backup og meta

ကလေးနှင့် ဗီတာမင် အေ


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးနှင့် ဗီတာမင် အေ

    ဗီတာမင်နှင့် သတ္တုဓါတ်များသည် ကလေးကျန်းမာရေး နှင့် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဗီတာမင် အေ သည် ထိုအရေးကြီးသော ဗီတာမင်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် မျက်စိအမြင်အာရုံ နှင့် အရိုးကြီးထွားမှုအတွက် အရေးပါပြီး ရောဂါပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ဤဆောင်းပါးတွင် ကလေးများအတွက် ဗီတာမင် အေ ၏ အကျိုးကျေးဇူးများအကြောင်းကို ဖော်ပြလိုက်ပါသည်။

    ဗီတာမင်အေ ဆိုတာဘာလဲ။

    ဗီတာမင်အေ ပင်မရင်းမြစ်နှစ်ခုရှိပါသည်။ ၎င်းတို့မှာ retinol နှင့် beta-cartoene တို့ဖြစ်ပါတယ်။

    Retinol ကို စစ်မှန်သော ဗီတာမင်အေ ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ခန္ဓါကိုယ်အတွက် အသုံးပြုဖို့ အဆင်သင့်ဖြစ်ပြီး ၎င်းကို အသား (ဥပမာ။ ။ အသည်း၊ ဥ နှင့် အဆီများသောငါး) နှင့် စီရီယယ်များတွင် အလွယ်တကူ တွေ့ရှိနိုင်ပါသည်။

    Beta-carotene သည် ဗီတာမင် အေ အတွက် ရှေ့ပြေးဓါတ်ပစ္စည်းတစ်ခုဖြစ်ပြီး အသုံးပြုနိုင်ရန် ၎င်းကို Retinol (သို့) ဗီတာမင်အေ အဖြစ်သို့ ထပ်မံ ပြောင်းဖို့ လိုအပ်သည်။ ၎င်းကို လိမ္မော်ရောင်နှင့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ (ဥပမာ မုန်လာဥ၊ ကန်စွန်းဥ၊ သရက်သီး၊ ကိုက်လန်)တို့တွင် အများဆုံးတွေ့ရှိရသည်။

    Retinol ရော Beta-carotene နှစ်ခုစလုံးကို အသည်းတွင် သိုလှောင်ထားပြီး ခန္ဓါကိုယ်က ဗီတာမင်အေ လိုအပ်ချိန်တိုင်း ၎င်းတို့ကို အသုံးပြုဖို့ အဆင်သင့်ဖြစ်နေသည်။

    ဗီတာမင် အေ ၏ အကျိုးကျေးဇူးများ

    • ဗီတာမင်အေ နှင့် မျက်စိအမြင်အာရုံ

    ဗီတာမင်အေသည် အဆီတွင်ပျော်ဝင်သော retinol၊ retinal၊ retinyl esters အပါအဝင် Retinoid အုပ်စုဝင်ဖြစ်သည်။ ထိုအုပ်စုသည် ကိုယ်ခံအားစနစ်၊ အမြင်အာရုံ၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အမြင်အာရုံဆိုင်ရာ ဆဲလ်ထုတ်လုပ်ခြင်း နှင့် ထိန်းသိမ်းခြင်းများတွင် ပါဝင်သည်။

    ဗီတာမင်အေသည် Rhodopsin ၏ မရှိမဖြစ် ဒြပ်ပေါင်းတစ်ခုလည်းဖြစ်သည်။ Rhodopsin ဆိုသည်မှာ မျက်စိအာရုံခံလွှာတွင်ရှိသော အလင်းကို စုပ်ယူသည့် ပရိုတင်းတစ်ခုဖြစ်သည်။

    ဗီတာမင်အေသည် မျက်လုံးအပြင် အမြှေးပါး (Conjunctiva) နှင့် မျက်ကြည်လွှာ၏ ပုံမှန်လုပ်ငန်းဆောင်တာများကို ထောက်ပံ့ပေးသည်။

    ဗီတာမင်အေ ချို့တဲ့သော ကလေးများတွင် မျက်ကြည်လွှာခြောက်သောရောဂါ နှင့် အခြား ပြင်းထန်သော ကျန်းမာရေးဆိုင်ရာ အခြေအနေများကို ဖြစ်ပွားစေသည်။ ထိုကလေးများသည် ကုသမှုမခံယူလျှင် မျက်လုံးကန်းနိုင်သော အန္တရာယ် ကြုံရနိုင်သည်။ ဗီတာမင်အေချို့တဲ့မှုကြောင့် မျက်စိကန်းသွားသည်သော ကလေး တစ်ကမ္ဘာလုံးတွင် ခန့်မှန်းခြေ ၂၅၀.၀၀၀ မှ ၅၀၀.၀၀၀ ခန့်ရှိပါသည်။

  • ဗီတာမင် အေ နှင့် ကိုယ်ခံအား
  • ဗီတာမင်အေသည် ကိုယ်ခံအားစနစ်အပေါ်တွင် သက်ရောက်မှုရှိသောကြောင့် မကြာသေးခင် နှစ်အနည်းငယ်အတွင်းတွင် အားလုံး၏ အာရုံစိုက်မှုကို ရရှိနေပါသည်။ သင့်ကလေး ဗီတာမင် အေ ကို မြန်မြန်ရလေ ကိုယ်ခံအားစနစ်နှင့် ရောဂါပိုးကို တိုက်ထုတ်နိုင်စွမ်း ပိုမိုထိရောက်လေဖြစ်သည်။ ဗီတာမင်အေတွင် ဓါတ်တိုးဆန့်ကျင် အာနိသင်ပါရှိသောကြောင့် ဆဲလ်များ ဓါတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးသည်။

    ဆိုလိုသည်မှာ ဗီတာမင်အေ သည် ဆဲလ်ပျက်စီးယိုယွင်းခြင်းကြောင့် ဖြစ်သော ရောဂါများနှင့် ဖျားနာခြင်းတို့မှ ကာကွယ်ပေးပြီး အရေပြား၊ တစ်ရှုးနှင့် အမြှေးပါးများကို ထိန်းသိမ်းပေးသည်။

    ဗီတာမင်အေ ချို့တဲ့ပါက နာမကျန်းခြင်း နှင့် ရောဂါဘယများ (ဥပမာ။ ။ ဝက်သက်၊ ဝမ်းပျက်ဝမ်းလျှော)ကို ဖြစ်ပွားစေသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ထောက်ခံချက်အရ ဗီတာမင်အေ အားဆေး နှင့် ကာကွယ်ဆေးများ ပေါင်းစည်အသုံးပြုခြင်းသည် သင့်ကလေးကို ပိုလီယိုကဲ့သို့သော အဖြစ်များသော ရောဂါအချို့မှ ကာကွယ်ပေးသည်။

    ဗီတာမင်အေကို ဘယ်က ရရှိသလဲ။

    Retinol ကြွယ်ဝသော အစားအသောက်များ။ ။ ဆယ်လ်မွန်ငါး၊ ဥအနှစ်၊ အသည်း၊ ထောပတ်၊ အဆီများသော ခရင်မ်၊ Cheddar ဒိန်ခဲ၊ နို့ ။

    Beta-carotene ကြွယ်ဝသော အစားအသောက်များ။ ။ မုန်လာဥ၊ ကညွှတ်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး၊ ရေညှိ၊ သရက်သီး၊ တရုတ်ဇီးသီး ၊

    ပန်းမုန်လာစိမ်း၊ သင်္ဘောသီး ။

    သင့်ကလေး ဗီတာမင်အေ ဓါတ် လွန်ကဲနိုင်သလား။

    ပုံမှန်အားဖြင့် ခန္ဓါကိုယ်သည် ဗီတာမင် အေ ကို တက်ကြွသော active form ပုံစံအဖြစ်သို့ အသွင်ပြောင်းပြီး အသုံးပြုရသည်။ သင့်ခန္ဓါကိုယ်သည် အသည်းနှင့် နို့ ကဲ့သို့သော အသားရင်းမြစ်များမှ ဗီတာမင်အေ ဓါတ်အမြောက်အမြားရရှိတာဖြစ်နိုင်ပါသည်။

    သို့သော် အကယ်၍ မုန်လာဥနှင့် လိမ္မော်ရောင်၊ အဝါရောင် ဟင်းသီးဟင်းရွက်၊သစ်သီးဝလံများတွင် တွေ့ရသော Carotenoids ဓါတ်လွန်ကဲလျှင် သင့်အသားအရေသည် အဝါ-လိမ္မော်ဖက်သို့ သန်းသွားလိမ့်မည်။ ပုံမှန် ညီညွှတ်မျှတသော အစားအသောက် ကို ပြန်စားပါက ထိုအခြေအနေသည် ပျောက်ကင်းသွားမည်ဖြစ်သောကြောင့် သိပ်စိတ်မပူပါနဲ့။ ဗီတာမင်အေ ဓါတ်များခြင်းသည် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အမြင်ေဝဝါးခြင်း၊ ကြွက်သား ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိခြင်း တို့ကို ဖြစ်စေပါသည်။ အသည်းနှင့် ပင်မအာရုံကြောစနစ် ပြဿနာများသည် ရေရှည်ဆိုးကျိုးများဖြစ်သည်။

    ဗီတာမင်အေ ဘယ်လောက်ပမာဏ ရရှိပါက လုံလောက်သလဲ။

    ဆေးတက္ကသိုလ် အစားအသောက်နှင့် အာဟာရအဖွဲ့က ကလေးတစ်ယောက် တစ်ရက်ကို ပေးနိုင်သည့် အများဆုံးသော ဗီတာမင်အေ ပမာဏကို ဖော်ပြထားသည်။ အသက် ၁ နှစ်မှ ၃ နှစ်ကြား ကလေးများကို တစ်ရက်လျှင် ဗီတာမင်အေ 2.000IU ထက်ပိုမပေးရ။ အသက် ၄ နှစ် မှ ၈ နှစ်ကလေးများကို တစ်ရက်လျှင် ဗီတာမင်အေ 3.000 IU ထက်ပိုမပေးသင့်ပါ။

    ဗီတာမင်အေသည် ခန္ဓါကိုယ်အတွက် ကောင်းကျိုးများစွာရှိသလို နောက်ပိုင်း ပြင်းထန်သော ကျန်းမာရေးပြဿနာများဖြစ်စေနိုင်သည့် ဘေးထွက်ဆိုးကျိုးများလည်း ရှိပါသည်။ သို့ဖြစ်ပါ၍ သင့်ကလေးကို ဗီတာမင် အားဆေး မကျွေးခင် သင့်ဆရာဝန်ဆီက အကြံဉာဏ်တောင်းခံဖို့ မမေ့ပါနဲ့။ ကုသခြင်းသည် ကာကွယ်ခြင်းထက် ကောင်းသည်ဆိုတာကို အမြဲသတိရပါ။

    Hello health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement