backup og meta

ကလေးငယ်များတွင်ဗီဇတစ်ခုယိုယွင်းမှုကြောင့်ဖြစ်ပေါ်လာသောရောဂါများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်များတွင်ဗီဇတစ်ခုယိုယွင်းမှုကြောင့်ဖြစ်ပေါ်လာသောရောဂါများ

    ဗီဇတစ်ခုပြောင်းလဲခြင်းရောဂါများဟာ သန္ဓြေသားဖွံ့ဖြိုးချိန်မှာ ဗီဇတစ်ခုယိုယွင်းသွားမှုကြောင့် ရရှိလာသော ပုံမှန်မဟုတ်သည့်ဖြစ်စဉ်များဖြစ်ပါတယ်။ ဗီဇတစ်ခုပြောင်းလဲသောကြောင့်ရရှိသောရောဂါများမှာ ပုံမှန်အားဖြင့် မျိုးရိုးလိုက်သောရောဂါများဖြစ်ပြီး မိသားစုဝင်တစ်ယောက်ယောက်ဆီကနေ ရရှိတတ်ပါတယ်။ ဗီဇတစ်ခုယိုယွင်းပြောင်းလဲခြင်းကြောင့် ရနိုင်သော ရောဂါအမျိုးမျိုးရှိပါတယ်။

    အဖြစ်များသည့်ရောဂါများ

    မျိုးရိုးဗီဇတစ်ခုယိုယွင်းပြောင်းလဲသွားခြင်းကြောင့် ရရှိနိုင်တဲ့ ရောဂါတွေအများကြီးရှိနိုင်တဲ့အတွက် အားလုံးကိုသိရှိနိုင်ဖို့ကတော့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမယ့် ကျွနုပ်တို့တွေဖြေရှင်းရမယ့် တွေ့ဖူးနေကြ ကျန်းမာရေးပြဿနာတော်တော်များများက ဗီဇတစ်ခုယိုယွင်းပြောင်းလဲမှုကြောင့် ရရှိလာတာတွေဖြစ်နိုင်ပါတယ်။ ထိုရောဂါတွေဟာ အဖြစ်များတတ်ပြီး လူမျိုး၊ အသားအရောင် ယောက်ျားမိန်းမ မရွေးမှာ ဖြစ်ပွားနိုင်ပါတယ်။

    ဗီဇတစ်ခုတွင်အနာအဆာရှိခြင်းကြောင့်ရရှိလာတတ်သော ရောဂါတွေကတော့

    သွေးကင်ဆာ

    သွေးဖြူဥကင်ဆာလို့လည်းသိထားသော သွေးကင်ဆာ၊

    မျက်လုံးအကျိတ်ကင်ဆာ

    မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် မျက်ကြည်လွှာဆဲလ်များ ဆက်လက်မဖွံ့ထွားမှုကြောင့် ရရှိလာသော ကလေးများတွင်တွေ့ရသည့် ကင်ဆာတစ်မျိုး၊ အသက် ၆ လနှင့် ၃ နှစ်ကြားတွင်တွေ့ရပြီး လူမျိုးမရွေး ကျားမ,မရွေး တူညီစွာဖြစ်ပွားနိုင်ပါတယ်။

    ကြွက်သားသေခြင်း

    ကွက်သားများအားနည်းခြင်း၊ လျော့ရဲခြင်း၊ ကြွက်သွားများတိုသွားခြင်း မာခြင်းများကဲ့သို့သော ကြွက်သားရောဂါများ။ ထိုရောဂါများသည် တဖြေးဖြေးပိုဆိုးလာကာ တခါတရံအသက်အန္တရာယ်ထိခိုက်သည်ထိ ဖြစ်နိုင်ပါသည်။ ကလေးဘဝတွင်ဖြစ်ပေါ်လေ့ရှိပြီး တချို့ကလူကြီးဘဝမှာ ခံစားရတတ်တယ်။ ကလေးများတွင် တွေ့ရအများဆုံးမှာ ‘ဒူရှန်’ကြွက်သားသေခြင်းရောဂါတစ်မျိုးဖြစ်ပြီး ယောက်ျားလေးများတွင်သာတွေ့ရသော ဆိုးရွားသည့်ရောဂါတစ်မျိုးဖြစ်ပါသည်။

    နောက်ထပ်ဗီဇတစ်ခုယိုယွင်းပြောင်းလဲသွား၍ရသော ရောဂါတစ်မျိုးကတော့ အကျိအချွဲရည်များကိုထုတ်ပေးသော ဆဲလ်များ အပွားများသည့် မျိုးရိုးလိုက်ရောဂါတစ်မျိုးဖြစ်တယ်။ ထိုရောဂါဟာ ခန္တာကိုယ်မှထွက်သည့်အကျိအချွဲများကို ပျစ်ခဲသွားစေပြီး လေပြွန်ပိတ်ခြင်းများဖြစ်စေနိုင်တယ်။ အဆုတ်ရောဂါပိုးဝင်ခြင်း၊ အစာမကြေခြင်း နှင့် အာဟာရများကိုကောင်းစွာမစုပ်ယူနိုင်ခြင်း စသည်တို့ဖြစ်စေနိုင်သည့်အပြင် အဆုတ်၊ အူစသည့် အရေးကြီးအင်္ဂါများကို ပြင်းပြင်းထန်ထန်ထိခိုက်ကာ အသက်အန္တရာယ်ပင်ရှိစေနိုင်တယ်။

    သွေးမတိတ်ရောဂါ အေ

    သွေးထဲတွင်ပါဝင်သည့် သွေးခဲစေသောပစ္စည်းတစ်မျိုး ချို့တဲ့သောကြောင့် ရတတ်တဲ့ သွေးမတိတ်သောရောဂါတစ်မျိုးဖြစ်တယ်။ သွေးထွက်နိုင်ချေများစေပြီး ရောဂါရှင်၏ ကြွက်သားများ အဆစ်များတွင် အလွယ်တကူ အညိုအမဲစွဲခြင်း၊ သွေးယိုခြင်းများဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇဆက်ခံသည့် ပုံစံအရ ထိုရောဂါသည် ယောက်ျားလေးများတွင်သာဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်။ ‘သယ်လက်စ်ဆီးမီးယား’ လို့ခေါ်သောသွေးအားနည်းရောဂါတမျိုး – သွေးနီဥတွေ ပုံစံမမှန်ကြသောကြောင့် အောက်စီဂျင်မသယ်နိုင်တော့သော သွေးရောဂါတစ်မျိုးဖြစ်ပါတယ်။

    ဘာကြောင့်ထိုရောဂါတွေရရသလဲ

    ထိုရောဂါတွေဟာ ဟိုးတချိန်တုန်းကဖြစ်ပေါ်ခဲ့တဲ့ ဗီဇတစ်ခုယိုယွင်းမှုကြောင့်ဖြစ်လာရကြတာပါ။ ဘာကြောင့် ထိုဗီဇယိုယွင်းခဲ့ရလဲ ဆိုတာကိုတော့ ခေတ်သစ်သိပ္ပံပညာတောင် နားမလည်နိုင်သေးပါဘူး။ သို့ပေမယ့် ဗီဇတစ်ခုတည်းမှာသာ ဖြစ်ပွားတာဖြစ်တာကြောင့် ဘယ်လိုကလေးမျိုးတွေဟာ ထိုကဲ့သို့ရောဂါတွေ ရနိုင်ခြေပိုများလည်းဆိုတာကိုတော့ တဖြည်းဖြည်းရှာဖွေနိုင်လာကြပါတယ်။

    အခုကျွန်ုပ်တို့တွေအကုန်လုံးဟာ ၅ ခုကနေ ၁၀ ခုသော ယိုယွင်းနေတဲ့ ‘အလွှမ်းမိုးခံဗီဇ’တွေနဲ့ လျှောက်သွားရှင်သန်နေကြတာပါ၊ ဒါပေမယ့် ကျန်ုပ်တို့မှာထိုရောဂါတွေမဖြစ်ရခြင်းကတော့ ကျန်ုပ်တို့သယ်ဆောင်ထားတာတဲ့ ယိုယွင်းနေတဲ့ ဗီဇလေးက တစ်ခုထဲသာဖြစ်ပြီး ထိုဗီဇလေးက ‘အဖုံးလွှမ်းခံထားရတဲ့ဗီဇ’မို့လို့ပါ၊ ထိုဗီဇတွေက လွှမ်းမိုးနိုင်ခြင်းမရှိတဲ့ ဗီဇတွေဖြစ်တဲ့အတွက် ရောဂါမရကြဘဲ ကျန်ုပ်တို့တွေဟာ ရောဂါဖြစ်စေနိုင်တဲ့ ဗီဇတွေကိုသယ်ဆောင်ထားရုံသာဖြစ်ပါတယ်။ ဒါပေမယ့် ကျန်ုပ်တို့လိုပဲ ထိုဗီဇကိုသယ်ဆောင်လာသူနဲ့ သားသမီးရရှိခဲ့မယ်ဆိုရင်တော့ အဲ့ကလေးမှာ မိဘနှစ်ပါးဆီကနေ ထိုဗီဇတွေကိုဆက်ခံပြီး ရောဂါရသွားနိုင်ချေ ၂၅ရာခိုင်နှုန်းရှိပါတယ်။

    မိဘတစ်ယောက်ထဲဆီကပဲ ယိုယွင်းနေတဲ့ဗီဇလေးရရုံ ရောဂါဖြစ်ဖို့လုံလောက်တဲ့ မျိုးရိုးဗီဇဆိုင်ရာရောဂါတွေလည်းရှိပါသေးတယ်။ ဒါကြောင့်မိဘတွေအနေနဲ့ အကောင်းဆုံးကတော့ ကလေးတွေရဲ့ရောဂါတွေကိုစောစောစီးစီးသိရှိပြီး ကလေးအတွက် အကောင်းဆုံးကုသမှုတွေခံယူဖို့ အသင့်ဖြစ်နေရန်လိုပါတယ်။

    ရောဂါတွေကိုစောစီးစွာသိရှိဖို့

    ဒီလိုရောဂါတွေဟာ ကလေးမွေးဖွားလာပြီးမှ သိရှိနိုင်တာပါ။ တချို့အနည်းငယ်ကိုသာ ကိုယ်ဝန်ဆောင်ချိန်မှာ သိနိုင်ပါတယ်။ စောစောစီးစီးရှာဖွေသိရှိခြင်းက ကုသဖြေရှင်းဖို့အတွက်အရေးကြီးပါတယ်။ မိဘတချို့ ထိုစစ်ဆေးခြင်းတွေကိုလုပ်ဖို့ပူပန်တွေဝေနိုင်ချိန်ဟာ အမှန်တော့ ကလေးလေးအတွက်က လိုအပ်တဲ့ကုသမှုတွေနဲ့ စောင့်ရှောက်မှုတွေပေးဖို့ အသည်းအသန်ဖြစ်နေသင့်တဲ့အချိန်တွေဖြစ်နေပါပြီ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement