backup og meta

ကလေးများ၏ စိတ်ခံစားမှုနှင့် အစာစားချင်စိတ် ဆက်နွယ်မှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများ၏ စိတ်ခံစားမှုနှင့် အစာစားချင်စိတ် ဆက်နွယ်မှု

    အစာစားခြင်းဟာ ကလေးတိုင်းရဲ့ဘဝအတွက်အရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ အစာကောင်းကောင်းစားခြင်းဟာ ခန္ဓါကိုယ်ဖွံ့ဖြိုး၍ ကျန်းမာစေရုံသာမကပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ဓါတ်ပိုင်းတွင်လည်းတိုးတက်စေပါတယ်။ အစာစားချင်းနှင့်အစားအစာရွေးချယ်မှုကိုနေထိုင်ရာပတ်ဝန်းကျင် ၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်၏အပူချိန်တို့က လွှမ်းမိုးပါတယ်။

    စိတ်ခံစားမှုကြောင့် အစာစားခြင်းဆိုတာဘာလဲ။

    စိတ်၏စေခိုင်းမှုကြောင့် အစာစားခြင်းမှာ အာဟာရပြည့်ဝရန်ထက် သက်တောင့်သက်သာရှိစေရန် ၊ ပျင်းရိမှုမှလွတ်မြောက်ရန် သို့ စိတ်လှုပ်ရှားမှုကိုတုံ့ပြန်ခြင်းအားဖြင့် ဖြစ်စေ စားခြင်းဖြစ်ပါတယ် ။ ကလေးများ ၊ ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးသူများတောင်မှစိတ်၏အလိုအရ တစ်ခါ သို့ တစ်ခါထက်ပိုပြီး စားမိတတ်ကြပါတယ် ။

    စိတ်ခံစားမှုကြောင့် အစာစားခြင်းသည်အမှန်တစ်ကယ်ဆာ၍စားခြင်းနှင့် မည်သို့ကွာသလဲ။

    ကလေးတွေဟာ အခြေအနေတစ်ခု သို့ အတွေ့အကြုံတစ်ခုနှင့်ကြုံတွေ့ရတဲ့အခါမှာ စိတ်လှုပ်ရှားပြီး အစားစားချင်စိတ်များ အလွန်ဖြစ်ပေါ်လာတတ်ပါတယ်။ အခြားတစ်ဖက်မှာတော့ခန္ဓါကိုယ်လိုအပ်ချက်ကြောင့်ဗိုက်ဆာတဲ့ကလေးတွေဟာတော့ သူတို့ရဲ့အစာအိမ်ထဲမှာ ဘာမှမကျန်တဲ့အခါမှသာအစာစားချင်စိတ်ဖြစ်ပေါ်လာကြပါတယ်။

    စိတ်ခံစားမှုကြောင့်အစာစားတဲ့ကလေးများဟာ အစားအစာတစ်မျိုးထဲကိုပဲစားချင်စိတ်ပြင်းထန်နေတတ်ကြပြီး ပုံမှန်ဗိုက်ဆာတဲ့ကလေးတွေဟာတော့မည်သည့်အစားအစာဖြစ်စေ ကျေနပ်တတ်ကြပါတယ် ။

    ဥပမာအားဖြင့် သူငယ်ချင်းများနှင့်ရန်ဖြစ်ပြီးတဲ့ကလေးတွေဟာရေခဲမုန့်တွေအများကြီးစားတာကိုသူတို့ဘာသာသတိထားမိတတ်ကြပြီး အချို့ကတော့ သတိမထားမိတတ်ကြပါဘူး ။

    စိတ်ခံစားမှုကြောင့်အစာစားခြင်းဟာ ဘာကြောင့်မကျန်းမာစေသလဲ။

    စိတ်အလိုလိုက်၍ အစာစားခြင်းဟာ အဝလွန်ခြင်း( အလွန်အကျွံစားသုံးမိ၍) ၊လုံလောက်သောခန္ဓါကိုယ်အလေးချိန်မရှိခြင်း( လုံလောက်သောအာဟာရမရရှိခြင်း) သို့အစားစားခြင်းနှင့်ဆိုင်သောပြဿနာများဖြစ်တတ်ပါတယ်။ ကျွန်ုပ်တို့မကြာခဏတွေ့ရလေ့ရှိတာတွေကတော့ အဝလွန်ခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့ဖြစ်ပြီး ရောဂါရှာဖွေခြင်းနှင့် ကုသမှုတို့မခံယူပါက ရလာဒ်များဆိုးဝါးစွာထွက်ပေါ်လာစေနိုင်ပါတယ် ။

    ကလေးများနှင့် ဆယ်ကျော်သက်များတွင် စိတ်ခံစားမှုကြောင့် အစာစားစေတဲ့အကြောင်းရင်းတွေဟာ ဘာတွေလဲ။

    စိတ်အလိုလိုက်၍ အစာစားခြင်းနှင့် ဆက်စပ်နေတဲ့အခြေအနေတွေနဲ့စိတ်ခံစားမှုတွေကတော့……

    – ဒေါသထွက်ခြင်း ၊

    – ပျင်းရိခြင်း ၊

    – ပြောင်းလဲမှုများ ၊

    – စိတ်ရှုပ်ထွေးခြင်း၊

    – စိတ်ဓါတ်ကျခြင်း ၊

    – အလိုမကျ စိတ်ပျက်ခြင်း ၊

    – အထီးကျန်ခြင်း၊

    – ဆုံးရှုံးခြင်း၊

    – မကျေနပ်ခြင်း ၊

    – ဖိအားများ ။

    ပျော်ရွှင်ခြင်း… အစရှိတဲ့ကောင်းမွန်တဲ့စိတ်ခံစားမှုများသည်ပင် အစာစားချင်စိတ်ကိုဖြစ်ပေါ်စေပါတယ် ။

    သင့်ရဲ့ကလေးကိုဘယ်လိုကူည ီပေးနိုင်သလဲ။

    သင့်ရဲ့ကလေးမှာ စိတ်အလိုလိုက်၍ အစာစားတတ်တဲ့ လက္ခဏာလေးတွေတွေ့နေပြီဆိုလျှင်တော့ သူတို့ကို ညင်ညင်သာသာနဲ့ကောင်းကောင်းမွန်မွန်စကားပြောကြည့်ရပါမယ် ။ သင်စိုးရိမ်တဲ့အကြောင်းအရာကိုဦးတည်၍ စကားပြောရပါမယ် ။ သင့်ရဲ့ကလေးကိုကူညီရာမှာဂရုစိုက်ရန်သာမက ယဉ်ကျေးသိမ်မွေ့ပြီး သွယ်ဝိုက်ပြောဆိုရန်လည်းအရေးကြီးပါတယ် ။

    စိတ်ခံစားမှုကြောင့် အစာစားနေမယ့်အစား အခြားနည်းလမ်းများကိုရှာဖွေပေးခြင်းဖြင့် သင့်ကလေးရဲ့စိတ်ခံစားမှုများကြောင့် အစာစားနေတဲ့ပြဿနာများကိုကူညီဖြေရှင်းပေးသင့်ပါတယ် ။ ဥပမာ..အစာစားချင်စိတ်ဖြစ်ပေါ်စေတဲ့အကြောင်းအရာကို ဆွေးနွေးပြောဆိုပြီး ထိုအရာကို အစာစားခြင်းအစား အခြားနည်းနှင့် ဖြေရှင်းစေခြင်း ။

    သူငယ်ချင်းများနှင့် ပြင်ပပွဲများတွင်ပါဝင်စေခြင်းဟာလည်း စိတ်ခံစားမှုကြောင့်အစာစားခြင်းမှရှောင်ကျဉ်ရန် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ် ။ စိတ်ခံစားမှုကြောင့် အစားစားခြင်းကို ဖြေရှင်းရာတွင် ကလေးတစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းတာကို မျှော်လင့်နေမယ့်အစား သူတို့အတွက်အထောက်အကူဖြစ်မယ့်..သူတို့ပြဿနာများကို ဆွေးနွေးအကြံပေးခြင်း၊သူတို့အခက်အခဲတွေကြုံတွေ့ရတဲ့အခါမှာ အားပေးချီးမြှောက်ပေးခြင်း သို့ သူတို့ကို ကပ်ခွာအချို့ပေးခြင်း..အစရှိသည်တို့ကို ပြုလုပ်ပေးနိုင်ပါတယ် ။

    မိဘများနှင့် ကျန်းမာရေးစောင့်ရှောက်သူများဟာ စိတ်ခံစားမှုကြောင့် အစာစားသည့်ပြဿနာကို အချိန်အကြာကြီး မဖြေရှင်းပဲထားခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများကို ရှောင်ကျဉ်စေနိုင်ဖို့ပါဝင်ကူညီသင့်ပါတယ်။

    မိဘများနှင့် ကျန်းမာရေးစောင့်ရှောက်သူများဟာ အသိပညာကြွယ်ဝနေရန်လိုအပ်ပြီး စိတ်ခံစားမှုနှင့် အစာစားခြင်း သို့ ကလေးတွေကြုံတွေ့ရမယ့် အဝလွန်ခြင်း၊အာဟာရချို့တဲ့ခြင်းနှင့် သူတို့ရဲ့ဘဝမှာဆိုးကျိုးတွေအများကြီးကျန်ခဲ့စေနိုင်တဲ့ နောက်ဆက်တွဲပြဿများကို ဂရုပြု သတိထားကြရန် လိုအပ်ပါတယ်။

    Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement