backup og meta

သင့်ရဲ့ကလေးဟာ အားဖြည့်အချိုရည်တွေကိုသောက်သင့်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့ကလေးဟာ အားဖြည့်အချိုရည်တွေကိုသောက်သင့်သလား

    အရသာအမျိုးမျိုးရှိပြီးတော့ အားဖြည့်ဓာတုပစ္စည်းများစွာပါဝင်တဲ့ အားဖြည့်အချိုရည်တွေဟာ ရောင်းအားကောင်းကြပါတယ် ။ အားကစားလုပ်ကြတဲ့ကလေးများတွင် အရည်ခမ်းခြောက်မှုမှ ကာကွယ်နိုင်ရန် ဆိုဒါ၊ ဖျော်ရည်များ၊ ရေခဲစိမ်လက်ဖက်ရည်များနဲ့ ရေသန့်ဘူးများ သောက်သုံးကြရန်မိဘများကို တိုက်တွန်းခြင်းခံရပါလိမ့်မယ်။ အားဖြည့်အချိုရည်တွေဟာ အရသာရှိသလောက် လက်တွေ့တွင် ကောင်းကျိုးထက် ဆိုးကျိုးတွေပိုကြပါတယ် ။

    အားဖြည့်အချိုရည်တွေရဲ့ အန္တရာယ်ပေးတဲ့ဆိုးကျိုးတွေကဘာတွေလဲ။

    အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းမှ လေ့လာမှုများအရ အသက် ၆ နှစ်အောက်ကလေးများတွင် အားဖြည့်အချိုရည်များကြောင့် အရေးပေါ်ဆေးရုံတက်ရတာဟာ ၅၀ ရာခိုင်နှုန်းအထိ တိုးလာပါတယ် ။ ကလေးအများစုဟာ နှလုံးခုန်မမှန်ခြင်း ၊ တက်ခြင်း စတဲ့နှလုံးဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်လာကြပါတယ် ။ အားဖြည့်အချိုရည်များတွင် ဆေးဝါးသုံး ကဖင်းဓာတ်နှင့် သဘာဝမှရသော ကဖင်းတို့ပါဝင်သောကြောင့် ကလေးများကို ဆိုးကျိုးတွေပေးပါတယ် ။ ဒီလိုကဖင်းများပေါင်းစပ်ထုတ်လုပ်ခြင်းဟာ နှလုံးခုန်နှုန်းနှင့် သွေးဖိအားများကို နှစ်ဆပိုဆိုးစေပါတယ် ။

    ဒါ့အပြင် အားဖြည့်အချိုရည်တွေမှာတွေ့ရတဲ့ ကဖင်းဓာတ်အမျိုးမျိုးဟာ ဂနာမငြိမ်ဖြစ်ခြင်း ၊ အစာခြေပြဿနာများနှင့် နှလုံးနှင့်သွေးကြောဆိုင်ရာပြဿနာများကို ဖြစ်ပေါ်လာစေပါတယ် ။

    ကလေးများဟာလည်း အရွယ်ရောက်ပြီးသူများကဲ့သို့ပင် အရည်ဓာတ်ပြည့်ဝနေစေရန်နှင့် ကျန်းမာနေစေရန် ရေကိုလိုအပ်ပါတယ် ။ အားဖြည့်အချိုရည်များမှာ အားကစားသမားများအတွက် အပိုဖြည့်စွက်စာအနေနဲ့ထုတ်လုပ်ထားခြင်းဖြစ်ပါတယ် ။ အကယ်၍ သင့်ရဲ့ ကလေးဟာ အားကစားလုပ်တယ်ဆိုရင်တော့ အရည်ဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ဖို့ အားဖြည့်အချိုရည်ကို အမှန်တစ်ကယ်သောက်သုံးဖို့လိုသလားဆိုတာ သေချာပြန်လည်စမ်းစစ်ရပါမယ် ။

    ပုံမှန်အားဖြင့်ဆိုလျှင်တော့ အားကစားလုပ်ပြီးချိန်တွင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများစားသုံးခြင်းနဲ့ ရေကိုအလုံအလောက်သောက်သုံးခြင်းတွေဟာ လုံလောက်တဲ့ အာဟာရဓာတ်နဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ် ။ မိဘတွေနဲ့ နည်းပြတွေဟာ ငယ်ရွယ်တဲ့အားကစားသမားတွေအတွက် ပြိုင်ပွဲယှဉ်ပြိုင်နေချိန်တွင် သောက်စရာများကိုပြင်ဆင်ထားပေးသင့်ပါတယ် ။ ပြိုင်ပွဲပြိုင်နေစဉ်အတွင်းမှာ မိနစ် ၂၀ ကြာတိုင်း သို့ အပိုင်းတစ်ပိုင်းပြီးတိုင်း ရေသောက်ချိန်သတ်မှတ်ပေးရပါမယ် ။

    ကလေးအတွက် အားဖြည့်အချိုရည်အစား ဘာတွေရွေးချယ်သင့်သလဲ။

    အားဖြည့်အချိုရည်တွေအစား ဗီတာမင်ပါဝင်တဲ့ရေကို ပြောင်းလဲရွေးချယ်သင့်ပါတယ်။ ဗီတာမင်ပါဝင်တဲ့ရေဟာ အရဿာအမျိုးမျိုးရှိပြီး သတ္တုဓာတ်တွေနဲ့ ဗီတာမင်ဓာတ်တွေကိုပေါင်းစပ်ထားပါတယ် ။

    တစ်ချိန်တည်းမှာပဲ ထိုအရာတွေဟာ အားအင်များ၊ ကယ်လိုရီများ၊ ကဖင်းဓာတ် သို့ အပင်ထွက်ပစ္စည်းများလည်း ပါနိုင်တဲ့အတွက် အလွန်အကျွံမသောက်သုံးသင့်ပါဘူး။ ဗီတာမင်ပါဝင်တဲ့ ရေတွေကို အားအင်မရှိချိန်မှာသာ သောက်သုံးသင့်ပြီး ထိုမှပါဝင်သောအာဟာရများသည် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသုံးခြင်းဖြင့်ရနိုင်ပါတယ် ။

    နိဂုံးချုပ်ရလျှင်တော့ အားဖြည့်အချိုရည်များသောက်သုံးခြင်းဟာ ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကလေးများလိုအပ်တဲ့ အာဟာရတွေနဲ့အားအင်များကို အစားအစာညီညွတ်မျှတစွာ စားသုံးခြင်းနဲ့ ရိုးရိုးရေသောက်သုံးခြင်းမှသာ ရယူသင့်ပါတယ်။ သင့်ကလေးဟာ ဗီတာမင်နဲ့အာဟာရတွေလိုအပ်နေလျှင်တော့ ဆရာဝန်နဲ့တိုင်ပင်ခြင်း သို့မဟုတ် ကလေးများအတွက်ထုတ်လုပ်ထားတဲ့ ဗီတာမင်မျိုးစုံပါဝင်တဲ့ အားဆေးများကို သောက်သုံးပေးသင့်ပါတယ် ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement