backup og meta

ဘေဘီလေးတွေသောက်သင့်တဲ့ ရေပမာဏ


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေသောက်သင့်တဲ့ ရေပမာဏ

    ထမင်းအသက် ၇ ရက်ရေအသက် တစ်မနက်တဲ့။ ကားတွေမောင်းလို့ရဖို့လောင်စာဆီလိုသလို ဦးနှောက်ကစလို့ ခန္ဓါကိုယ်တစ်ခုလုံးက အစိတ်အပိုင်းတွေကောင်းကောင်းလည်ပတ်စေဖို့အတွက်ရေလိုအပ်ပါမယ်နော်။ရေက ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်ခုပါ။ လူတစ်ယောက်ဟာ အစားမစားရဘဲ ၆ ပတ်လောက်အထိ အသက်ရှင်နိုင်ပေမယ့်ရေမသောက်ရဘဲ တစ်ပတ်ထက်ပိုမနေနိုင်ပါဘူးလို့လေ့လာချက်တွေအရသိရပါတယ်။ လူကြီးတစ်ယောက်တောင်ဒီလောက်ဆိုရင် နုနယ်သေးတဲ့ ကလေးတွေဆိုရေဓါတ်ကို ဘယ်လောက်တောင်လိုအပ်မလဲနော်။

    ရေကခန္ဓါကိုယ်အတွက် ဘာတွေလုပ်ပေးလဲ

    လူတစ်ယောက်ခန္ဓါကိုယ်အလေးချိန်ရဲ့ ၆၀ ရာခိုင်နှုန်းကရေတွေပါ။ ဒီလောက်ခန္ဓါကိုယ်မှာနေရာယူထားတဲ့ရေက ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတော်တော်များများမှာ အဓိကဇာတ်လိုက်အဖြစ်ပါဝင်နေပါတယ်။ ဒီလိုအဓိကနေရာက တာဝန်ယူထားတဲ့ရေက ခန္ဓါကိုယ်အတွက် ဒီလိုလုပ်ဆောင်ပေးပါတယ်နော်။

  • ခန္ဓါကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးတယ်
  • ဆဲလ်တွေဆီကို အာဟာရတွေနဲ့အောက်ဆီဂျင်တွေသယ်ပို့ပေးတယ်
  • ကိုယ်တွင်းသွေးပမာဏကို ထိန်းညှိပေးတယ်
  • ကိုယ်တွင်းက အညစ်အကြေးတွေကို စွန့်ထုတ်ပေးတယ်
  • အရိုးအဆစ်တွေလှုပ်ရှားနိုင်စေဖို့ချောဆီအဖြစ်လုပ်ဆောင်ပေးတယ်
  • ကိုယ်တွင်းတစ်ရှုးတွေကိုရေဓါတ်ပြည့်ဝစေတယ်
  • ပါးစပ်၊နှာခေါင်းနဲ့ မျက်လုံးတွေကို အစိုဓါတ်ထိန်းပေးတယ်
  • အာရုံစူးစိုက်နိုင်အောင် ဦးနှောက်ကိုရေဓါတ်ထောက်ပံ့ပေးတယ်
  • အစာခြေစနစ်အတွက်လိုအပ်တဲ့ရေဓါတ်ကိုထောက်ပံ့ပေးတယ်။
  • ကလေးတစ်ယောက်အနေနဲ့ တစ်နေ့တာကိုရေဘယ်လောက်သောက်ဖို့လိုမလဲ

    ကလေးတစ်ယောက်ချင်းစီမှာ အသက်အရွယ်၊ ကိုယ်အလေးချိန်နဲ့ယောက်ျားလေး၊မိန်းကလေး ကွာဟမှုကိုလိုက်ပြီး လိုအပ်တဲ့ရေပမာဏကလည်း ကွာခြားနိုင်ပါတယ်။ ကလေးအသက်အရွယ်အလိုက်တစ်နေ့ကိုရေပမာဏဘယ်လောက်သောက်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။

    • လမ်းလျှောက်တတ်စအရွယ် တစ်နေ့ကိုရေ ၂ ခွက် ကနေ ၄ ခွက်
    • အသက် ၄ နှစ်ကနေ ၈ နှစ် တစ်နေ့ကိုရေ ၇ ခွက်
    • အသက် ၉ နှစ်ကနေ ၁၃ နှစ်ယောက်ျားလေးဆိုရင် တစ်နေ့ကိုရေ ၁၀ ခွက်၊ မိန်းကလေးဆိုရင် တစ်နေ့ကိုရေ ၉ ခွက်
    • အသက် ၁၄ နှစ်ကနေ ၁၈ နှစ်ယောက်ျားလေးဆိုရင် တစ်နေ့ကို ရေ ၁၄ ခွက်၊ မိန်းကလေးဆိုရင် တစ်နေ့ကို ရေ ၁၀ ခွက် သောက်သုံးပေးရပါမယ်။

    တကယ်လို့ ကလေးကပြေးလွှားဆော့မယ်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ် ဆိုရင်ရေကပိုမိုလိုအပ်မှာပါ။ ဒီလိုမျိုးအချိန်တွေမှာ ကလေးက ကစားရင်းဖြစ်ဖြစ်၊ ကစားပြီးချိန်ဖြစ်ဖြစ်ရေကို ပုံမှန်ထက် ၂ ခွက်ကနေ၃ခွက်လောက်အထိပိုသောက်တာမျိုးရှိနိုင်ပါတယ်။ ကလေးကရေအများကြီးသောက်တာကို သိပ်စိုးရိမ်ဖို့မလိုပါဘူး။ ကလေးဆိုတာက လှုပ်ရှားလိုက်၊ မောလိုက်၊ ချွေးထွက်လိုက်၊ရေသောက်လိုက်က ပုံမှန်လုပ်ငန်းစဉ်တစ်ခုပါပဲ။ တကယ်လို့ကလေးကရေသောက်နည်းရင်သာရေဓါတ်ခမ်းခြောက်မှာ စိုးရိမ်ရတာပါ။ ဒီလိုအချိန်မှာမေမေတို့အနေနဲ့ ကလေးကိုရေထဲမှာ ဘယ်ရီသီးလေးတွေထည့်စိမ်ပြီးတိုက်တာမျိုး ကလေးရေသောက်ချင်လာအောင်လုပ်ပေးရမှာဖြစ်ပါတယ်။ ကလေးကိုရေပဲမတိုက်ချင်ဘူးဆိုရင်တော့ရေဓါတ်ပြည့်ဝနေစေဖို့ ဖရဲသီး၊ ဆလတ်ရွက်၊သခွားသီးတို့လိုမျိုးရေဓါတ်ပြည့်ဝတဲ့ အသီးအနှံလေးတွေကိုကျွေးပေးပါ။

    HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement