backup og meta

ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Pyae Hein မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ

    ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ ….. မိခင်များသည် ကလေးများအတွက် ဖော်စပ်ထားသော နို့မှုန့်များထက် နွားနို့ကို ပိုပြီးအသုံးပြုကြပါသည်။ အဘယ်ကြောင့်ဆိုသော် နွားနို့သည် ပိုပြီး သဘာဝအရင်းအမြစ်ဖြစ်ခြင်းနှင့် အာဟာရဓာတ်များ ပိုပြည့်စုံမည်ဟုထင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။

    ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ

    ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ ဆိုတော့ မည်သို့ပင်ဆိုစေကာမူ နွားနို့သည် သင့်ကလေး အသက် အနည်းဆုံး ၁၂ လပြည့်မှ စတိုက်သင့်သော အရာဖြစ်ပါသည်။ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်သည်ဟု ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားတာဖြစ်ပါသည်။

    အဘယ်ကြောင့် နွားနို့ကို ကလေးအသက် အနည်းဆုံး ၁၂ လပြည့်မှ စတိုက်သင့်သလဲ။

    အမေရိကန်နိုင်ငံမှ ကလေးဆရာဝန်များ၏ အဆိုအရ ကလေးကို အသက် ၁ နှစ် မပြည့်မချင်းနွားနို့ကို လုံးဝမတိုက်သင့်ကြောင်း ပြောထားပါသည်။ နွားနို့တွင် ကလေး၏ အစာခြေစနစ်နှင့် ကျောက်ကပ်စနစ်တို့မှ ခြေဖျက်ရန်၊ စွန့်ထုတ်ရန် ခက်ခဲသော ပရိုတင်းဓာတ်များ များစွာပါဝင်နေခြင်းကြောင့် မိခင်နို့ ၊ နို့မှုန့်များထက်စာလျှင် နုနယ်သော ကလေးအစာအိမ်ကို ထိခိုက်စေပါသည်။ ထို့ပြင် သံဓာတ်၊ ဗီတာမင် စီနှင့် ကလေးများကြီးထွားရန် ကျန်းမာရန်လိုအပ်သော အခြားသော အာဟာရများ လုံလောက်စွာမပါဝင်သောကြောင့် နွားနို့သည် ၁ နှစ်အောက်ကလေးများအတွက် မသင့်တော်ပါ။

    ထို့ပြင် သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်နေသော ကလေးများတွင် နွားနို့သောက်ခြင်းသည် အကျိုးမထူးဘဲ အာဟာရဓာတ်များကို ပိုနည်းစေပါသည်။ နွားနို့တွင် သင့်ကလေးကို ကြီးထွားမှုများဖြစ်စေရန် ကောင်းကျိုးပြုသည့် အဆီများလည်း မပါဝင်ပါ။ သို့သော် အသက် ၁နှစ်ကျော်ပြီး သင့်ကလေးသည် အခြားသော အစာမာများ၊ အသီးများ၊ အရွက်များ၊ အသားငါး၊ ကောက်ပဲသီးနှံများစားချိန်တွင်မူ နွားနို့ကို ဖြည့်စွက် အာဟာရ အနေနှင့် တိုက်သင့်ပါသည်။

    ဘာကြောင့် ကလေးသည် နွားနို့ကို စသောက်သင့်ပြီလဲ။

    နို့တွင် ကယ်လ်ဆီယမ်ဓာတ်များစွာပါဝင်သောကြောင့် အရိုးများနှင့် သွားများကို သန်မာစေပါသည်။ ထို့ပြင် သွေးခဲခြင်းကို မျှတအောင်ပြုလုပ်ပေးခြင်း၊ ကြွက်သားများနှင့် အရိုးမျာကို ကြီးထွားစေခြင်းတို့ဖြစ်စေပါသည်။ နို့တွင် ဗီတာမင် ဒီ ပါဝင်သောကြောင့် ကိုယ်ခန္ဓာမှ ကယ်လိဆီယမ်ဓာတ်ကို လွယ်ကူစွာ စုပ်ယူနိုင်ပါသည်။ အမေရိကန်နိုင်ငံရှိ နို့အားလုံးနီးပါးတွင် ဗီတာမင် ဒီဓာတ်ဖြည့်ထားပြီးသားဖြစ်ပါသည်။

    ထို့ပြင် နို့တွင် အသားဓာတ်နှင့် ကစီဓာတ်များလည်း ပါဝင်သောကြောင့် သင့်ကလေး၏ ကြီးထွားမှုကို အားပေးရုံသာမက လိုအပ်သော စွမ်းအင်များကိုလည်း ပေးစွမ်းနိင်ပါသည်။ သင့်ကလေးသည် တစ်နေ့ကို နို့လုံလောက်အောင်သောက်ပါလျှင် သူသည် အသက်ကြီးလာလျှင် လေဖြတ်ခြင်း၊ သွေးတိုးရောဂါဖြစ်ခြင်း၊ အူမကြီးကင်ဆာဖြစ်ခြင်း၊ ပေါင်ရိုးများကျိုးခြင်းတို့ ဖြစ်နိုင်ခြေမှ ကင်းဝေးပါလိမ့်မည်။

    ကလေးသည် နွားနို့စသောက်နေပြီဆိုလျှင် မိခင်နို့တိုက်ခြင်းကို ရပ်သင့်ပြီလား

    အမေရိကန်နိုင်ငံမှ ကလေးဆရာဝန်များ၏ အဆိုအရ သင့်ကလေးသည် နွားနို့သောက်နေပြီဆိုလည်း မိခင်နို့ကို ဆက်တိုက်မြဲဆက်တိုက်လျှင် ကောင်းပါသည်ဟု ပြောပါသည်။ ကလေးအသက် (၆)လအထိ မိခင်နို့တိုက်ကျွေးခြင်းကပဲ သင့်တော်ပါသည်။

    ကလေးတွင် နွားနို့နှင့် ဓာတ်မတည့်ခြင်းရှိနိုင်ပါသလား

    နွားနို့နှင့် ဓာတ်မတည့်ခြင်း၏ အဓိကလက္ခဏာများမှာ

  • အနီစက်များဖြစ်ခြင်း၊ အင်ပြင်ထခြင်း (အထူးသဖြင့် မေးစေ့နှင့် ပါးစပ်တဝိုက်တွင်)
  • ဗိုက်ထဲတွင် မအီမသာဖြစ်ခြင်း
  • ဝမ်းလျှောခြင်း
  • အန်ခြင်း
  • ဖောရောင်ခြင်း
  • ယားယံခြင်း တို့ဖြစ်ပါသည်။
  • အကယ် အောက်ပါအခြေအနေများဖြစ်ခဲ့ပါက သင့်ကလေးကို နီးစပ်ရာ ဆေးခန်းသို့သွားပြီး အရေးပေါ်ကုသမှုများ ခံယူရမည်ဖြစ်ပါသည်။

  • ကလေးသည် အလွန်အားနည်းခြင်း၊ ဖြူရော်ခြင်း
  • တစ်ကိုယ်လုံးတွင် အနီရောင်များ ထလာခြင်း
  • ခေါင်း သို့မဟုတ် လည်ပင်းတွင် ဖောရောင်လာခြင်း
  • သွေးဝမ်းသွားခြင်း တို့ဖြစ်ပါသည်။
  • အချုပ်ဆိုရသော် သင့်ကလေးသည် နွားနို့နှင့် ဓာတ်မတည့်ခြင်း၊ နွားနို့တိုက်ရခက်ခြင်းများရှိလျှင် ဆရာဝန် သို့မဟုတ် အစာအာဟာရ ပညာရှင် သို့မဟုတ် ကလေးဆရာဝန်နှင့် ပြရန် ဝန်မလေးပါနှင့်။ သူတို့နှင့်တိုင်ပင်ပြီး အကြံဉာဏ်များကို ရယူပြီး လိုအပ်လျှင် ဆေးကုသမှုများကို ခံယူရမည်ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement