ယခုသင့်ကလေးဟာ ၁နှစ်တင်းတင်းပြည့်သွားပါပြီ။ သင်ဟာ ပထမဆုံးတစ်နှစ်ကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ခဲ့ပြီ။ သင့်ကလးဟာ သူ့ရဲ့ပထမဆုံးခြေလှမ်းကိုလှမ်းရင်း တစ်ကိုယ်တည်းရပ်တည်စပြုလာပါပြီ။ ကလေးအတော်များများဟာ ၉လနဲ့၁၂လကြားမှာ လမ်းလျှောက်ခြင်းကို အစပျိုးသင်ကြားကြပါတယ်။
၁၄လ နဲ့ ၁၅လကြားမှာတော့ သေချာကောင်းမွန်စွာလမ်းလျှောက်နိုင်ကြပါပြီ။ တကယ်လို့သင့်ကလေးဟာ စားပွဲတွေကို မလွှတ်သေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့ဦး။ ကလေးတွေ ၁၅လ ၁၆လအရွယ်ထိ လမ်းလျှောက်စမပြုသေးဘူးဆိုတာကလည်း သာမန်ဖြစ်နေကျကိစ္စတစ်ရပ်ပါ။ လုံး၀ Normal ပါပဲ။ တစ်ခါတလေ ဒီထက်တောင် နောက်ကျနိုင်ပါသေးတယ်။
ဝူးဝူးဝါးဝါးပြောနေတဲ့လပေါင်းများစွာအပြီးမှာတော့ သင့်ကလေးဟာ စကားလုံးတွေကို စတင်မှတ်သားတတ်လာပါပြီ။ ဒါဟာတစ်နေ့တည်း တစ်ညတည်းမှာဖြစ်လာမဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကလေးတစ်ယောက်နဲ့ တစ်ယောက် မှတ်သားနိုင်တဲ့ အချိန်ချင်းကလည်း တူညီမှာတော့မဟုတ်ပါဘူး။ သေချာတဲ့အချက်တစ်ခုကတော့ ကလေးငယ်ဟာသူပြောနိုင်တာထက် အများကြီးပိုပြီးနားလည်နေပါပြီ။
သင့်ကလေးကို ထူခြင်းပွေ့ခေါ်ခြင်းများ မလုပ်ဘဲ အကူအညီမပါဘဲတစ်ယောက်တည်း သွားလာလှုပ်ရှားစေခြင်း၊ တစ်ခုခုကိုကိုင်ပြီးလမ်းလျှောက်တာနဲ့ လွှတ်ပြီးလမ်းလျှောက်တာ နှစ်မျိုးလုံးကို အားပေးပါ။ သင့်ကလေးဟာ ယိုင်နဲ့နဲ့လေးလမ်းလျှောက်ဖို့ကြိုးစားနေတဲ့အချိန်မှာ သင့်လက်ချောင်းလေးတစ်ချောင်းကို ကိုင်ထားရတာက သူ့အတွက် ယုံကြည်စိတ်ချမှုကို ခံစားရစေမှာပါ။
ဒီအသက်အရွယ်မှာတိုက်ကျွေးသင့်တာကတော့ အဆီမထုတ်ထားတဲ့နို့တွေပါ။ လမ်းလျှောက်တတ်ကာစ ကလေးတွေဟာ သူတို့ရဲ့ကြီးထွားမှုနဲ့ အရေးတကြီးလိုအပ်တဲ့ စွမ်းအင်တွေအတွက် အဆီကိုလိုအပ်ပါတယ်။
ခြွင်းချက်တွေအနေနဲ့တော့ တကယ်လို့သင်ဟာ အဝလွန်နေခဲ့ရင်(အလွန်ဝနေရင်) သို့မဟုတ် မိသားစုထဲမှာ အဝလွန်မျိုးရိုးရှိခဲ့ရင် , ကိုလက်စထရောမြင့်နေခဲ့ရင် သို့မဟုတ် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါရှိနေရင် ကလေးဆရာဝန်က အဆီလျှော့ထားတဲ့နို့ကိုသာတိုက်ဖို့ အကြံပြုကောင်းပြုပါလိမ့်မယ်။
သင့်ကလေးဟာ သင်လုပ်သမျှအရာအားလုံးကိုစောင့်ကြည့်နေပါတယ်။ လမ်းလျှောက်တတ်ကာစ ကလေးများဟာ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေ အထူးသဖြင့် မိဘတွေရဲ့ အပြုအမူတွေကို အတုယူနေတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့အခြေခံအပြုအမူတွေကို သင်ကြားတဲ့ပုံစံပါပဲ။ သင့်ကလေးကို ထိခိုက်နိုင်မယ့် ပစ္စည်းအားလုံးကို ဖယ်ထားပေးဖို့ မမေ့ပါနဲ့။
ကလေးအသက် ၁၂လမှာ ဆရာဝန်နဲ့ပြပြီးစစ်ဆေးဖို့ အကြံပြုထားပါတယ်။ ဆရာဝန်မေးနိုင်တဲ့မေးခွန်းတွေကို ဖြေကြားဖို့အတွက် အောက်ဖော်ပြပါအချက်တွေကိုကြည့်ပြီး ပြင်ဆင်သွားနိုင်ပါတယ်။
ဒီမေးခွန်းတွေဟာ သင့်ကလေးရဲ့ အိပ်တဲ့အလေ့အထတွေ၊ အမြင်အာရုံတွေ၊ ခန္ဓါကိုယ်ပိုင်းဆိုင်ရာနဲ့ အပြုအမူဆိုင်ရာတွေ တိုးတက်လာမှုရှိမရှိစစ်ဆေးတဲ့နေရာမှာ ဆရာဝန်တွေကို အထောက်အကူပြုပါတယ်။ တကယ်လို့သင့်ကလေးဟာ ယားယံပြီးနေရခက်တာတွေဖြစ်နေတယ်ဆိုရင် ဆရာဝန်ကိုပြောပါ။
အဲ့ဒါဟာ ဓါတ်မတည့်ခြင်းရဲ့ လက္ခဏာတွေဖြစ်နိုင်ပါတယ်။
သင့်ကလေးကို သွားပြတဲ့အခါမှာ ဆရာဝန်က အရပ်အမြင့်၊ ကိုယ်အလေးချိန်နဲ့ ဦးခေါင်းအရွယ်အစားကို တိုင်းတာပါလိမ့်မယ်။ ဒီအတိုင်းအတာတွေကို ဖွံ့ဖြိုးမှုဇယားမှာ မှတ်သားထားပါလိမ့်မယ်။ ဖွံ့ဖြိုးမှုဇယားဟာ အနည်းငယ်ရှုပ်ထွေးနေနိုင်ပေမဲ့ ဘယ်လိုဖတ်ရမလဲဆိုတာကို နားလည်ထားဖို့က အရေးကြီးပါတယ်။ စိတ်မပူပါနဲ့။ ကျွန်တော်တို့က ကူညီပေးမှာပါ။
WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း)အရ ၁၂လအရွယ်ကလေးတွေရဲ့ အတိုင်းအတာတွေဟာ ပျမ်းမျှအောက်ပါအတိုင်း ရှိသင့်ပါတယ်။
ဒါတွေဟာ အဆင့် ၁၀၀မှာ အဆင့်၅၀ဖြစ်နေတဲ့အတိုင်းအတာတွေဖြစ်ပါတယ်။ ဆိုလိုတာက ၅၀%သော တစ်နှစ်သားအရွယ်ကလေးတွေဟာသင့်ကလေးနဲ့ ကိုယ်အလေးချိန်အတူတူ (သို့မဟုတ်) နည်းနေတတ်ပြီး ကျန် ၅၀%သောကလေးတွေကတော့ သင့်ကလေးထက် ကိုယ်အလေးချိန်ပိုနေမှာဖြစ်ပါတယ်။
တကယ်လို့ သင့်ကလေးဟာ အဆင့်၂၅မှာရှိနေခဲ့တယ်ဆိုရင်လည်း တစ်ခုခုမှားယွင်းနေတာလို့ မဆိုလိုပါဘူး။ ဒီအဓိပ္ပါယ်က တစ်နှစ်အရွယ်ကလေး ၂၅%ဟာ အတိုင်းအတာတွေအတူတူ (သို့)ပိုနည်းနေတတ်တာမျိုးဖြစ်ပါတယ်။
သင့်ကလေးဟာ ပုံမှန်ကြီးထွားလာမှာမဟုတ်ဘဲ အလျင်အမြန် ရုတ်တရက်ချက်ချင်းကြီး ကြီးထွားလာမှာပါ။ ဆရာဝန်ကတော့ ကြီးထွားနှုန်းကို အခြားအတိုင်းအတာတွေထက် ပိုပြီးတော့ ဂရုပြုနေပါလိမ့်မယ်။
တကယ်လို့ သင့်ကလေးဟာ ကြီးထွားမှုရပ်သွားတာ (သို့မဟုတ်) ကိုယ်အလေးချိန်လျော့သွားတာမျိုးဆိုရင် ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတဲ့ လက္ခဏာပါ။ ရုတ်တရက်ချက်ချင်းကြီး ပြောင်းလဲမှုတစ်ခုခုဖြစ်လာပြီဆိုရင်တော့ သင်စိုးရိမ်သင့်ပါပြီ။
သင်စိတ်ပူနေနိုင်မဲ့ အချက်အချို့ကို ဒီမှာဖော်ပြထားပါတယ်။
ကလေးရဲ့ အမြင်အာရုံ
ကလေးတွေဟာသူတို့မှာ အမြင်အာရုံပြဿနာတွေရှိနေကြောင်း မသိကြပါဘူး။ ဒါကြောင့် သင်ကမြင်လွယ်ပြီး ဖြစ်နိုင်ချေရှိတဲ့ပြဿနာတွေကိုပြတဲ့ လက္ခဏာရပ်တွေကို အမြဲတစေ သတိပြုနေရပါမယ်။
တကယ်လို့သင့်ကလေးဟာ
ကလေးဆရာဝန်နဲ့သာပြပါ။
တကယ်လို့ သင့်ကလေးဟာ မျက်ရည်ပြွှန်ပိတ်(မငိုနိုင်)တဲ့ လက္ခဏာတွေပြနေရင်သော်လည်းကောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု (သို့) ကူးစက်ရောဂါကြောင့် မျက်လုံးနီရဲနေတာမျိုး ဖြစ်နေခဲ့ရင် သင့်ကလေးရဲ့မျက်လုံးကို ဆရာဝန်ဆီမှာ ပြရမှာပါပဲ။
မျက်ရည်ပူတွေကျတာ၊ မျက်လုံးနီရဲနေတာ၊ နာကျင်တာ၊ အလင်းရောင်မခံနိုင်တာ၊ ပြည်တည်တာ မျက်စွံဖုပေါက်တာ စတဲ့ လက္ခဏာတွေပါ ပါဝင်ပါတယ်။
ခဲဆိပ်သင့်ခြင်း
အသက်၁နှစ် နှင့် ၂နှစ်အရွယ်ကလေးတွေမှာ ခဲဆိပ်သင့်တာအဖြစ်များပါတယ်။ ကလေးတွေဟာ ကြမ်းပြင်ပေါ်မှာ တွားသွားပြီး သူတို့ရဲ့လက်တွေကို ပါးစပ်ထဲပြန်ထည့်နိုင်ပါတယ်။ ဒါပေမဲ့ ကလေးဘယ်အရွယ်ပဲဖြစ်ဖြစ် ခဲနဲ့ထိတွေ့နေတဲ့ကလေးတိုင်းဟာ ခဲဆိပ်သင့်ခြင်းဖြစ်နိုင်ပါတယ်။
ကလေးတွေရဲ့ခန္ဓါကိုယ်ဟာ အပြည့်အဝဖွံ့ဖြိုးခြင်းမရှိသေးတာကြောင့် အရွယ်ရောက်ပြီးသားလူတွေထက် အဆိပ်မိနိုင်ခြေပိုများပါတယ်။ အခြားနည်းကတော့ သွေးထဲမှာ ခဲဓါတ်များနေတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးဆီကနေ မမွေးရသေးတဲ့ကလေးဆီကို ခဲဓါတ်တွေ ကူးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။