backup og meta

ဘေဘီလေးကို အုန်းစိမ်းရည်တိုက်လို့ရလား


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးကို အုန်းစိမ်းရည်တိုက်လို့ရလား

    နွေပူလို့မေမေတို့ဖွားဖွားတို့က အုန်းစိမ်းရည်ေအးအေးလေးသောက်တဲ့အခါဘေဘီလေးက ပါးစပ်ပြင်ပြီးလှမ်းတောင်းတယ်။ တိုက်လိုက်ချင်ပေမယ့် တိုက်လို့ဖြစ်ပါ့မလားလို့များတွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတဲ့ အဖြေလေးကိုပေးမှာပါနော်။

    အုန်းစိမ်းရည်မှာဘာတွေပါလဲ

    နှစ်ပေါင်းများစွာကတည်းက အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။ အုန်းစိမ်းသီးတစ်လုံးမှာ အရည်ဓါတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါဝင်ပါတယ်။

    အုန်းစိမ်းရည်က အရာသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝ အချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓါတ်ပိုမိုပါဝင်ပါတယ်။ အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓါတ်တွေ၊ ဗီတာမင် စီ၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ နဲ့ ဇင့် ဓါတ်တွေလိုမျိုး သတ္တုဓါတ်တွေပါဝင်နေပါတယ်။

    ဘေဘီလေး အုန်းစိမ်းရည်သောက်လို့ရရဲ့လား

    ဘေဘီလေးတွေက အသက် ၆ လအထိမိခင်နို့တစ်မျိုးတည်းနဲ့ လုံလောက်တဲ့အာဟာရကိုရရှိတာပါ။ ဒါကြောင့် အသက် ၆ လမပြည့်သေးတဲ့ ကလေးကိုတော့ အုန်းစိမ်းရည်မတိုက်ပါနဲ့။ ကလေးက အသက် ၆ လကျော်လာပီဆိရင်တော့ဘေဘီလေးက အုန်းစိမ်းရည်သောက်လို့ရပါပြီနော်။ ကလေးကို အုန်းစိမ်းရည်တိုက်တဲ့အခါ သတိထားရမှာက အုန်းရည်က အုန်စိမ်းရည်ဖြစ်ဖို့ နဲ့ လတ်လတ်ဆတ်ဆတ်အုန်းစိမ်းရည်ဖြစ်နေဖို့ပါ။ ဒါမှလည်း ကလေးက အုန်းစိမ်းရည်ကြောင့် ထိခိုက်တာမျိုးမဖြစ်မှာပါ။

    အုန်းစိမ်းရည်ကဘေဘီလေးအတွက် ဘာတွေကောင်းစေမလဲ

    အုန်းစိမ်းရည်ချိုချိုလေးကဘေဘီလေးကို အခုလို အကျိုးကျေးဇူးတွေ ပေးစွမ်းမှာပါနော်။

    ရေဓါတ်ြဖည့်ပေးတယ်

    သဘာဝဖျော်ရည်တစ်ခုဖြစ်တဲ့ အုန်းစိမ်းရည်ကဘေဘီလေးရဲ့ ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ဝနေအောင်ဖြည့်ပေးနိုင်မှာပါ။နွေအပူဒဏ်ကိုလည်း သက်သာစေမှာပါ။ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓါတ်နဲ့ ဆားဓါတ်တွေကို ပါဖြည့်တင်ပေးနိုင်ပါတယ်နော်။

    အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်

    ဘေဘီလေးအော့အန်တာ၊ ဝမ်းသွားတာကြောင့် ဆုံးရှုံးသွားတဲ့ရေဓါတ်ကို အုန်းစိမ်းရည်ကပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်နော်။ အစာမကြေတာအတွက်လည်းဘေဘီလေးကို အုန်းစိမ်းရည်တိုက်ပေးလို့ရပါတယ်နော်။

    ဝမ်းမှန်စေတယ်

    ဘေဘီလေးကဝမ်းချုပ်တတ်လို့ ဝမ်းမှန်အောင်ဆေးတိုက်ဖို့ကျငယ်သေးတယ်ဆိုရင် အုန်းစိမ်းရည်လေးသာတိုက်ပေးလိုက်ပါ။ လိုအပ်တဲ့ အမျှင်ဓါတ်ရောရေဓါတ်ကိုပါဖြည့်ပေးလို့ဘေဘီလေးကို ဝမ်းမှန်စေမှာ အသေအချာပါနော်။

    ဝမ်းပျက်ဝမ်းလျှောသက်သာစေတယ်

    ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်နေတယ်။ ဓါတ်ဆားရည်တိုက်ပေမယ့် သိပ်မသောက်ဘူးဆိုရင်တော့ အုန်းစိမ်းရည်ချိုချိုလေးကို ဇွန်းလေးနဲ့ခွံ့တိုက်ပါ။ ဆုံးရှုံးသွားတဲ့ရေနဲ့ ဓါတ်ဆားဓါတ်တွေကို အမြန်ဆုံးပြန်ဖြည့်ပေးနိုင်မှာပါ။

    ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေနိုင်တယ်

    ဆီးလမ်းကြောင်းပိုးဝင်တာကြောင့်ဘေဘီလေးက မအီမသာဖြစ်နေမယ်ဆိုရင်တော့ အုန်းစိမ်းရည်လေးတိုက်ပေးလို့ရပါတယ်နော်။ဘေဘီလေးဆီးရွှင်စေဖို့လည်း အုန်းစိမ်းရည်က အသုံးတည့်ပါတယ်နော်။

    သန်ကျေစနိုင်တယ်

    သန်တွေရှိနေလို့ ကလေးမထွားမှာကို စိတ်ပူပေမယ့် သန်ချဆေးမတိုက်ချင်ဘူးဆိုရင်တော့ သဘာဝသန်ချဆေးအနေနဲ့ အုန်းစိမ်းရည်ကို တိုက်ပေးလို့ရပါတယ်။

    ကဲ…… အခုလောက်ဆိုရင်တာ့ဘေဘီလေးကို အုန်းစိမ်းရည် တိုက်လို့ရလား၊ မရဘူးလားဆိုတာကို သိလောက်ပြီထင်ပါတယ်နော်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement