backup og meta

သင့်ကလေး၏ အစားအသောက်ထဲတွင် ပါဝင်သော ကိုလက်စထရောနှင့်ပတ်သက်၍သင်သိသင့်သည့် အချက်များ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး၏ အစားအသောက်ထဲတွင် ပါဝင်သော ကိုလက်စထရောနှင့်ပတ်သက်၍သင်သိသင့်သည့် အချက်များ

    ယခုခေတ်အခါတွင် မိဘများသည် ကလေးများစားလိုသမျှ ကျွေးခြင်းထက် ကလေးများ၏ အာဟာရနှင့်ပက်သက်၍ ပိုမိုဂရုစိုက်လာကြပါသည်။ မိခင်များ စိတ်ပူသောကိစ္စရပ်များထဲမှ တစ်ခုသည် အစားအစာထဲတွင်ပါဝင်သော ကိုလက်စထရောပမာဏပင် ဖြစ်ပါသည်။ ကိုလက်စထရောပမာဏများခြင်းသည် နှလုံးရောဂါများနှင့် ခန္ဓာကိုယ်အလေးချိန်နှင့်ဆိုင်သော ရောဂါများကို ဖြစ်ပွားစေပါသည်။ မိဘများ ကိုလက်စထရောနှင့် ပက်သက်၍ သိချင်လေ့ရှိသည့် မေးခွန်းများကို အောက်တွင်ဖော်ပြထားပါသည်။

    ကလေး၏ အစားအစာထဲတွင် ကိုလက်စထရော ပမာဏများလျှင် ဘယ်လိုအန္တရာယ် တွေရှိလာနိုင်သလဲ။ ကိုလက်စထရောသည် ခန္ဓာကိုယ်အတွက် မကောင်းသည့် ပစ္စည်းဟု သိထားသော်ငြားလည်း သင့်ကလေးသည် ခန္ဓာကိုယ်ဟော်မုန်းညီမျှဖို့ ဆဲလ်တစ်ရှူး တည်ဆောက်ဖို့နှင့် အာရုံကြောများကို ကာကွယ်ဖို့အတွက် ကိုလက်စထရောအနည်းငယ်ကိုတော့ လိုအပ်ပါသည်။ သို့သော်လည်း ကိုလက်စထရောပမာဏ အလွန်များပြားနေမည်ဆိုလျှင် ၎င်းတို့သည် သွေးကြောများကိုပျက်ဆီးစေပါသည်။ ပိုလျှံနေသော ကိုလက်စထရောတွေသည် သွေးကြောနံရံများပေါ်တွင် စုပုံလာပြီး အချပ်ပြားတစ်ခု အနေနှင့် အနည်ထိုင်လာပါလိမ့်မည်။ အာဟာရမျှမျှတတ မစားရသော ကလေးတွေနှင့် ကိုယ်အလေးချိန် အလွန်များသော ကလေးတွေသည် အသက်ကြီးလာသည့်အခါ နှလုံးရောဂါနှင့်လေဖြတ်ခြင်းများကို ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ပိုမိုများပြားပါသည်။

    ခန္ဓာကိုယ်ထဲတွင် ဘာကြောင့် ကိုလက်စထရောတွေစုပုံစေတာလဲ။

    ကိုယ်လက်လှုပ်ရှားမှုမရှိသူများ၊ အဝလွန်သူများနှင့်မိသားစုတွင် ကိုလက်စထရောများတဲ့ရောဂါရှိသူတွေသည် ကိုလက်စထရောပမာဏ များပြားနိုင်ချေ ပိုမိုမြင့်မားပါသည်။ ခန္ဓာကိုယ်အတွက်လိုအပ်သော ကိုလက်စထရောကို သဘာဝအလျောက်အသည်းမှ ထုတ်လုပ်ပေးပါသည်။ ကလေးများသည် ကိုလက်စထရောကို သူတို့စားသော အစားအစာများဖြစ်သည့် ဥများအသားများနှင့် နို့ထွက်ပစ္စည်းများမှလည်း ရရှိနိုင်ပါသည်။ ထို့ကြောင့်သွေးထဲတွင် ပိုနေသော ကိုလက်စထရောပမာဏကို လျှော့ချချင်သည်ဆိုလျှင် သင့်ကလေး၏အစားအစာထဲတွင် အသားများကိုလျှော့စားစေပြီး အသားတွင်ပါဝင်သော အာဟာရပမာဏနှင့်ညီမျှသော အာဟာရများဖြည့်ဆည်းပေးနိုင်သည့် အစားအစာများနှင့်အစားထိုးပါ။

    ကလေး၏ သွေးထဲတွင် ကိုလက်စထရောပမာဏ များပြားခြင်းမှ ဘယ်လိုရှောင်ရှားမလဲ။

    အောက်တွင် ကိုလက်စထရောပမာဏ များပြားခြင်းကို ဘယ်လိုရှောင်ရှားမလဲဆိုသည့်အချက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါသည်။

  • သင့်ကလေးကို လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသော ကျန်းမာရေးနှင့်ညီညွတ်သော အချိုပွဲများကျွေးပါ။ ကလေးကိုအဆီနည်းသော အစေ့အဆံများမှပြုလုပ်သော သရေစာများ ကျွေးဖို့လည်းမမေ့ပါနှင့်။
  • အသားနှင့်ဥများကဲ့သို့ တိရိစ္ဆာန်ထွက်ပစ္စည်းများ၊ ကွတ်ကီးများ၊ အာလူးကြော်များကဲ့သို့ သရေစာ အစားအစာများ၊ချိစ့်နှင့်ထောပတ်ကဲ့သို့ နို့ထွက်ပစ္စည်းများ စသည်တို့တွင် ပြည့်ဝဆီကိုတွေ့ရပြီး ၎င်းတို့သည် ကိုလက်စထရောစုပုံခြင်းအတွက် အဓိကအကြောင်းရင်းများဖြစ်ပါသည်။ ကလေးများအကြိုက်ဖြစ်သော ဒိုးနပ်များ၊ မုန့်ကြွပ် များကဲ့သို့အသင့်စားအစားအစာများနှင့် အာလူးချောင်းကြော်ကဲ့သို့သော အကြော်များတွင်လည်း ခန္ဓာကိုယ်အတွက် မကောင်းသောအဆီများပါဝင်နိုင်သောကြောင့် ထိုအစားအစာများကျွေးခြင်းမှရှောင်ကြဉ်ပါ။ အသင့်စား အစားအစာများ၏ အန္တရာယ်ရှိသော သက်ရောက်မှုများကိုသိသော်လည်း ဘယ်သူကမှတော့ အလွယ်တကူ မစွန့်ပစ်နိုင်ကြပါဘူး။ ထို့ကြောင့် သင့်ကလေးကိုအာဟာရမရှိသည့် အစားအစာတွေအစား ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုအစားထိုးစားခိုင်းပါ။
  • သင့်ကလေး အလွယ်တကူ လိုက်လံပြုလုပ်နိုင်မည့် ကိုယ်လက်လှုပ်ရှားမှုများစီစဉ်ပေးပါ။ တစ်နေ့လျှင် တစ်နာရီခန့် တက်ကြွလှုပ်ရှားစွာနေခြင်းအားဖြင့် သင့်ကလေးခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရောများကို လောင်ကျွမ်းစေပါသည်။ ကလေးများကို တီဗီထိုင်ကြည့်ခြင်း၊ ဗီဒီယိုဂိမ်း တစ်နေ့လုံးထိုင်ကစားခြင်း ကဲ့သို့သော ကျန်းမာရေးနှင့်မညီညွတ်သော အမူအကျင့်များ မပြုလုပ်အောင်သင်ကြားပေးပါ။
  • သွေးထဲတွင် ကိုလက်စထရောများလာခြင်းသည် ငယ်စဉ်ကတည်းကပင်စ၍ နှလုံးနှင့်သွေးကြောရောဂါများ ဖြစ်ပွားနိုင်ချေကို မြင့်မားစေပါသည်။ အသင့်စား အစားအစာများနှင့် ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများကို စားသုံးမှုနှုန်းမြင့်တက်လာသည်နှင့်အမျှ ကလေးများစွာသည် အဝလွန်ခြင်း အန္တရာယ်ရှိလာနေပါသည်။ သင့်ကလေးကို ကိုလက်စထရောများပြားသော အစားအစာများ၊ ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများ ရှောင်ရှားနိုင်အောင်လမ်းညွှန်သင်ကြားပေးခြင်းဖြင့် ကလေးများ ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်အောင် ကူညီစောင့်ရှောက်ပေးပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement