backup og meta

ကလေးကို ဘယ်အချိန်မှာ ကြက်ဥကျွေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ဘယ်အချိန်မှာ ကြက်ဥကျွေးမလဲ

    ကြက်ဥဘဲဥတွေက စားလို့ကောင်းသလို အလုပ်လည်မရှုပ်ဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာတွေပါ။ အာဟာရတွေကလည်း အပြည့်ပါပဲ။ ဒါဆို ကလေးတွေကိုရောကျွေးလို့ရလား။ သားသားမီးမီးကို အာဟာရပြည့်စေချင်တဲ့ မိဘတွေသိချင်နေမယ့် အမေးလေးတစ်ခုပေါ့။ ဒီမေးခွန်းလေးကို Helloဆရာဝန်ပရိသတ်ကြီးအတွက် ဒီဆောင်းပါးလေးကနေတဆင့်ဖြေကြားပေးလိုက်ပါတယ်။

    ကလေးနဲ့ ကြက်ဥ

    ကလေးကို ကြက်ဥကျွေးလို့ရလားဆိုရင်တော့ ရတယ်လို့ပဲပြောရမှာပါ။ ဒါပေမယ့် အရမ်းငယ်သေးတဲ့ ကလေးတွေကိုတော့ ကြက်ဥမကျွေးသင့်သေးပါဘူးနော်။နောက်တစ်ချက်ရှိတာက ကလေးက ကြက်ဥနဲ့ ဓာတ်တည့်ရဲ့လားဆိုတာပါ။ ကြက်ဥဘဲဥတွေနဲ့ ဓာတ်မတည့်ဘူးဆိုတဲ့ အခြေအနေမျိုးလည်းရှိပါသေးတယ်နော်။ ကြက်ဥအကာက ဓာတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့ အစားအစာတွေထဲကတစ်ခုပေါ့။ ဒါကြောင့် ကလေးကို ကြက်ဥစကျွေးမယ်ဆိုရင် အကာကိုမကျွေးဘဲ အနှစ်ကို စကျွေးပါ။

    ကလေးကအသက် ၉ လလောက်ရောက်လာပြီဆိုရင် ကြက်ဥကို ကျက်နေအောင်ပြုတ်လို့ အခွံနွှာ အကာဖယ်ပြီး အထဲက အနှစ်ကိုကျွေးပေးပါ။ အနှစ်ကိုလည်ကြေအောင်ချေပြီးမှာ ဇွန်းနဲ့ နည်းနည်းချင်းကျွေးပေးပါ။ ကလေးမှာ ဓာတ်မတည့်မှုနဲ့ တူတဲ့လက္ခဏာတစ်စုံတရာတွေ့ရမယ်။ အမျိုးတွေထဲမှာ ကြက်ဥဘဲဥဓာတ်မတည့်တဲ့သူတွေရှိနေတယ်ဆိုရင် ကလေးကို ကြက်ဥကျွေးသင့်၊ မကျွေးသင့်ကို ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ ကလေးအသက်တစ်နှစ်ပြည့်မှ ကြက်ဥကိုအကာရောအနှစ်ရောကျွေးပေးပါ။

    ကြက်ဥရဲ့ အာဟာရတန်ဖိုးက

    ကြက်ဥက အလွယ်တကူဝယ်လို့ရတဲ့ အစားအသောက်တစ်ခုပါ။ ဈေးမကြီးသလို ပြင်ဆင်ချက်ပြုတ်ရတာလည်းလွယ်ပါတယ်။ မနက်စာ၊ နေ့လယ်စာ၊ ညစာ ဘယ်ချိန်စားစားအဆင်ပြေပါတယ်နော်။ ကြက်ဥမှာ ကယ်လ်လိုရီ ၇၀ ရာခိုင်နှုန်းပါဝင်ပြီး ပရိုတင်း ၆ ဂရမ်ပါဝင်နေပါတယ်။ အနှစ်မှာ အာဟာရပြည့်ဝစွာပါဝင်နေပါတယ်။ ဆဲလ်တွေကို ကျန်းမာစေနိုင်တဲ့ choline ၂၅၀ မီလီဂရမ်ပါဝင်နေပါတယ်။ ဒီဓာတ်က အသည်းလုပ်ဆောင်ချက်ကိုကောင်းမွန်စေသလို ခန္ဓာကိုယ်အနှံ့ကိုလည်း အာဟာရဓာတ်တွေပို့ဆောင်ပေးပါတယ်။ ကလေးကို မှတ်ဉာဏ်ကောင်းစေဖို့အတွက်လည်း အထောက်အပံ့ပေးပါတယ်။ ကြက်ဥတစ်လုံးလုံးမှာဆိုရင် Riboflavin၊ ဗီတာမင် B12 နဲ့ဖောလိတ်တို့ပါဝင်နေပါတယ်။ phosphorusနဲ့ selenium တို့ပါဝင်နေပြီး ကလေးကို ကျန်းမာစေမှာပါ။

    ကြက်ဥနဲ့ ဓာတ်မတည့်ဘူးဆိုရင်

    အစားအစာတစ်ခုခုနဲ့ ဓာတ်မတည့်တဲ့အခါ ခန္ဓာကိုယ်က တုံ့ပြန်မှုတွေဖြစ်လာပါတယ်။ ကလေးတွေမှာဆိုရင် နုနယ်ပြီး ကိုယ်ခံအားစနစ် အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် ကြက်ဥအကာမှာပါတဲ့ ပရိုတင်းကို မချေဖျက်နိုင်သေးပါဘူး။ ဒီတော့ ကလေးတွေအနေနဲ့ ကြက်ဥအကာစားတဲ့အခါ

    • ဖျားတာ၊
    • အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်တာ
    • အရေပြားမှာရောင်ရမ်းလာတာ
    • ဝမ်းသွားတာ
    • ဗိုက်အောင့်တာ
    • အန်တာ
    • မအီမသာဖြစ်တာ
    • ပါးစပ်တဝိုက်ယားယံတာ
    • အသက်ရှုရခက်လာတာ
    • နှာရည်တွေကျလာတာ
    • သွေးပေါင်ကျတာ
    • နှလုံးခုန်မြန်တာ လိုမျိုးလက္ခဏာတွေခံစားရနိုင်ပါတယ်။

    ကလေးကို ကြက်ဥကျွေးတော့မယ်ဆိုရင်

  • ကလေးကအသက် ၇ လလောက်ရောက်လာပြီဆိုရင် ကျက်အောင်ပြုတ်ထားတဲ့ ကြက်ဥအနှစ်ကိုချေပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းကနေ ၂ဇွန်းလောက်အထိ တစ်နေ့ကို ၂ ကြိမ်ကျွေးပေးလို့ရပါတယ်။
  • ကြက်ဥပြုတ်အနှစ်ကို မိခင်နို့နဲ့ရောစပ်လို့လည်းကျွေးပေးလို့ရပါတယ်။
  • တစ်နှစ်ကျော်လာပြီဆိုရင်တော့ ကလေးကအစားတွေလည်း ပိုစားနိုင်လာပြီဖြစ်တာကြောင့် ပြုတ်ထားတဲ့ ကြက်ဥအနှစ်ကို ထောပတ်သီး၊ ငှက်ပျောသီး၊ ကန်စွန်းဥတို့နဲ့ရောပြီးကျွေးပေးလို့ရပါတယ်။
  • ပြီးရင်တော့ ကြက်ဥအစိမ်းကို အကာနဲ့အနှစ်သက်သက်စီခွဲပြီး အနှစ်ကို ဆီ ဒါမှမဟုတ် ထောပတ်နဲ့ကြော်ကျွေးပါ။
  • ကြက်ဥအနှစ်ကို မိခင်နို့ ဒါမှမဟုတ် နို့တစ်ခုခုနဲ့ရောမွှေပြီးကြော်ကျွေးလို့ရပါတယ်။
  • ဘေဘီလေးကို အာဟာရပြည့်ဝပြီး စားကောင်းတဲ့ စားစရာလေးကို စားချင်စဖွယ်မိတ်ဆက်ပေးလိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement