backup og meta

သင့်ကလေးကို ဘယ်အချိန်မှာ ပန်းသီးဖျော်ရည်တိုက်နိုင်ပြီလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို ဘယ်အချိန်မှာ ပန်းသီးဖျော်ရည်တိုက်နိုင်ပြီလဲ

    အသီးဖျော်ရည်သည် သောက်ရလွယ်ကူသော ဖျော်ရည်တစ်ခုဖြစ်ပြီး ဗီတာမင် နှင့် သတ္တုဓါတ်များကြွယ်ဝသော အစားအစာရင်းမြစ်တစ်ခုအဖြစ် ယုံကြည်ကြသည်။ သို့သော် သင့်ကလေးအထူးသဖြင့် မွေးကင်းစကလေးနှင့် တစ်နှစ်အောက်ကလေးများကို အသီးဖျော်ရည် တိုက်ဖို့အတွက်ကိုတော့ သင်တွေးထားတာထက် ပိုစဉ်းစားသတိထားဖို့လိုအပ်သည်။

    သစ်သီးဖျော်ရည်များသည် တစ်နှစ်အောက်ကလေး ဝမ်းချုပ်ခြင်းအတွက် အထူးကောင်းမွန်သည်။

    ကလေးဆရာဝန်များသည် တစ်နှစ်အောက်အရွယ် သင့်ကလေး ဝမ်းချုပ်ခြင်း သက်သာစေရန် ပန်းသီးဖျော်ရည်နှင့် ရေကို ရောပြီး တိုက်ကျွေးဖို့ အကြံပေးထားပါသည်။ ထိုဖျော်ရည်သည် ၁၀၀ ရာခိုင်နှုန်း သဘာဝစစ်စစ်ဖြစ်ပြီး သကြား၊ ဆေးသကြားများ ပါဝင်ခြင်းမရှိရန်၊ ဖျော်ရည်ဘူးတွင် ပိုးသတ်ထားသည်ဟု ရေးထားသော အညွှန်းပါရန် အထူးသတိထားပါ။

    သင့်ကလေး ကို ပန်းသီးဖျော်ရည် (သို့) မည်သည့်ဖျော်ရည်မဆို မတိုက်ကျွေးခင် ကလေးအတွက် ဘေးကင်းစိတ်ချကြောင်း သေချာစေရန် သင့်ဆရာဝန်၊ အာဟာရပညာရှင် (သို့) ကလေးဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ အတွေ့အကြုံမရှိသောသူ (သို့) ဆေးပညာဗဟုသုတမရှိသောသူများဆီမှ အကြံဉာဏ်မတောင်းပါနဲ့။ သူတို့သည် စိတ်ရင်းစေတနာနှင့် အကြံပေးခြင်း ဖြစ်နိုင်သော်လည်း မှားယွင်းသော အကြံဉာဏ်များသည် သင်ကလေးကို ဆိုးရွားသော နောက်ဆက်တွဲဆိုးကျိုးများ သယ်လာမည့် မမျှော်လင့်ထားသော ရောဂါများကို ဖြစ်စေနိုင်ပါသည်။

    ကလေး အသက် ၈ လ မတိုင်ခင် မည်သည့် ဖျော်ရည်မှ မတိုက်ပါနဲ့။

    ကလေးအထူးကုအများစုသည် ကလေးအသက် ၈လအောက်တွင် ပန်းသီးဖျော်ရည်အပါအဝင် မည်သည့် ဖျော်ရည်မှ မတိုက်သင့်ဟု အခိုင်အမာယုံကြည်ကြသည်။ သို့ရာတွင် တစ်နှစ်အောက်ကလေးများသည် အာဟာရဓါတ်လုံလုံလောက်လောက်ရရှိစေရန် အသီးနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်ကြိတ်ထားသော အနှစ်ကို စားသုံးပေးသင့်သည်။

    ထို့ပြင် ကလေးအထူးကုအများစုသည် သင့်ကလေး ရေကို ခွက်ဖြင့် စမသောက်တတ်ခင် အချိန်ထိ ဖျော်ရည်မတိုက်ရန် အကြံပြုထားသည်။ ကလေးစတင်သောက်တတ်ချိန်တွင်ပင် ဖျော်ရည်ကို ရေနှင့် ရောဖို့ အကြံပေးထားသည်။ ဖျော်ရည်အများအပြားသောက်ခြင်းသည် ရေအရသာကို မနှစ်သက်ခြင်း ဖြစ်စေကာ သွားပိုးစားခြင်း၊ သွားပျက်စီးခြင်းကိုလည်းဖြစ်စေသည်။ ထို့ကြောင့် ဆရာဝန်က ကလေးငယ် ဝမ်းချုပ်ခြင်းအတွက် အသီးဖျော်ရည်တိုက်ရန် ညွှန်ကြားချက် မရှိဘဲ ကလေးကို ဘူးနှင့် ဖျော်ရည်တိုက်ရန်ကြိုးစားခြင်းသည် နည်းလမ်းကောင်းမဟုတ်ပါ။

    ဖျော်ရည်တွင် အာဟာရတန်ဖိုး မရှိပါ။

    တစ်နှစ်အောက်ကလေးနှင့် မွေးကင်းစကလေးများသည် ကျန်းကျန်းမာမာ ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင်၊ သတ္တုဓါတ်၊ ပရိုတင်း နှင့် အဆီ ပမာဏအချို့ နေ့စဉ်ရရှိဖို့လိုအပ်ပါသည်။ သို့သော် သင်သည် ကလေးအာဟာရ အတွက် အဓိက အစားအစာဖြစ်သော မိခင်နို့ နှင့် နို့မှုန့်၏ အရေးပါမှုကို နားလည်ဖို့ အလွန်အရေးကြီးပါသည်။ ကလေးငယ်လေးတွေကိုမွေးစကနေ ၆ လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးရုံနဲ့ လုံလောက်တဲ့ အာဟာရဓါတ်တွေကို ရရှိစေနိုင်မှာပါ။

    အကယ်၍ သင့်ကလေးသည် ပန်းသီးဖျော်ရည် အများအပြားသောက်လျှင် မိခင်နို့ နှင့် နို့မှုန့်ကို အလုံအလောက်မသောက်ဖို့ ဖြစ်နိုင်ခြေများသည်။

    ဖျော်ရည်အသောက်များခြင်း၏ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များ

  • ဖျော်ရည်အသောက်များခြင်းသည် အာဟာရချို့တဲ့ခြင်း (သို့) သွေးအားနည်းခြင်း ကဲ့သို့သော ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်သည်။
  • ၎င်းသည် သွားကြွေလွှာကို ထိခိုက်ပျက်စီးစေပြီး နောက်ပိုင်းတွင် သွားပိုးစားခြင်းကို ဖြစ်စေသည်။
  • အကယ်၍ သင့်ကလေးသည် တစ်ရက်ကို အသီးဖျော်ရည် ၁၂ အောင်စ ထက်ပိုသောက်လျှင် သူတို့သည် အရပ်ပု ပြီး အဝလွန်နိုင်ချေ များပါသည်။
  • Sorbitol (သို့) ဆေးသကြားကဲ့သို့သော fructose ပမာဏများစွာပါဝင်သော အသီးဖျော်ရည်များသည် ကလေးများတွင် ကဏှာမငြိမ်ဖြစ်ခြင်း၊ လေထိုးခြင်း (သို့) အစာအိမ်အောင့်ခြင်းများကို ဖြစ်စေနိုင်သည်။
  • ပိုးမသတ်ထားသော ဖျော်ရည်များသည် Ecoli (သို့) Salmonella ကဲ့သို့သော ဘက်တီးရီးယားပိုး ပါဝင်နိုင်ပါသည်။
  • ဖျော်ရည်အမြောက်အမြားသောက်သုံးခြင်းသည် ရေဓါတ်ခန်းခြောက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။
  • အကယ်၍ သင်သည် သင့်ကလေးကို ပန်းသီး ဖျော်ရည်တိုက်သင့် မတိုက်သင့် ဝေခွဲမရဖြစ်နေလျှင် ဆရာဝန်၊ အာဟာရပညာရှင် (သို့) ကလေးအထူးကုနှင့် တိုင်ပင်ပြီး အကြံဉာဏ်၊ နည်းလမ်းများ တောင်းခံနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement