backup og meta

ဘေဘီလေးတွေ သွားကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ (၅) မျိုး


Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေ သွားကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ (၅) မျိုး

    ဘေဘီလေးတွေကို ကျန်းမာတဲ့ သွားတွေပိုင်ဆိုင်စေဖို့နဲ့ အစားအစာတွေကိုကောင်းကောင်းစားနိုင်စေဖို့အတွက် ငယ်စဉ်ချိန်ကတည်းက သွားနဲ့ခံတွင်းကျန်းမာစေဖို့ မိဘတွေကသေသေချာချာဂရုစိုက်ပေးဖို့လိုပါမယ်။ မိမိရင်သွေးလေးတွေကိုပြုံးအလှပိုင်ရှင်ဖြစ်စေဖို့ မိဘတွေအနေနဲ့ ငယ်စဉ်ကတည်းက ခံတွင်းနဲ့သွားတွေကို ကျန်းမာစေနိုင်တဲ့ အစားအစာတွေကို သင့်တင့်မျှတအောင်ကျွေးမွေးဖို့လိုပါမယ်။ အခုတစ်ခေါက်တော့ ရင်သွေးလေးတွေ သွားနဲ့ခံတွင်းကျန်းမာစေဖို့ ဘာတွေကျွေးမွေးရမလဲဆိုတာကိုပြောပြပေးပါရစေ။

    ကလေးခံတွင်းနဲ့သွားကျန်းမာစေဖို့ အစားအစာ (၅) မျိုး

    ပန်းသီး

    ကလေးတွေကို ပန်းသီးကျွေးပေးမယ်ဆိုရင် သွားမှာကပ်ညှိနေတဲ့ သွားချေးလိုမျိုးအရာတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ပန်းသီးတင်မဟုတ်ပါဘူး။ အမျှင်ဓါတ်ပါတဲ့ အသီးတွေကလည်း ကလေးရဲ့ သွားနဲ့ခံတွင်းကိုကျန်းမာစေနိုင်ပါတယ်။ ပန်းသီးက ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် သွားတွေကြံ့ခိုင်စေဖို့ အထောက်အကူပြုပေးပါတယ်။

    ဥအမျိုးမျိုး

    ကြက်ဥ၊ဘဲဥနဲ့ငုံးဥတို့လိုမျိုး ဥတွေမှာ ကယ်လ်ဆီယမ်၊ပရိုတင်းနဲ့ဗီတာမင် D တို့လိုမျိုး ခံတွင်းကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓါတ်တွေပါဝင်နေပါတယ်။ ဗီတာမင် D က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်အောင် အထောက်အကူပေးပါတယ်။ ကယ်လ်ဆီယမ်က အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်တယ်ဆိုတာကိုတော့ဖေဖေမေမေတို့ သိပြီးဖြစ်မှာပါ။ ဥအမျိုးမျိုးမှာ DHA လို့ခေါ်တဲ့ omega-3 fatty acid တစ်မျိုးပါဝင်လို့ရွေးချယ်သင့်တဲ့အာဟာရဓါတ်စာပါပဲ။Docosahexaenoic acid (DHA) ကDHA က ကလေးတွေရဲ့ အမြင်အာရုံနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အရေးပါသလို DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပါလိမ့်မယ်။

    နို့

    နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်တွေမှာ ကယ်လ်ဆီယမ်၊casein နဲ့ phosphorus တို့လိုမျိုး သွားကြွေလွှာကို ကာကွယ်ပေးတဲ့ဓါတ်တွေပါဝင်နေပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာပါတဲ့ အာဟာရဓါတ်တွေက ခံတွင်းကိုကျန်းမာစေပါတယ်။

    ဟင်းသီးဟင်းရွက်တချို့

    မုန်လာဥနီလိုမျိုး အစိမ်းလိုက်ဝါးစားလို့ရတဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေကရေဓါတ်လည်းကြွယ်ဝစွာပါဝင်တာကြောင့် သွားရဲ့ အပေါ်ယံမျက်နှာပြင်တွေကို သန့်စင်ပေးနိုင်ပါတယ်။ အမျှင်ဓါတ်ပါတဲ့ အသီးအနှံတွေက အချိုဓါတ်ကို ထိန်းညှိပေးပြီး သွားတွေကို သန့်စင်စေနိုင်ပါတယ်။

    ပန်းဂေါ်ဖီစိမ်း နဲ့ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေမှာ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ခံတွင်းနဲ့ သွားကျန်းမာရေးအတွက်တော်တော့်ကိုအထောက်အကူပြုနိုင်ပါတယ်။ ကိုက်လန်နဲ့ဟင်းနုနွယ်လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ သွားနဲ့သွားဖုံးကို ကျန်းမာစေနိုင်တဲ့ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်နေပါတယ်။

    အခွံမာသီးတွေ နဲ့ အစေ့အဆန်တွေ

    အခွံမာသီးတွေနဲ့အစေ့အဆန်တွေက ခံတွင်းထဲမှာရှိနေတဲ့ သွားကြွေလွှာတွေကို ပျက်စီးစေနိုင်တဲ့ အက်ဆစ်တွေကို ဖယ်ရှားပေးနိုင် ပါတယ်။ အယ်လ်မွန်၊မြေပဲနဲ့သီဟိုဠ်စေ့တွေမှာ ကယ်လ်ဆီယမ်နဲ့phosphorus တို့များစွာပါဝင်နေတာကြောင့် သွားကျန်းမာအောင်ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် DHAလည်းကြွယ်ဝလို့ ကလေးရဲ့မျက်စိကျန်းမာရေးနဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုမှာ အတိုင်းထက်အလွန်ကောင်းမွန်စေပါတယ်။

    ကလေးတွေရဲ့ သွားကိုထိခိုက်စေနိုင်တဲ့ အစားအသောက်တွေ

    အချိုကဲပြီးစေးကပ်ကပ်နိုင်တဲ့ အစားအစာတွေက သွားတွေကို ထိခိုက်စေနိုင်ပါတယ်။ ကလေးအနေနဲ့ အချိုများပြီးစေးကပ်ကပ်နိုင်တဲ့ အစားအစာတွေစားပြီးတဲ့အခါတိုင်း သွားနဲ့ခံတွင်းတွေကို သန့်ရှင်းအောင်လုပ်ပေးဖို့လိုပါလိမ့်မယ်။

    • ဝါးစားလို့ရတဲ့ ခပ်ပျော့ပျော့သကြားလုံး
    • သကြားလုံး
    • တော်ဖီခဲ
    • အချိုရည်တွေ
    • သကြားပါတဲ့ ပီကေ
    • အသီးခြောက်တွေ
    • အာလူးကြော်
    • ပျားရည်
    • ကပ်စေးနဲတွေကိုဖြစ်နိုင်ရင်မကျွေးတာကောင်းပါတယ်။

    ဘေဘီလေးတွေကို သွားနဲ့ခံတွင်းကျန်းမာတဲ့ပြုံးအလှပိုင်ရှင်လေးတွေဖြစ်စေဖို့ ဘာတွေကျွေးမွေးပေးရမလဲဆိုတာဖေဖေမေမေတို့ သိလောက်ပြီထင်ပါတယ်။ ကလေးငယ်ကို ငယ်စဉ်အရွယ်ကတည်းက သွားနဲ့ခံတွင်းကျန်းမာတဲ့ဘေဘီလေးတွေအဖြစ်ပျိုးထောင်နိုင်ကြပါစေကြောင်း။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement