backup og meta

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင်

    ဒီတစ်ခေါက်တော့ ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင် အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင်

    ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင် အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။

    ဦးနှောက် အမြှေးရောင်တယ်ဆိုတာကဘာလဲ……….

    ဦးနှောက်အမြှေးရောင်တယ်ဆိုတာက ဦးနှောက်နဲ့ကျောရိုးနဗ်ကြောကို ဖုံးအုပ်ထားတဲ့ အမြှေးပါးလေးရောင်ရမ်းတဲ့ အခြေအနေတစ်ရပ်ပါ။ ဦးနှောက်အမြှေးရောင်တာက အရွယ်မရွေးဖြစ်နိုင်တဲ့ရောဂါတစ်ခုပေါ့။ ဦးနှောက် အမြှေးရောင်ရောဂါက လူတစ်ဦးကနေ တစ်ဦးကို မကူးစက်နိုင်ပါဘူး။ရောဂါရှိတဲ့ခြင်ကိုက်ခံရမှသာကူးစက်နိုင်တာပါ။ ဦးနှောက်အမြှေးရောင်ရောဂါကမြန်မြန်သိပြီးမြန်မြန်ကုသနိုင်ရင်ပျောက်ကင်းနိုင်ခြေပိုများပါတယ်။ ကာကွယ်တာက ကုသတာထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ဦးနှောက်အမြှေးရောင်ကို ကာကွယ်ဖို့ အကောင်းဆုံးသောနည်းလမ်းက ကာကွယ်ဆေးထိုးနှံတာပါပဲ။

    ဘာတွေကြောင့်ဦးနှောက် အမြှေးရောင်ဖြစ်တာလဲ……..

    ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ရတာကခြင်ကိုက်တာကနေတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ် တွေကြောင့်ပါ။ရောဂါရှိတဲ့သူက အခြားတစ်ဦးကို ကိုင်တွယ်ထိတွေ့ရုံ၊ နမ်းရှုတ်ရုံလောက်နဲ့မဖြစ်သလိုရောဂါပိုးရှိနေသူက နှာချေ၊ချောင်းဆိုးတာတွေကနေတဆင့်လည်းရောဂါပိုးတွေ မကူးစက်နိုင်ပါဘူး။ အဓိကကတော့ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင် ကိုက်ခံရတာကြောင့်ဖြစ်ရတာပါ။ ဒီရောဂါကဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့်သေသေချာချာကုသမှုမလုပ်ဘူးဆိုရင်တော့ အသက်အန္တရာယ်ထိခိုက်တာမျိုးအထိဖြစ်နိုင်ပါတယ်။

    ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ……

    ဦးနှောက်အမြှေးရောင်ရောဂါက ကူးစက်ခံရသူရဲ့ အသက်အရွယ်ကိုလိုက်ပြီးခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့

  • အဖျားတက်မယ်
  • အားအင်ကုန်ခမ်းသလိုဖြစ်မယ်
  • ခြေကုန်လက်ပမ်းကျမယ်
  • ခေါင်းကိုက်မယ်
  • အလင်းဒဏ်မခံနိုင်ဖြစ်မယ်
  • ဇက်ကြောကြီးတောင့်နေမယ်
  • အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်မယ် စသဖြင့်ခံစားရနိုင်ပါတယ်။
  • ဘေဘီလေးတွေမှာ ဆိုရင်ရော………

    ဘေဘီလေးတွေမှာ ဦးနှောက် အမြှေးရောင်ရောဂါခံစားရမယ်ဆိုရင်တော့

    • စိတ်ဆိုးနေမယ်
    • အစားမစားဘဲဖြစ်မယ်
    • တစ်ချိန်လုံးအိပ်နေမယ် (မှိန်းနေမယ်)
    • အိပ်ရာကမထဘဲ နှိုးရခက်တာမျိုးဖြစ်နေမယ်
    • အဖျားတက်မယ်
    • အရေပြားမှာ အစက်လေးတွေဖြစ်မယ်
    • အသားဝါမယ်
    • လည်ပင်းနဲ့ ခန္ဓါကိုယ်ကတောင့်တင်းနေမယ်
    • နို့မစို့နိုင်ဖြစ်မယ်
    • ချော့မရအောင်ငိုမယ် စတဲ့လက္ခဏာတွေတွေ့ရနိုင်ပါတယ်။

    ဘယ်လိုကုသမလဲ………

    ဦးနှောက်အမြှေးရောင်တာက သိပ်မပြင်းထန်ဘူးဆိုရင် ၇ ရက်ကနေ ၁၀ ရက်အတွင်းမှာ သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ ကုသမှုခံယူဖို့တော့လိုအပ်ပါမယ်။ အရမ်းပြင်းထန်ရင်တော့ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူရမှာပါ။ဘေဘီလေးတွေမှာတော့ သိပ်မပြင်းထန်ဘူးဆိုရင် အိမ်မှာပဲနေကောင်းအောင်စောင့်ရှောက်ပေးလို့ရပါတယ်။ အကောင်းဆုံးကတော့ဘေဘီလေးကို ကာကွယ်ဆေးထိုးပေးထားဖို့ပါ။ရောဂါခံစားလာရပြီဆိုရင်ကောင်းကောင်းအနားယူရပါမယ်။ အရည်များများသောက်ရပါမယ်။ ဒါမှ အဖျားကျပြီးအော့အန်တာ၊ချွေးထွက်တာတွေကြောင့် ဆုံးရှုံးသွားတဲ့ရေဓါတ်ကို အကောင်းဆုံးဖြည့်တင်းပေးနိုင်မှာပါ။ အစားစားချင်စိတ်နည်းနေတဲ့အခါမျိုးမှာလည်း အာဟာရဖြစ်စေမယ့် သောက်စရာတွေကို တိုက်ပေးတာက အဆင်အပြေဆုံးပါ။

    နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ……..

    ဦးနှောက်အမြှေးရောင်ရောဂါက ပြင်းထန်မယ်။ သေချာကုသမှု မခံယူမိဘူး ဆိုရင်တော့ နောက်ဆက်တွဲပြဿနာအနေနဲ့

    • သတိလစ်တာ
    • သွေးပေါင်ကျတာ
    • တက်တာ
    • အကြားအာရုံထိခိုက်တာ
    • အမြင်အာရုံထိခိုက်တာနဲ့
    • တက်တာတွေကို ခံစားရနိုင်ပါတယ်။ ဦးနှောက်အမြှေးရောင်ရောဂါရဲ့နောက်ဆက်တွဲပြဿနာအနေနဲ့ အများဆုံးခံစားရနိုင်တာကတော့ အကြားအာရုံ ဆုံးရှုံးတာပါ။ တစ်ခါတလေမှာ နှလုံး၊ ကျောက်ကပ်နဲ့ အက်ဒရီနယ်လင်ဂလင်းတွေကို ထိခိုက်တာမျိုးအထိဖြစ်နိုင်ပါတယ်။

    ကာကွယ်လို့ရလား……..

    ဦးနှောက် အမြှေးရောင်တာကို ကာကွယ်လို့ရပါတယ်။ အကောင်းဆုံး ကာကွယ်နည်းက ကာကွယ်ဆေးထိုးပေးတာပါ။ ကလေးငယ်တွေဟာ အသက် ၁ နှစ်ရောက်လာတဲ့အခါ ဦးနှောက်ရောင်ကာကွယ်ဆေးကို ထိုးနှံရပါမယ်။ဘေဘီလေးတွေဟာ အသက် ၂ လကနေ ၁၁ နှစ်အတွင်းမှာ ဦးနှောက်ရောင်ရောဂါကို ခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေတတ်ပါတယ်။ ဒီလိုအချိန်မှာ အကောင်းဆုံးကာကွယ်နိုင်မယ့် နည်းလမ်းက

    • ရောဂါပိုးရှိနေတဲ့ နေရာတွေကို ခရီးသွားတာမျိုး မလုပ်ပါနဲ့
    • ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပေးပါ
    • အာဟာရပြည့်ဝအောင်ကျွေးမွေးပေးပါ
    • အိပ်စက်ချိန် ပြည့်ဝအောင်ဂရုစိုက်ပေးပါ
    • ညစ်ပေတဲ့အရာတွေကိုင်တွယ်ပြီးတိုင်း၊ ဖျားနာနေသူနဲ့ ထိတွေ့ပြီးတိုင်းမှာ လက်ကိုသေချာသန့်စင်အောင်ဆေးကြောပေးပါ
    • ခြင်ကိုက်ခံရမှုကနေ ကာကွယ်ပေးပါ။

    ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ပြမလဲ…………

    ကလေးက

    • အော့အန်မယ်
    • ခေါင်းကိုက်မယ်
    • ခြေကုန်လက်ပမ်းကျနေမယ်
    • အာရုံတွေရှုပ်ထွေးနေမယ်
    • ဇက်ကြောတွေတောင့်တင်းနေမယ်
    • အရေပြားမှာ အနီရောင် အဖုအပိမ့်တွေထွက်နေမယ်
    • အဖျားကြီးမယ်
    • အစားကောင်းကောင်းမစားတော့ဘူး
    • တစ်ချိန်လုံးမှိန်းနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးဖို့လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement