backup og meta

16 လအရွယ်ကလေးငယ်


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    16 လအရွယ်ကလေးငယ်

    သင့်ရဲ့ ၁၆လအရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ သင်ဘာတွေသိဖို့လိုအပ်လဲ။

    ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူ

    ကလေးဟာဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။

    ဆူညံသံတွေကိုကြောက်လန့်တတ်ခြင်းကိုလည်းတစ်ခါတလေမှာမထင်မှတ်ဘဲတွေ့ရတတ်ပါတယ်။ သင့်ရဲ့ ၁၆လအရွယ်ကလေးဟာ ဖုန်စုပ်စက်တွေ မိုးကြိုးမုန်တိုင်းတွေ ဥသြဆွဲသံတွေ မီးရှူးမီးပန်းဖောက်သံတွေ နဲ့ ဘောလုံးပေါက်သံတွေကြားရင် ကြောက်လန့်ပြီးနံရံမှာကပ်နေတာမျိုးငိုတာမျိုးနဲ့ အလွန်အမင်းထိတ်လန့်ကြောက်ရွံ့သွားတတ်ပါတယ်။

    တစ်ခါတရံ ၁၅လနှင့် ၁၈လကြားထဲမှာ သင့်ကလေးဟာမနက်ပိုင်းခဏအိပ်ချိန်မှာမအိပ်တော့ပါဘူး။ နေ့လည်ပိုင်းတစ်ရေးတမောအိပ်တာနဲ့တင်လုံလောက်ပါတယ်။ အရင်ဆုံးတော့ နေ့လည်ပိုင်းတစ်ခေါက်တည်းအိပ်တဲ့အခါမှာပုံမှန်အိပ်ချိန်ထက်ပိုပြီးကြာတတ်ပါတယ်။ အရမ်းနောက်ကျသွားအောင်တော့မအိပ်ခိုင်းပါနဲ့။ ညဘက်အိပ်ချိန်ကျရင် မအိပ်ချင်ဘဲဖြစ်တတ်လို့ပါ။ ဒီလိုပြောင်းလဲနေတဲ့အချိန်အတွင်းမှာနေ့လည်ပိုင်းအိပ်ချိန်အရမ်းကြာတာမျိုးမဖြစ်အောင် သတိထားထိန်းသိမ်းဖို့လိုပါတယ်။

    ကလေးကိုဘယ်လိုကူညီထောက်ပံ့မလဲ။

    သင့်ကလေးဟာအကြောက်တရားပိုကြီးလာပြီးအလွယ်တကူလန့်နေတတ်ပါတယ်။ အကေင်းဆုံးနည်းလမ်းကတော့ သူ့ကိုစိတ်အေးချမ်းသာစွာစိတ်ချလက်ချနေနိုင်အောင်လုပ်ပေးတာပါပဲ။ ထွေးပွေ့ထားပြီးသူ့ခံစားချက်လေးတွေကိုအသိအမှတ်ပြုပေးပါ။ “ ဝိုး အဲ့ဒါအရမ်း ကြောက်ဖို့ကောင်းတာပဲ ဟုတ်တယ်မလား”ဆိုတာမျိုးလောက်ဆိုရင်ကိုလုံလောက်ပါပြီ။ သူ့ကိုပြန်ထိန်းနိုင်ဖို့ သူ့နားတွေကိုဘယ်လိုအုပ်ထားရမယ်ဆိုတာလေး ပြပေးပါ။ သင့်ကလေးဟာဆူညံသံတွေဘယ်ကထွက်လာတယ်ဆိုတာသိပြီးသူတို့ဟာ အန္တရာယ်မဖြစ်စေဘူးဆိုတာသိရင် သူ့အကြောက်တရားတွေ တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားမှာပါ။

    သင့်ကလေးလိုက်လုပ်နိုင်တဲ့ အလုပ်လေးတွေနဲ့ ဇယားချထားတဲ့ အိပ်ရာဝင်ချိန်တွေဟာ ပိုပြီးချောချောမွေ့မွေ့ဖြစ်လာမှာပါ။ ညအိပ်ရာဝင်တဲ့လုပ်ငန်းစဉ်တွေကိုစီစဉ်တာကောင်းမယ်ဆိုရင်သင့်ကလေးကိုအေးဆေးသက်သာစွာအနားယူနိုင်တဲ့အခြေအနေရောက်ဖို့ လုံလောက်တဲ့အချိန်ရှိပါတယ်။ ဒီအချိန်အတိုင်းအတာဟာသင့်အတွက်ရောကလေးထိန်းအတွက်ရောရှုပ်ထွေးပြီးရှည်ကြာတဲ့ကိစ္စတော့မဟုတ်ပါဘူး။ မိနစ် ၂၀ ကနေ ၃၀အထိဟာတကယ်ကောင်းမွန်လုံလောက်တဲ့အချိန်အတိုင်းအတာပါပဲ။

    သင့်ကလေးဟာသူမနက်အိပ်နေကျအချိန်ကိုအစားထိုးဖို့အတွက် နားချိန်နည်းနည်းတော့လိုအပ်ပါဦးမယ်။ အဲ့ဒီအချိန်မှာသွားရည်စာမုန့်ကျွေးပြီးဆိတ်ငြိမ်တဲ့အလုပ်လေးတွေကိုစီစဉ်ပေးပါ။ ဥပမာသီချင်းအေးအေးလေးတွေကိုနားထောင်ခိုင်းတာမျိုး၊ စာအုပ်တွေကြည့်ခိုင်းတာမျိုးဒါမှမဟုတ် ဆိုဖာပေါ်မှာစာင်လေးခြုံပေးပြီးနားခိုင်းထားတာမျိုး၊ (အိပ်ရာပေါ်မှာမနားခိုင်းပါနဲ့၊ အိပ်ရာကပိုပြီးအိပ်ချင်စေပါတယ်)။ ဒီအိပ်ချိန်မှာကားစီးတာမျိုးရှောင်ကြဉ်ပါ။ ဘာကြောင့်လဲဆိုတော့ သင့်ကလေးဟာအိပ်ပျော်သွားနိုင်ပြီးနေ့လည်ပိုင်းအိပ်ချိန်ကိုကျော်ကာညနေပိုင်းမှာစိတ်တိုလွယ်နေပါလိမ့်မယ်။

    ကျန်းမာရေးနဲ့ လုံခြုံမှု

    ဆရာဝန်နဲ့ ဘာတွေတိုင်ပင်သင့်လဲ။

    ပုံမှန်မဟုတ်တဲ့ အမူအကျင့်တွေတွေ့နေရရင်ဆရာဝန်ကိုပြောပြပါ။ သင့်ကလေးဟာကျန်းမာရေးကောင်းပြီးပုံမှန်ဖြစ်နေရင်တောင် ဆေးစစ်ချိန်မှာစစ်ပေးပါ။ သင့်ကလေးဟာ ဆရာဝန်ဆီသွားရမှာကိုကြောက်ကောင်းကြောက်နေပါလိမ့်မယ်။ သူ့ကိုနောက်ထပ်ကာကွယ်ဆေးထိုးမယ်လို့ သူထင်ရင်လည်းထင်နေမှာပါ။ သင့်ကလေးကိုနှစ်သိမ့်ဖို့ ဒီအချက်လေးတွေသုံးကြည့်ပါ။

    • အစောကြီးမသွားပါနဲ့။ သင်နဲ့ချိန်းထားတဲ့အချိန်ကိုပဲကွက်တိရောက်အောင်သွားပါ။ အချိန်ကုန်မြန်အောင်လို့ သင့်ကလေးနဲ့ စကားပြောနိုင်သလောက်ပြောပေးပါ။
    • သူ့ရဲ့အနှစ်သက်ဆုံးအရုပ်လေးတွေယူသွားပေးတာကကလေးကိုပိုပြီးစိတ်ချလက်ချနဲ့ သက်တောင့်သက်သာဖြစ်စေမှာပါ။
    • ဖြစ်နိုင်ရင်ဆရာဝန်တစ်ယောက်တည်းနဲ့ပြပါ။ ဒီနည်းအားဖြင့် သင့်ကလေးဟာ ဆရာဝန်နဲ့အပြန်အလှန်စကားတွေပြောရင်း ပတ်ဝန်းကျင်ကိုပါ ရင်းနှီးသွားပါလိမ့်မယ်။
    • သူ့ကိုဆေးထိုးမယ်ဆိုရင်တော့ အာရုံလွှဲပေးပါ။

    ဘာတွေသိထားသင့်လဲ

    ၁၆လအရွယ်မှာ သင့်ကလေးဟာမနက်ပိုင်းအိပ်ချိန်မလိုအပ်တော့ဘူးဆိုတာသိထားသင့်ပါတယ်။ အဲ့ဒီအစားအင်အားဖြည့်ဖို့ သွားရည်စာနည်းနည်းလိုအပ်ပါတယ်။ ဒီအသက်အရွယ်မှာနေ့ခင်းတစ်ရေးအိပ်တာကအားအင်ပြည့်ဝဖို့နဲ့ ကျန်းမာဖို့ လုံလောက်ပါပြီ။

    နေ့လည်ပိုင်းမှာစောစောအိပ်ခိုင်းဖို့ကြိုးစားပါ။ နောက်ကျမှအိပ်မယ်ဆိုရင် ညအိပ်ချိန်ကိုထိခိုက်လာပါလိမ့်မယ်။ ဒါပေမဲ့ နေ့လည်ပိုင်းကိုသေချာပေါက်အိပ်ခိုင်းပါ။ ပြည့်ပြည့်၀၀ အနားမယူရဘူးဆိုရင်တော့ သင့်ကလေးဟာသင့်လိုပဲစိတ်တိုလွယ်ပြီးစိတ်တိုင်းမကျတွေဖြစ်နေပါလိမ့်မယ်။

    စိုးရိမ်ပူပန်မှုများ

    ဘာတွေကိုစိတ်ပူနေတာလဲ

    သင့်ကလေး TV ဘယ်လောက်ကြည့်သလဲဆိုတာကိုသင်သိချင်နေမှာပါ။ American Academy of Pediatrics (AAP)အရ ၂နှစ်မပြည့်ခင်မှာTV မကြည့်သင့်သေးပါဘူး။ Ipad အသုံးပြုတာလည်းပါဝင်ပါတယ်။ TV ဖန်သားပြင်ကိုကြည့်တဲ့အချိန်ကိုကန့်သတ်ပေးထားပါ။ ဒီနားနည်းနည်းဟိုနားနည်းနည်းကြည့်တာတွေကကလေးကိုထိခိုက်စေမှာမဟုတ်ပေမဲ့ သင့်ကလေးTVစွဲသွားမှာကိုတော့ သင်မလိုလားဘူးမဟုတ်လား။

    ဘောလုံးကန်တာရေကူးတာနဲ့ ကစားကွင်းထဲပြေးနေတာစသဖြင့် အပြင်မှာကစားတာတွေကိုအားပေးပါ။ သင့်ကလေးသီချင်းဆိုပြီးကနိုင်ဖို့ သီချင်းတွေကိုလည်းဖွင့်ထားပေးနိုင်ပါတယ်။

    စာအုပ်လည်းပေးဖတ်သင့်တယ်။ သင်နဲ့အတူစာအုပ်ဖတ်ပြီးစကားပြောရတာများလေလေစကားလုံးအသစ်တွေနဲ့ အခန်းကဏ္ဍအသသစ်တွေကိုသူမှတ်သားနိုင်လေပါပဲ။ ဒါတွေအားလုံးဟာ TV ရှိုးတွေထက်တော့ အများကြီးပိုကောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement