backup og meta

ကလေးကို ဘယ်အချိန်မှာ ဘယ်လိုအစာကျွေးရမလဲ


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ဘယ်အချိန်မှာ ဘယ်လိုအစာကျွေးရမလဲ

    ကလေးတစ်ယောက်ကို ကြီးပြင်းလာတဲ့ထိ ပြုစုစောင့်ရှောက်ဖို့ဆိုတာ လိုအပ်ချက်တွေအများကြီးရှိနေပါတယ်။ လိုအပ်ချက်တွေလို့ ဆိုရာမှာလည်း ဗဟုသုတ၊ သည်းခံနိုင်စွမ်းနဲ့ အတွေ့အကြုံတွေကလည်း မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။

    ဒီအရာတွေအားလုံးထဲမှာ အရေးအကြီးဆုံးအရာတွေထဲက တစ်ခုကတော့ ကလေးအတွက် အစားအစာကို သူ့ကအသက်အရွယ်နဲ့လိုက်ပြီး အာဟာရပြည့်အောင် ပြင်ဆင်ရတာပါပဲ။

    ဒီဆောင်းပါးမှာတော့ ကလေးရဲ့ ဘဝအစ ပထမ ၆လအတွင်း အစာတွေကို ဘယ်လို ဘယ်အချိန်မှာ ကျွေးရမယ်ဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။

    ကလေးတစ်ယောက်ရဲ့ အသက်အရွယ်ကိုလိုက်ပြီး အစာကျွေးနည်း လမ်းညွှန်

    ကလေးရဲ့ ပထမ ၄လတာကာလကျွေးမွေးမှု အနေအထား (ပုံစံ)

    ဒီအသက်အရွယ်မှာတော့ သင့်ကလေးဟာ နို့စို့ဖို့အတွက် နို့သီးခေါင်းဘက်ကို လှည့်ရှာနိုင်နေပါပြီ။

    ကျွေးရမည့်အရာ

    မိခင်နို့ သို့မဟုတ် နို့မှုန့်သာ တိုက်ပါ။

    တစ်ရက်တာ ကျွေးမွေးမှု ပမာဏ

    ကလေးနို့ပမာဏဘယ်လောက်စို့လဲသိရဖို့ဆိုရင် နို့ဘူးတိုက်တဲ့အချိန်မှာ လေ့လာထားနိုင်ပါတယ်။ ဒါပေမယ့် မိခင်နို့တိုက်နေတဲ့အချိန်မှာတော့ ကလေးက တစ်နေ့တာအတွက် လုံလောက်တဲ့ အာဟာရပမာဏကို ရ၊မရဆိုတာ လက္ခဏာအချို့ပေါ် အခြေခံလို့ ဆုံးဖြတ်နိုင်ပါတယ်။

    ကလေးကို နို့တိုက်ပြီးတဲ့အချိန်မှာ ရင်သားက ပျော့ပျော့လေးဖြစ်နေမယ်ဆိုရင် ဒါဟာ ကလေးအတွက် လုံလောက်စေမယ့် နို့ပမာဏကို သောက်သုံးလိုက်တယ်ဆိုတဲ့ အဓိပ္ပာ0ယ်ပါပဲ။

    နို့စို့ပြီးတဲ့အချိန်မှာ ကလေးက ကျေနပ်ပြီး တည်ငြိမ်သွားပါလိမ့်မယ်။ ပထမရက်အနည်းငယ်မှာတော့ ကလေးက Colostrum တွေကို စားသုံးမိတဲ့အခါ (ကိုယ်ဝန်ဆောင်နေချိန်ကစလို့ မွေးဖွားပြီး နို့တိုက်ကျွေးတဲ့အချိန် ရက်အနည်းငယ်အထိ ရင်သားက Colostrum တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီ အရာကတော့ အဝါရောင် သို့မဟုတ် လိမ္မော်ရောင်ရှိတတ်တဲ့နို့ရည်ဖြစ်ပြီး ထူပျစ်ပျစ် ကပ်စေးစေးနိုင်ပါတယ်။ ) ကလေးဟာ တစ်ရက်ကို diapers တစ်ခု သို့မဟုတ် နှစ်ခု လဲရနိုင်ပါတယ်။

    နို့တစ်ခါစို့ပြီးရင် တစ်ရက်ကို diapers ၆ခုမှ ၈ခု စိုစေနိုင်ပါတယ်။ ဒါမှမဟုတ် disposables ၅ခုမှ ၆ခု လဲရနိုင်ပါတယ်။ (disposables တွေက အဝတ်diapers တွေထက် အရည်တွေကို ပိုပြီးစုပ်ယူထားနိုင်ပါတယ်။)

    နို့တိုက်ခြင်းအတွက် နည်းလမ်းများ

    ကလေးရဲ့ အစာခြေစနစ်ဟာ ဖွံ့ဖြိုးဆဲမို့ အစာမာတွေကျွေးဖို့ အချိန်တစ်ခုကို စောင့်ဆိုင်းရပါလိမ့်မယ်။

    အသက်အရွယ် လေးလမှ ခြောက်လကျွေးမွေးမှုအနေအထား

    American Academy of Pediatrics ကတော့ ကလေးကို ပထမ၆လအတွင်း မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးသင့်တယ်လို့ ဆိုထားပါတယ်။ ဒီကာလပြီးသွားတဲ့အချိန်မှာတော့ အစာစားဖို့ ကလေးက အဆင်သင့်ဖြစ်နေလောက်ပါပြီ။

    တကယ်လို့ သင်က ကလေးကို အစာစတင်ကျွေးချင်တယ်ဆိုရင်တော့အောက်ပါ အချက်တွေရှိမရှိ စစ်ဆေးပါ။ သင့်ကလေးဟာ ဒီအချက်တွေအားလုံး မပြဘဲနေနိုင်တာကိုလည်း သတိပြုပါ။ ဒါတွေကတော့သတိထား ကြည့်ရမယ့် သဲလွန်စလေးတွေပါပဲ။

    • ဝါးတဲ့ အပြုအမူများ ပြုလုပ်ခြင်း
    • အလေးချိန် သိသိသာသာတိုးလာခြင်း (မွေးကင်းစအလေးချိန်ရဲ့ ၂ဆ) နဲ့ အနည်းဆုံး ၁၃ပေါင် ရှိခြင်း
    • အစာတွေကို စိတ်ဝင်စားပုံပြခြင်း
    • ဇွန်းထည့်ပေးလိုက်ရင် ပါးစပ်ပိတ်နိုင်ခြင်း
    • ပါးစပ်ရဲ့ ရှေ့ကနေ အနောက်ကို အစာတွေကို ရွှေ့နိုင်ခြင်း
    • အစာတွေကို လျှာနဲ့ တွန်းထုတ်တာမျိုး လျော့နည်းလာခြင်း

    ကျွေးရမည့် အရာ

    • မိခင်နို့နဲ့ နို့ဗူး
    • သန့်စင်တဲ့ ဟင်းသီးဟင်းရွက် ၊ အသီးအနှံနဲ့ အသား
    • အရည်မဖြစ်တဖြစ် (Semi-liquid) သံဓာတ်ပါဝင်သော Cereal

    တစ်နေ့တာ ကျွေးရမည့် ပမာဏ

    သန့်စင်ထားတဲ့ အစာ သို့မဟုတ် cereal ကို လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ စတင်လိုက်ပါ။ ပြီးရင်တော့ သန့်စင်တဲ့အစာ စားပွဲဇွန်းတစ်ဇွန်း သို့မဟုတ် cerealကို မိခင်နို့ သို့မဟုတ် နို့ဘူး နဲ့ရောထားတဲ့ အရော စားပွဲဇွန်းတစ်ဇွန်းကို တစ်ရက်ကို ၂ကြိမ်ထိ တိုးကျွေးပါ။

    ကလေးရဲ့ အသက်အရွယ်အလိုက် အစားအသောက်တွေကို စနစ်တကျကျွေးမွေးတဲ့အခါ ကလေးကြီးထွားဖွံ့ဖြိုးဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်အောင်ကျွေးမွေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကလေးတွေအတွက် ထုတ်ထားတဲ့ အာဟာရမှုန့်တွေနဲ့ဖြည့်စွက်စာတွေထဲမှာ ကလေးတစ်ယောက်ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ဓာတ်တွေဖြစ်တဲ့ DHA နဲ့ lcFos လိုမျိုး ဓါတ်တွေပါဝင်နေပါတယ်။ ကလေးတစ်ယောက်ကောင်းမွန်စွာဖွံ့ဖြိုးကြီးပြင်းလာစေဖို့အတွက် မိဘတွေရဲ့ကျွေးမွေးစောင့်ရှောက်မှုကတော်တော့်ကိုအရေးပါလှပါတယ်။

    ကလေးရဲ့ အစာကို သူ့ဘဝအသက်အရွယ်အပိုင်းအခြားလိုက် ခွဲခြားကျွေးရတာ တကယ်တမ်းတော့ အချို့သူတွေအတွက် အရမ်းကိုခက်ခဲပင်ပန်းတဲ့ အလုပ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ကလေးအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ခြင်းအလေ့ကို အခြေခံအုတ်မြစ်ချတဲ့ လုပ်ငန်းစဉ်မှာ မွေ့လျော်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement