backup og meta

သင့်ကလေးကို ဖြည့်စွက်စာကျွေးရန် နည်းလမ်း


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို ဖြည့်စွက်စာကျွေးရန် နည်းလမ်း

    ဖြည့်စွက်စာကျွေးတာက အမေတွေအတွက်သာမက ကလေးတွေရဲ့ ဘဝအတွက်ပါ အရေးပါပါတယ်။ တကယ်လို့ သင်ဟာ ဖြည့်စွက်စာကျွေးဖို့ အခက်တွေ့နေတယ်ဆိုလျှင် အောက်ပါအချက်အလက်တွေက သင့်ကို ကူညီပါလိမ့်မယ်။

    ဘယ်အချိန်မှာ ဖြည့်စွက်စာကျွေးဖို့ အကောင်းဆုံးလဲ။

    အမေရိကန် ကလေးကျန်းမာရေးပညာပေး အဖွဲ့အစည်းရဲ့ အဆိုအရ ကလေးတွေကို မွေးပြီး ၆လအထိ မိခင်နို့တစ်မျိုးထဲကို တိုက်သင့်ပြီး အဲ့နောက်ပိုင်း မိခင်နို့နဲ့ အစားနဲ့ကို ကလေးအသက် ၁နှစ်အထိ ကျွေးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးတာကို သင်နှင့် သင့်ကလေးဆန္ဒရှိတဲ့ အချိန်အထိ တိုက်ကျွေးနိုင်ပါတယ်။ သင့်ကလေးကို ဘယ်အချိန်မှာ ဖြည့်စွက်စာ စသင့်တယ်ဆိုတာက သင့်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။

    ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုလျှင် ဘာမှမစခင် သင်နဲ့ သင့်ကလေးရဲ့ လိုအပ်ချက်ကို အရင်ဆုံးစဉ်းစားပါ။ သင့်အခြေအနေကို တခြားမိသားစုတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ တကယ်လို့ သင်ဟာကိုယ်ဝန်ဆောင် သို့မဟုတ် သင့်ကလေးက မွေးခါစဖြစ်လျှင် ဖြည့်စွက်စာကို ဘယ်အချိန်မှာ ရပ်ပစ်မလဲဆိုတာကို ပြန်စဉ်းစားပါ။

    သင့်ကလေးအတွက် ဖြည့်စွက်စာကျွေးနည်းများ

  • မကမ်းလှမ်းပါနဲ့၊ မငြင်းဆိုပါနဲ့
  • ဒီနည်းလမ်းကို အငြင်သာဆုံးဖြည့်စွက်စာကျွေးနည်းအဖြစ် လူတွေက သတ်မှတ်ကြပါတယ်။ ဒါဟာ သင့်ကလေးအလိုအပ်ဆုံး နည်းလမ်းလည်းဖြစ်ပါတယ်။ ဒီနည်းဟာ အစားကျွေးဖို့နည်းလမ်းတင်မက သင့်ကလေးရဲ့ အစားအသောက်အပိုစားခြင်းကနေ တားဆီးနိုင်မယ့်နည်းပဲ ဖြစ်ပါတယ်။ မိခင်တွေက ကလေးကြီးလာတာနဲ့အမျှ ဒီအခြေအနေကို အလိုအလျောက် ရောက်သွားတတ်ကြပါတယ်။ သို့သော် ဒီဖြည့်စွက်စာကျွေးနည်းက တခြားနည်းတွေထက် အချိန်ပိုယူပါတယ်။ သင်ဟာ အလျင်လိုနေပြီး ဖြည့်စွက်စာမြန်မြန်ကျွေးလိုလျှင် ဒီနည်းက အဆင်မပြေပါဘူး။

    • တစ်ချိန်မှာ တစ်ခါပဲကျွေးပါ။

    ဒီအဆင့်ကို တဖြည်းဖြည်းနဲ့ တစ်ဆင့်ချင်း စတင်ပါ။ ပထမဦးဆုံး သင့်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ သင့်နို့ နာကျင်မှုကိ ုလျော့နည်းစေနိုင်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ သင့်ကလေးရဲ့ အစားအစာပြောင်းလဲမှုကို လက်ခံနိုင်ရန် အချိန်လိုပါတယ်။ ဖြည့်စွက်စာစားပြီး ပထမအပတ်မှာ သင့်ကလေးကို တစ်နေ့တစ်ကြိမ် နို့ဘူးစတိုက်ဖို့လိုပါတယ်။ ထပ်ပြီးလိုအပ်သလို တိုက်လို့ရပါတယ်။ မိခင်နို့အစား သင့်ကလေးနှစ်သက်တဲ့ အစားအသောက်တွေကို အစားထိုးခြင်းဖြင့် သင့်ကလေးကို အနှောက်အယှက် မဖြစ်စေပါဘူး။

    • အစားကျွေးတဲ့ လူပြောင်းခြင်း

    သင့်ကလေးစိတ်မရှုပ်စေရန်နှင့် သက်တောင့်သက်သာ ရှိစေရန်အတွက် သင့်ကလေးကို အစားကျွေးတဲ့သူကို ပုံမှန်ပြောင်းပေးဖို့လိုပါတယ်။ ဥပမာ – ပထမဦးဆုံးနို့ဘူးတွေကို သင့်အဖော် (သင့်အမေ၊ ခင်ပွန်းနှင့် ပြုစုစောင့်ရှောက်သူ) ကသင့်ကို ကူညီပြီးကျွေးနိုင်ပါတယ်။ သူတို့က သင့်ကလေးတွေကို အစားအစာနဲ့ သောက်စရာတွေကို ကူပြီးကျွေးနိုင်ပါတယ်။

    • ထပ်ခါထပ်ခါ ကျွေးပါ

    မိခင်နို့ကျွေးရာကနေ နို့ဘူးပြောင်းတိုက်တဲ့အချိန်အတွင်းမှာ သင့်ကလေးဟာ အကြောင်းအမျိုးမျိုးကြောင့် မသက်မသာဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးနဲ့အဆင်ပြေတဲ့ နို့ဘူးနဲ့ နို့သီးခေါင်းကို ရတဲ့အထိ ထပ်ခါထပ်ခါ လဲလှယ်ပါ။ တချို့ကလေးတွေက နို့မြန်မြန်စီးဆင်းတာကိုကြိုက်ပြီး တချို့ကလေးတွေက နှေးတာကို ကြိုက်ပါတယ်။ သင့်ကလေးအသက်က ၉လအထက်ကျော်နေလျှင် နို့ဘူးကို မတိုက်ဘဲ ခွက်နဲ့ပြောင်းတိုက်နိုင်ပါတယ်။ ထပ်ပြီး သင့်ကလေးနဲ့ သင့်တော်တဲ့ခွက်ရအောင် ထပ်တလဲလဲ လဲလှယ်ပါ။

    လူတစ်ယောက်အတွက် ကလေးရှိခြင်းဟာ နှစ်သက်စရာအလွန်ကောင်းပြီး ကလေးကြီးပြင်းလာတာကို စောင့်ကြည့်ခြင်းဟာ မိဘတွေအတွက် ပျော်စရာအချိန်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂရုတစိုက်စောင့်ကြည့်ပြီး ဖြည့်စွက်စာအကြောင်း သေချာပညာပေးခြင်းဖြင့် အမေရော ကလေးရောကို ကျန်းမာပျော်ရွှင်စေနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာနှင့်ဆိုင်သော အကြံဉာဏ်ပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မလုပ်ဆောင်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement