backup og meta

အချို့သောအစားအစာတွေကို စောစောလေးမိတ်ဆက်ပေးတာက ကလေးတွေမှာဓါတ်မတည့်မှုခံစားရနိုင်ခြေနည်းစေတယ်ဆိုတာ တကယ်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချို့သောအစားအစာတွေကို စောစောလေးမိတ်ဆက်ပေးတာက ကလေးတွေမှာဓါတ်မတည့်မှုခံစားရနိုင်ခြေနည်းစေတယ်ဆိုတာ တကယ်လား

    ဓါတ်မတည့်ဘူးဆိုတာက သိပ်တော့မစိမ်းတဲ့စကားတစ်ခုဖြစ်မှာပါ။ အသားအရေမှာသုံးရတဲ့ပစ္စည်းတွေနဲ့ ဓါတ်မတည့်တာ၊ အစားအသောက်နဲ့ဓါတ်မတည့်တာ၊ ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်တာရယ်ဆိုပြီး အမျိုးမျိုးပါပဲ၊ ဒီဓါတ်မတည့်တာတွေထဲမှာ အစားအသောက်နဲ့ ဓါတ်မတည့်တာက လူတော်တော်များများမှာဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ ။ ဒီနည်းကိုဖြေရှင်းဖို့ ကြိုးပမ်းကြတဲ့နည်းတွေကလည်း အစုံပါပဲနော်။ ဒီတစ်ခေါက်တော့ ဓါတ်မတည့်မှုကို တိုက်ဖျက်ဖို့ ကြိုးပမ်းတဲ့နည်းလေးတစ်ခုအကြောင်းဆွေးနွေးချင်တာပါ။

    ကလေးကို အစာစောစောကျွေးတာက တကယ်ပဲ ဓါတ်မတည့်တာကို သက်သာစေနိုင်တာလား

    ကလေးတစ်ယောက်မိခင်နို့သောက်တာကနေ အစားစစားတဲ့အချိန်က ကလေးတစ်ယောက်ကြီးထွားမှုအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အဆင့်တစ်ခုပါ။ ဒီအချိန်မှာမေမေတွေ စိုးရိမ်တာက ကလးအစာနင်မှာ သီးမှာကိုပါ။နောက်တစ်ခုစိုးရိမ်တာရှိသေးတယ်။ ကလေးက ဘာနဲ့များဓါတ်မတည့်ဘူးဖြစ်မလဲပေါ့။ ဒီတော့မေမေတို့အနေနဲ့ ကလေးအစားအစာတစ်ခုခုနဲ့ဓါတ်မတည့်တာမျိုးမဖြစ်အောင် ဘယ်လိုများကာကွယ်ပေးရမလဲလို့ စဉ်းစားရပြီလေ။

    ကလေးတွေကဘာတွေနဲ့များဓါတ်မတည့်ဖြစ်တတ်သလဲ

    ကလေးတွေဓါတ်မတည့်မှုဖြစ်နိုင်တဲ့အစားအစာတွေက အရမ်းတော့ မများပါဘူး။ ကလေးတိုင်း ဓါတ်မတည့်မှုဖြစ်မယ်ရယ်တော့လည်း မဟုတ်ပါဘူး။ ဒီအစားအစာတွေကတော့ ကလေးတော်တော်များများနဲ့ ဓါတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်နော်။

  • မြေပဲ
  • ကြက်ဥ၊ဘဲဥ
  • နို့ထွက်ပစ္စည်းတွေ
  • အခွံမာသီးတွေ ( သစ်ကြားသီး၊ ဗာဒံစေ့)
  • မြေပဲထောပတ်
  • ငါး
  • ပင်လယ်စာတွေပါ။
  • ကလေးကိုဓါတ်မတည့်မှုကင်းစေဖို့

    ကလေးကိုဓါတ်မတည့်မှုကင်းစေဖို့အတွက် ကေးအသက် ၄ လခွဲလောက်ကနေ ၆ လအတွင်းမှာ Solid food စတင်မိတ်ဆက်ပေးရပါမယ်။ ကလေးက မတ်မတ်လေးထိုင်နိုင်ပြီ။ ဇက်နိုင်ပြီ၊ခေါင်းကို မတ်မတ်လေးထားနိုင်ပြီ၊ လျှာနဲနှုတ်ခမ်းကို အစားစားဖို့ကောင်းကောင်းအသုံးပြုတတ်ပြီ၊ အစာတွေကို မျိုချတတ်နေပြီ၊ အစားအစာတွေကို စိတ်ဝင်စားနေပြီဆိုရင် အစားစကျွေးလို့ရပါပြီ။ ဒီအချိန်မှာ ကလေးကို သူစားလို့ရမယ့် အစားအစာတွေကို စတင်ကျွေးရပါမယ်။ အရင်က လက်ခံထားကြတာက ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေကို ကလေးကိုစောစောမကျွေးရဘူး။ နည်းနည်းလေးအရွယ်ရလာမှကျွေးရမယ်လို့ပေါ့။

    ကြက်ဥဆိုရင်တောင် ကြက်ဥအကာကို ကလေးအသက် ၁ နှစ်ပြည့်မှကျွေးမယ်။ ကြက်ဥအနှစ်ကိုတော့ ကလေးကို ၇ လလောက်ရောက်မှကျွေးမယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေကို နှစ်နှစ်ပြည့်မှကျွေးမယ်။မြေပဲ နဲ့ အခွံမာသီးတွေကိုတော့ ၃ နှစ်ပြည့်မှစားရမယ် စသဖြင့်ကြားဖူးမှာပေါ့။ အခုနောက်ပိုင်းလေ့လာမှုတွေအရကတော့ ကလေးကို အစားစောစောကျွေးတာက ဓါတ်မတည့်မှုခံစားရနိုင်ခြေကို နည်းစေတယ်ဆိုတဲ့အချက်ပါ။ ဓါတ်မတည့်မှုဖြစ်စေနိုင်ပါတယ်ဆိုတဲ့ အစားအစာတွေကို ကလေးကိုစောစောလေးကျွေးပေးလေလေ ကလေးမှာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေက နည်းလေလေပါတဲ့။ ကလေးကို ဓါတ်မတည့်မှုဖြစ်တေယ်ဆိုတဲ့ အစားအစာတွေကို တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်လောက်ကျွေးရပါမယ်။

    ကလေးကို အစာစကျွေးတာနောက်ကျလေလေ ဓါတ်မတည့်မှုခံစားရနိုင်ခြေက များလေလေပါ။ ဒါကြောင့် ကလေးကို အစားစစားနိုင်ပြီဆိုကတည်းက အစားအစာတွေကို စကျွေးရပါမယ်။ စကျွေးတဲ့အချိန်မှာလည်း ဘာကတော့ဖြင့် ကလေးနဲ့ ဓါတ်မတည့်လို့ရှောင်ကျွေးမယ်ဆိုတာမျိုးမလုပ်ဖို့လိုပါမယ်။ ကလေးမှာ ဓါတ်မတည့်မှုနဲ့ပတ်သက်လို့ ပြင်းထန်တဲ့ လက္ခဏာတစ်စုံတရာမတွေ့ရဘူးဆိုရင် ဆက်ကျွေးလို့ရပါတယ်။ အရမ်းပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်ရပါမယ်။နောက်ထပ်လုပ်လို့ရတဲ့နည်းတစ်ခုရှိပါသေးတယ်။ ဒါကတော့ ကလေးကိုနို့တိုက်နေချိန်မှာမေမေက ဓါတ်မတည့်တာဖြစ်စေနိုင်တယ်ဆိုတဲ့ အစားစအာတွေကိုစားပေးတာပါ။ အမေရိကန်ဆေးတက္ကသိုလ်က ကလေးဆရာဝန်တွေကတော့ ကလေကို အစာစောစောကျွေးတာက ဓါတ်မတည့်မှုဖြစ်နိုင်ခြေကိုနည်းစေနိုင်တယ်၊လို့ပြောကြားထားကြပါတယ်။ ကလေးကိုမြေပဲထောပတ်ငယ်ငယ်ကတည်းကကျွေးမယ်ဆိုရင် ကလေးကမြေပဲဓါတ်မတည့်မှုခံစားရနိုင်ခြေတော်တော်လေးနည်းသွားမှာပါ။

    လေ့လာမှုတွေအရတော့ ကလေးကို အစာစောစောကျွေးမယ် ဓါတ်မတည့်မှုဖြစ်စေနိုင်တယ်ဆိုတဲ့ အစားအစာတွေကို မကြခဏဆိုသလိုကျွေးပေးမယ်ဆိုရင်ကလေးက အစားဓါတ်မတည့်မှုဖြစ်နိုင်ခြေ နည်းသွားတယ်လို့သိရပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးကို နို့တိုက်စဉ်ကတည်းကရော အစားစစားနိုင်ချိန်မှာပါ အချို့သောအစားအစာတွေကို မိတ်ဆက်ပေးလို့ရပါကြောင်း…….
    Hello Health Groupသည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement