backup og meta

သင့်ကလေးကိုသစ်သီးများနှင့်ဟင်းသီးဟင်းရွက်များကျွေးသောအခါဘာတွေသိထားသင့်သလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကိုသစ်သီးများနှင့်ဟင်းသီးဟင်းရွက်များကျွေးသောအခါဘာတွေသိထားသင့်သလဲ

    သူငယ်ချင်းများနှင့် ဆွေမျိုးသားချင်းများသည် သင့်ကလေးကို ဘယ်လိုအစားအစာမျိုးကို ဘယ်အချိန်မှာ ကျွေးရမလဲဆိုသည်ကို အကြံဉာဏ်များပေးကြပါသည်။ သို့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကတော့ သင့်ကလေးကို အသက်ခြောက်လရောက်မှသာ အစာအမာများစတင်ကျွေးဖို့ အကြံပြုထားပါသည်။ ဘယ်လိုအစားအစာမျိုးတွေ အရင်စကျွေးသင့်သလဲ။ ကလေးဆရာဝန်အများစုကတော့ အစေ့အဆံများ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စတင်ကျွေးခြင်းက ကျန်းမာစေပြီး လက်ခံနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

    မိဘများသည် ကလေးတွေကို သစ်သီးနှင့်ဟင်းသီးဟင်းရွက်များ စတင်ကျွေးသင့်သလား။

    အသက်ခြောက်လကျော်သော ကလေးများကို ဓါတ်မတည့်ခြင်းဖြစ်လေ့ဖြစ်ထရှိသော အစားအစာများ စတင်ကျွေးခြင်း မပြုလုပ်သင့်ကြောင်း အကြံပြုထားပါသည်။ ဆိုလိုသည်ကတော့ မိသားစုထဲတွင်ဓါတ်မတည့်ခြင်း ဖြစ်စဉ်ဖြစ်ဖူးခဲ့သောကလေးများသို့မဟုတ် အစာဓါတ်မတည့်ခြင်းဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိသော ကလေးများတွင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသည်ကလေးများကို ပထမဆုံး ကျွေးကြည့်သင့်သော အစားအစာဖြစ်သည်ဟုဆိုလိုပါသည်။

    ဟင်းသီးဟင်းရွက်များနှင့်သစ်သီးများသည် ဗီတာမင်စီနှင့် ဖောလိတ်အက်ဆစ်ကဲ့သို့သောအရေးကြီးသည့် ဗီတာမင်များ၏ အဓိကအရင်းအမြစ်များဖြစ်သည်။ အချို့သောဟင်းသီးဟင်းရွက်များသည် ကင်ဆာ၊ နှလုံးရောဂါဖြစ်ပွားခြင်းများကို ကာကွယ်လျော့ချနိုင်စွမ်းရှိသည်ဟုဆိုကြသည်။ ကလေးများကို ကျွေးသင့်သောအစားအစာများမှာ အာလူး၊ ကန်စွန်းဥ၊ မုန်လာဥဝါ စသော ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်၍သော်လည်းကောင်း၊ ငှက်ပျောသီး၊ ထောပတ်သီး၊ သစ်တော်သီး၊ ဖရဲသီး စသော အသီးအနှံများကိုသော်လည်းကောင်း စတင်ကျွေးသင့်ကြောင်း အကြံပြုထားပါသည်။ သင်သည် သင့်ကလေးကို နောက်ထပ်ချိုသောအစားအစာတစ်ခု မကျွေးခင် လက်ရှိ စားနေကျအစားအစာနှင့် ရင်းနှီးစေရန်အချိန်စောင့်သင့်သည်။ သင်သည် လေးရက်စည်းမျဉ်းကို လေ့လာသင့်သည်။ လေးရက်စည်းမျဉ်းဆိုသည်မှာ သင့်ကလေးသည်အစားအစာတစ်ခုပေါ်တွင် မည်ကဲ့သို့တုံ့ပြန်သည်ကို စောင့်ကြည့်ရန်အတွက် တူညီသောအစားအစာကို လေးရက်တိတိကျွေးဖို့ဖြစ် သည်။ သို့မဟုတ် သင်သည်ကလေးငယ်ကို အစာအမာများနှင့် စွဲဆောင်ဖို့အတွက် သစ်သီးများနှင့် အရင်ဆုံးစကြည့်သင့်သည်။ သင့်ကလေးငယ်ကိုသစ်သီးများ၊ဟင်းသီးဟင်းရွက်များ စတင်ကျွေးမွေးခြင်းသည် နောက်ပိုင်းတွင်အစားအစာများ၏ ချိုမြိန်သော အရသာနှင့်ရင်းနှီးသွားမည်ဖြစ်သည်။ မည်သည့်နည်းလမ်းကို သင်ရွေးသည်ဖြစ်စေကလေးကို ကျွေးသောအစားအစာသည် ကလေးနှင့်တည့်လား၊ မတည့်လား သေချာစွာလေ့လာသင့်ပါသည်။

    သင်သည်ကလေးများကိုသစ်သီးများ စတင်ကျွေးမည်ဆိုပါက ကလေး၏အစားအစာထဲတွင် ဟင်းသီးဟင်းရွက်များလည်း ထည့်ကျွေးသင့်ပါသည်။ အချို့ကလေးများသည် အစားအစာထဲတွင်ဟင်းသီးဟင်းရွက်များကို အလွယ်တကူလက်ခံလေ့ရှိကြပြီး ထိုအချက်သည်ကလေးများအတွက်ကျန်းမာရေးနှင့်ညီညွတ်သောအလေ့အကျင့်များတည်ဆောက်ပေးရန်အကောင်းဆုံးအခြေအနေဖြစ်ပါသည်။ သို့သော်လည်း အချို့သောအခြေအနေများသည် ကလေးရောမိဘများအတွက်ပါပိုမိုပြီးစိတ်ဖိစီးမှုဖြစ်စေပါသည်။ ဤကဲ့သို့ကိစ္စရပ်မျိုးတွင်သင်သည် ရက်အနည်းငယ်အထိ အစားအသောက်စာရင်းထဲတွင်ထိုအစားအစာများ ခဏဖယ်ထားပြီး ရက်အနည်းငယ်ကြာမှပြန်လည်ထည့်ပြီးကျွေးမွေးသင့်ပါသည်။ သို့မဟုတ် သင်သည်ကလေးကြိုက်သော အစားအစာများနှင့် အနည်းငယ်ရောကျွေးပြီး တဖြည်းဖြည်းနှင့်ပမာဏတိုးကျွေးသွားရန်ဖြစ်ပါသည်။ အစာ စားခြင်းသည် ကလေးများအတွက် ပျော်ရွှင်ဖွယ် စိတ်ဝင်စားစရာကောင်းအောင်ပြုလုပ်ပေးပါ။ သင့်ကလေးသည် အရသာမျိုးစုံစားနေကျဖြစ်သွားပြီဆိုပါက သင်သည်အစားအစာများကို နေ့စဉ်အဆင်ပြေသလိုမျိုးစုံရောကျွေးနိုင်ပြီဖြစ်ပါသည်။ဤသို့ဖြင့်သင့်ကလေးသည် အစာစားရခြင်းကို မငြီးငွေ့စေပါဘူး။ လုံလောက်သောအာဟာရလည်း ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။

    မိခင်များသည် ကလေးများအတွက် သစ်သီးနှင့်ဟင်းသီးဟင်းရွက်များကို မည်သို့ပြင်ဆင်သင့်သနည်း။

    မိဘများစွာသည် ပိုးသတ်ဆေးများနှင့်ကင်းဝေးပြီးအန္တရာယ်ကင်းသော အော်ဂင်းနစ်သဘာဝအစားအစာများနှင့်စတင်ကြသည်။ လတ်ဆတ်သန့်ရှင်းသော ဟင်းသီးဟင်းရွက်သစ်သီးဝလံများသည် သင်ထင်သလောက်မလွယ်ကူပါဘူး။ သင့်ဒေသထွက်ပစ္စည်းများသည် သယ်ပို့ရသည့်အကွာအဝေးနီးသောကြောင့် ပိုမိုလတ်ဆတ်ကာ ဈေး လည်းသက်သာပါသည်။ သင့်ကလေးကိုကျွေးမည့်ဟင်းသီးဟင်းရွက်များသစ်သီးများသည် ကျန်းမာရေးစံနှုန်းများနှင့်ကိုက်ညီမှုရှိမရှိ သေချာစွာကြည့်ပါ။ ပုံသဏ္ဍာန်နှင့်အနံ့ကို သေချာကြည့်ရွေးပါ။ သင့်ကလေးနှင့် အစာအတူစားပါ။ ဟင်းသီးဟင်းရွက်အသီးအနှံမျိုးစုံ စားကြည့်ပါ။ ကလေး၏အာရုံစူးစိုက်မှုရရှိစေရန် ချက်ပြုတ်ထားသောဟင်းသီးဟင်းရွက်များအစား ဟင်းသီး ဟင်းရွက်အစိမ်းများ စမ်းသပ်စားသောက်ကြည့်ပါ။ ရောင်စုံပန်းကန်ပြားပေါ်တွင် ဟင်းသီးဟင်းရွက်ရောင်စုံ တင်ကာ လှလှပပလေးပြင်ဆင်ဖို့မမေ့ပါနှင့်။ ရေခဲသေတ္တာထဲတွင် ဟင်းသီးဟင်းရွက်သစ်သီးများထားရှိပြီး သရေစာတစ်ခု မြန်မြန်ကောက်လုပ်လိုက်ခြင်းသည် လည်းကောင်းပါသည်။ အစားအစာအသစ်များ တီထွင်ဖန်တီးဖို့အတွက်အချိန်အလုံအလောက်မရှိလျှင် သင့်ကလေး၏ နေ့စဉ်အစားအစာထဲတွင် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံ ပမာဏများများ ထည့်ကျွေးပေးပါ။

    နို့တိုက်ပြီးသောကာလတွင် သင့်ကလေးကို ဟင်းသီးဟင်းရွက် ၊သစ်သီးဝလံများကျွေးခြင်းသည် အကြံဉာဏ်ကောင်းတစ်ခု ဖြစ်ပါသည်။ သင့်ကလေးသည် အာဟာရမျိုးစုံရသည့်အပြင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်အလေ့အထများ ရရှိမည်ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement