backup og meta

မွေးကင်းစ ကလေးငယ်တိုင်းအတွက် လိုအပ်တဲ့ မရှိမဖြစ် အရာ ငါးမျိုး


Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးကင်းစ ကလေးငယ်တိုင်းအတွက် လိုအပ်တဲ့ မရှိမဖြစ် အရာ ငါးမျိုး

    အချို့မိဘတွေအတွက်ကတော့ သူတို့ကလေးအတွက် လိုအပ်တာလေးတွေဝယ်ခြင်းဟာ မိဘဘဝရဲ့ ပျော်ရွှင်ကျေနပ်ဖွယ် အချိန်လေးတွေ ဖြစ်ပါတယ်။ တချို့ကျတော့ ဘယ်အရာကို ရွေးချယ်ရမလဲဆိုတာ မသိတဲ့အတွက် စိတ်ရှုပ်တတ်ကြပါတယ်။ ဘယ်အရာဟာ ကလေးငယ်အတွက် သင့်လျော်ပါသလဲ။ ဘာကိုလိုအပ်ပါသလဲ။ ဒီဆောင်းပါးမှာတော့ ကလေးငယ် အစွမ်းကုန် ကြီးထွား ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ မရှိမဖြစ် ကိရိယာ ငါးခုကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

    (၁) ကလေး အဝတ်အစား

    ပထမ သုံးလအတွက် အဝတ်အစား – ဝတ်စုံ တစ်စုံ ၊ အင်္ကျီ ( လည်ပင်းပေါက် သေးတဲ့ အင်္ကျီတွေကို ရှောင်ကြဉ် သင့်ပါတယ်။) + ဆွဲဆန့်နိုင်တဲ့ ဘောင်းဘီ ၊ ဦးထုပ် (အေးတဲ့အချိန်မှာ ကလေးနားရွက်ကို ကာကွယ်ပေးနိုင်ဖို့နဲ့ ပူတဲ့အချိန်မှာ မျက်လုံးတွေကို နေရောင်ကနေ ကာကွယ်ပေးဖို့ ဦးထုပ်နှစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။)

    အပြင် အဝတ်အစား – ကြယ်သီးပါတာတွေ၊ ကြိုးပါတာတွေဟာ ကလေးကို အသက်ရှူကျပ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ ဒါကြောင့် ဆွယ်တာ အင်္ကျီ (သို့) ဇစ်ပါတဲ့ ဆွယ်တာ (သို့) အပေါ်ဝတ် အင်္ကျီတွေကို ရွေးချယ်သင့်ပါတယ်။

    (၂) ခြေအိတ်

    ခြေထောက်ကို အမှိုက်တွေနဲ့ စူးရှနိုင်တဲ့ အရာတွေကနေ ကာကွယ်ပေးပါတယ်။

    (၃) ဖိနပ်

    ခြေထောက်ကြီးထွားမှုကို ဟန့်တားစေပြီး လမ်းလျှောက်တာကို အခက်အခဲဖြစ်စေတဲ့ ဖိနပ်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

    ကလေးတွေဟာ ကြီးထွားမြန်တာမို့ တစ်ခါတည်းနဲ့ အများကြီး ဝယ်လိုက်မယ်ဆိုရင် သူဝတ်တောင် မဝတ်ရသေးခင် အဝတ် မတော်တော့တာမျိုး ဖြစ်နိုင်ပါတယ်။ မိဘတွေဟာ ပျော့ပြောင်းပြီး အကြမ်းခံတဲ့ အဝတ်အစားတွေကိုသာ ဝတ်သင့်ပါတယ်။ အင်္ကျီဟာ ထူသလားပါးသလားဆိုတာပါ ထည့်စဉ်းစားသင့်ပြီး ကလေးကို အနွေးဓာတ်ပေးဖို့ အရေးကြီးသလို သူအသက်ကောင်းကောင်း ရှူနိုင်ဖို့ အတွက်လည်း စဉ်းစားပေးသင့်ပါတယ်။ ကျပ်လွန်းတဲ့ အဝတ်အစားတွေဟာ ကလေးရဲ့ ကြီးထွားမှုကို တားမြစ်စေရုံသာမကပဲ အရေပြား ယားယံမှုနဲ့ အစာခြေမှုဆိုင်ရာ ပြဿနာတွေကို ပါ ဖြစ်စေနိုင်ပါတယ်။

    (၄) Diapers

    မိဘတွေဟာ diapers တွေကို ကြိုက်တာသုံးစွဲနိုင်ပါတယ်။ ကလေးတွေဟာ ပုံမှန်အားဖြင့် တစ်နေ့ကို ၃ ခါကနေ ၄ခါ အထိဝမ်းသွားတတ်ပြီးတော့ တစ်နေ့ကို diapers ၆ ခုကနေ ၁၂ ခုအထိ လဲပေးသင့်ပါတယ်။

    တစ်ခါသုံး Diaper ရွေးချယ်ရတဲ့ မိဘတွေဟာ သူတို့ရွေးလိုက်တဲ့ diaper တွေက ကလေးကို ယားယံမှု မဖြစ်စေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိဘတွေဟာ မတူညီတဲ့ တံဆိပ်မျိုးစုံကို အနည်းငယ်စီ သုံးစွဲသင့်ပြီး ကလေးအရေပြားကို နီမြန်းခြင်းတွေကို ကာကွယ်ဖို့ baby oil လိမ်းပေးသင့်ပါတယ်။

    Pad တွေ စားပွဲတွေ ပြောင်းလဲခြင်းဟာ မိဘတွေအတွက် ကောင်းတဲ့ ရွေးချယ်မှု ဖြစ်နိုင်ပေမယ့် ကလေးတွေ diaper လဲတဲ့ အချိန်မှာ မညီညာတဲ့ နေရာတွေပေါ်မှာ မလဲသင့်ပါဘူး။

    (၅) အစာကျွေးခြင်း

    ကလေးကို မိခင်နို့တိုက်မလား၊ နို့မှုန့်တိုက်မလားဆိုတာဟာ မိဘတွေရဲ့ ဆုံးဖြတ်မှုသာ ဖြစ်ပါတယ်။

    ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ မိခင်တွေအတွက်ကတော့ ပုံမှန်ခေါင်းအုံး ထက်စာရင် nursing pillow ကို အသုံးပြုသင့်ပါတယ်။ ဒါမှာသာ သူတို့ရော ကလေးတွေပါ သက်တောင့်သက်သာ ရှိမှာ ဖြစ်ပါတယ်။

    နို့မှုန့်တိုက်ကျွေးတဲ့ မိခင်တွေ အနေနဲ့ကတော့ သုံးတဲ့ တံဆိပ်နဲ့ နို့ဘူးဟာ ကျန်းမာရေးနဲ့ ညီတဲ့ စံညွှန်းတွေနဲ့ ပြည့်မီသင့်ပါတယ်။

    (၆) အိပ်စက်ခြင်း

    ကျွမ်းကျင်သူတွေကတော့ ကလေးငယ်တွေအတွက် အကောင်းဆုံး အိပ်စက်ရန်နေရာဟာ မိခင်တွေရဲ့ အခန်းထဲမှာလို့ဆိုပါတယ်။ ဒါပေမယ့် သူတို့ဟာ မိခင်တွေနဲ့ အိပ်ရာတစ်ခုတည်းမှာ မအိပ်သင့်ပဲ ကလေးငယ်တွေအတွေက် ကိုယ်ပိုင် အိပ်ရာ တစ်ခု ရှိသင့်ပါတယ်။ SIDS ရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချဖို့အတွက် ပုံမှန် စောင်တွေအစား ဝတ်နိုင်တဲ့ စောင်တွေကို ဝယ်သူသင့်ပါတယ်။

    (၇) အိမ်ပြင်လှုပ်ရှားမှုများ

    ကလေးရဲ့ ကိုယ်ခံအားစနစ်အတွက် အန္တရာယ် ရှိတာကြောင့် မိဘတွေဟာ ပထမ နှစ်ပတ်မှာ ကလေးငယ်ကို လူတွေကြားထဲ ခေါ်သွားခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။ ပထမနှစ်ပတ်ကျော်သွားရင်တော့ နေရောင်နဲ့ သန့်စင်တဲ့ လေရအောင် ကလေးကို လက်တွန်းလှည်းထဲ ထည့်ပြီး အပြင်ခေါ်သွားနိုင်ပါတယ်။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုနဲ့ လေထုညစ်ညမ်းမှုတွေကနေ ကာကွယ်ဖို့ ကလေးကို အကာအကွယ် ပေးထားသင့်ပါတယ်။ မွေးကင်းစ ကလေးတွေကို။

    ကလေးငယ်တွေအတွက် ပစ္စည်း ဝယ်တဲ့နေရာမှာတော့ မိဘတွေဟာ ကလေးငယ်တွေ သက်သောင့်သက်သာရှိဖို့နဲ့ လုံခြုံမှု ရှိဖို့ကို ဒီဇိုင်းတွေ ဈေးတွေထက်ပိုပြီး စဉ်းစားသင့်ပါတယ်။ ဒါမှသာ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာမှာ အကောင်းဆုံး ဖွံ့ဖြိုးမှု ရရှိနိုင်မှာ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement