးမိတာ၊ ဖျားတာမျိုးတွေနဲ့ ကြုံလာရပြီဖြစ်တဲ့အတွက် ပဋိဆေးဝါးဆေးတွေနဲ့ပတ်သတ်လို့ သိထားသင့်ပါတယ်။

    သင်သိထားသင့်တာတွေကတော့-

    ကလေးကိုပဋိဇီဝဆေးတွေပေးတဲ့အခါ သိတိထားပါ။ ထိုဆေးတွေဟာ ဘတ်တီးရီးယားတစ်မျိုးထဲကိုသာ နိုင်တာဖြစ်ပြီး အခြား အအေးမိခြင်း၊ တုပ်ကွေး၊ အသက်ရှူလမ်းကြောင်းရောဂါတွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကိုမသတ်နိုင်ပါဘူး။ ဒါကြောင့် ဒီရောဂါတွေဖြစ်နေတာဆိုရင်တော့ ပဋိဇီဝဆေးတွေပေးလည်းမထူးပါဘူး။ ပဋိဇီဝဆေးတွေကို မလိုအပ်ပဲပေးခြင်းဟာ ဆေးယဉ်သွားနိုင်ပြီး တကယ်လိုအပ်လာတဲ့အခါ သုံးလို့မရဖြစ်တတ်ပါတယ်။ ဒါ့အပြင့် ထိုဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တဲ့အပြင် ဆေးမတည့်ခြင်းပါရှိနိုင်ပါတယ်။

    ဒါဆိုဘယ်တော့ပေးသင့်လဲ

    ဆရာဝန်ညွှန်းမှတိုက်ပါ။ တိုက်ရာမှာလည်း ဆရာဝန်ညွှန်းသည့် ဆေးအညွှန်းကုန်အောင်တိုက်ပါ။ စောစောစီးစီး ကိုယ့်သဘောနဲ့ရပ်လိုက်ခြင်းဟာ ရောဂါပိုးကို လုံးဝဥဿုံမပျောက်စေဘဲ အခြားပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။

    ကလေးကို ဆေးလွယ်လွယ်ဘယ်လိုတိုက်ရမလဲ

    ကလေးကဆေးသောက်သောက်ပြီးချင်း ပြန်အန်ထွက်လို့ ဆေးတွေပြန်ပါလာရင်တော့ နောက်ထပ်ထပ်တိုက်နိုင်ပါတယ်။ ဒါပေမယ့် တစ်နာရီလောက်အကြာမှပြန်အန်ရင်တော့ ထပ်တိုက်စရာမလိုပါဘူး။ ဒီအချိန်ဆို ဆေးတွေကစုပ်ပြီးနေပါပြီ။ ဒါကိုနောက်ထပ်ထပ်တိုက်မိရင် ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် ဘေးထွက်ဆိုးကျိုးတွေရနိုင်ပါတယ်။ ဘာကြောင့်ပြန်အန်တာလဲဆိုတာကိုလည်း စဉ်းစားရှာဖွေပါ၊ ဆေးကြောင့်ပျို့ပြီးအန်တာလား၊ နေမကောင်းခြင်းကြောင့်အန်တာလား။ အချို့သောဆေးတွေက ဆေးအရသာကိုသက်သာအောင် အစာနဲ့ရောကျွေးလို့ရပါတယ်။ တခါတလေဇွန်းနဲ့တိုက်တာထက် အစက်ချတဲ့အရာမျိုး၊ ဆေးထိုးအပ်လို ပြွန်မျိုးနဲ့တိုက်တာက ကလေးကိုပိုမျိုချလွယ်စေပါလိမ့်မယ်။ အချို့သောဆေးတွေက အရသာကောင်းအောင် စီမံထားတာမျိုးလည်းရှိပါတယ်။

    စိတ်ပူတာတွေ

    ဘာတွေစိတ်ပူလဲ

    ဒီအရွယ်မှာဆိုရင် စိတ်ပူစရာတွေကတော့-

    အံကြိတ်ခြင်း

    ခေါင်းလှုပ်ရမ်းခါခြင်း၊ တိုက်ခြင်း၊ ဆံပင်ဆွဲခြင်း၊ လက်မစုပ်ခြင်းတွေလိုပဲ အံကြိတ်ခြင်းဟာလည်း ကလေးတွေ စိတ်ဖိစီးမှုလျှော့ဖို့ လုပ်တတ်ကြတာပါ။ အံကြိတ်ခြင်းဟာ ကလေးငယ်ရဲ့ ငယ်သွားရောကြီးသွားရော ဖွံဖြိုးလာဖို့ကို ထိခိုက်စေနိုင်ပါတယ်။ အံကြိတ်ရခြင်းကတော့- စိတ်ဖိဖီးလို့၊ စူးစမ်းလို့…။

    ကလေးတွေ တရေးမအိပ်ခင်၊ ညမအိပ်ခင် အာရုံစိုက်ပြီး ချစ်ခင်ပေးခြင်းက သူတို့အံကြိတ်ခြင်းကိုလျော့ကျစေပါတယ်။ များသောအားဖြင့်တော့ သွားတွေကိုမထိခိုက်ခင်မှာပဲ ထိုအကျင့်ပျောက်သွားတတ်ပါတယ်။ စိတ်ဖိစီးမှုက အမြဲတမ်းတော့ အံကြိတ်ရခြင်းအကြောင်းအရင်းမဟုတ်ပါဘူး။ တခါတလေမှာ ကလေးငယ်တွေဟာ သူတို့သွားအသစ်လေးတွေကို စူးစမ်းစမ်းသပ်ကြည့်ရင်း အံကြိတ်လို့ရတဲ့ခံစားချက်နဲ့ အသံကိုကြိုက်သွားတာကြောင့် ရလာတတ်တဲ့အကျင့်ပါ။ ဒါကြောင့်ကြာလာရင် ဒီသူတို့ရဲ့သွားတူရိယာသံကို စိတ်ဝင်စားမှုလျော့ပြီး အကျင့်ပျောက်သွားတတ်ပါတယ်။ တကယ်လို့ လျော့မသွားဘဲ ပိုဆိုးလာပြီး သင်ကလည်း သူတို့သွားတွေ ထိခိုက်မှာစိုးလာရင်တော့ သွားဆရာဝန်ဆီသွားဖို့ တိုက်တွန်းပါရစေ။

    ကိုက်ခြင်း

    သူတို့ရဲ့သွားလေးတွေကို တွေ့သမျှမျက်နှာပြင်မှာကိုက်ပြီး စမ်းသပ်ကြည့်တာက ကလေးတွေအတွက် သဘာဝပါ။ ဒါပေမယ့် နောက်ထပ်သွားတွေ ထပ်ပေါက်လာရင်တော့ အကိုက်ခံရသူအတွက် နာနိုင်ပါတယ်။ ကိုက်တာဟာ အစပိုင်းမှာ အတွေ့အကြုံယူတာရော အပျော်အနေနဲ့ပါ ကိုက်ကြတာပါ၊ ကလေးတွေဟာ သူတို့ကသူများကိုနာအောင်လုပ်နေတယ်ဆိုတာ မသိပါဘူး။ ဒါပေမယ့် သူတို့ပြန်ရတဲ့ တုံ့ပြန်မှုတွေကို စိတ်ဝင်စားနေကြတာပါ။ မေမေ့ပုခုံးကို ကိုက်လိုက်လို့ဖြစ်သွားတဲ့ သူမမျက်နှာအမူအရာ၊ လန့်သွားတဲ့ဖေဖေ့ရဲ့ အာမေဍိတ်၊ ပြီးတော့ ဖွားဖွားရဲ့ ‘သူငါ့ကိုကိုက်နေတယ် ကြည့်စမ်း၊ ချစ်စရာမကောင်းဘူးလား’ ဆိုတာမျိုးက သူတို့ကို ဆက်ကိုက်ဖို့ခွင့်ပြုပေးနေသလိုပါပဲ။ ဒါပေမယ့် ထူးဆန်းတာက ဒေါသထွက်သံ၊ အပြစ်တင်လိုက်သံကတောင် ထိုကိုက်တတ်တဲ့အကျင့်ကို အားပေးနေသလိုဖြစ်နေတာပါ၊ ဒီတခါကတော့ ဒီတုံ့ပြန်မှုတွေကိုတွေ့ရတာ သဘောကျစရာကောင်းလို့၊ ဒါမှမဟုတ် သူတို့ရဲ့ခေါင်းမာပြီး မှီခိုမှုကင်းချင်တဲ့ညဉ်ကြောင့် ဒီလိုတားလိုက်ခြင်းကို စိန်ခေါ်မှုတစ်ခုလို ယူလိုက်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်အကောင်းဆုံးနည်းကတော့ တည်တည်ငြိမ်ငြိမ်ပဲ ဖယ်လိုက်ပါ။ ပြီးရင် သူတို့အာရုံကို အခြားအရုပ်တစ်ခုခုဆီဖြစ်ဖြစ် လွှဲလိုက်ပါ။ သူတို့ကိုက်တိုင်း ထိုသို့လုပ်ပေးပါက ကြာရင်သူတို့သဘောပေါက်လာပါလိမ့်မယ်။ သူတို့ကို ပြန်ကိုက်တာဟာပိုဆိုးပါတယ်။ ဒါဟာ ရက်စက်ရာကျတဲ့အပြင် ကစားဖို့အတွက် သိမ်မွေ့တဲ့နည်းလည်းမဟုတ်ပါဘူး။

    အထက်မှာဖော်ပြခဲ့တာတွေကတော့ သင့်ကလေးရဲ့ပြောင်းလဲမှုတွေနဲ့ သူတို့ကိုစောင့်ရှောက်ဖို့ သင်ဘာလုပ်ရမလဲဆိုတာတွေပါပဲ။

    နောက်တစ်ပတ်မှာလည်း သင့်ရင်သွေးလေးဘယ်လိုနေမလဲ စောင့်ကြည့်ရအောင်..။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement