backup og meta

တစ်ကိုယ်တော်မိခင်တစ်ယောက်အတွက် စိန်ခေါ်မှုများ

တစ်ကိုယ်တော်မိခင်တစ်ယောက်အတွက် စိန်ခေါ်မှုများ

ဘယ်အလုပ်ကမိဘဖြစ်ခြင်းထက် ပိုပြီးခက်ခဲပြီးစိတ်ဖိစီးမှုများ နိုင်ပါသလဲ။ ဟုတ်ပါတယ်။ တစ်ဦးတည်းမိဘဖြစ်နေခြင်းဆိုတာကပိုခက်ခဲပါတယ်။ ဒါပေမယ့်လည်းဒါဟာသင်ရွေးချယ်စရာတစ်ခုတည်းသောနည်းလမ်း ဖြစ်နေနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်ကလေးကိုပြုစုစောင့်ရှောက်ချိန်မှာမလွှဲမရှောင်သာကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။

ကလေးကို ပြုစုစောင့်ရှောက်စဉ်မှာတစ်ဦးတည်းသောမိဘဖြစ်ခြင်းအတွက် ကြုံတွေ့နိုင်တဲ့ စိန်ခေါ်မှု ငါးမျိုး

၁။ ငွေကြေးဆိုင်ရာစိန်ခေါ်မှုများ

တစ်ဦးတည်းသောမိဘတွေဟာပုံမှန်အတိုင်းဆိုနှစ်ယောက်ထမ်းရမယ့် ဝန်ကိုတစ်ယောက်တည်းထမ်းရမှာ ဖြစ်ပါတယ်။ သင့်ဝင်ငွေဟာမိသားစုစားဝတ်နေရေးတည်ငြိမ်ဖို့အတွက် တစ်ခုတည်းသောငွေကြေးအရင်းအမြစ် ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုကိုတိုးတက်စေဖို့အတွက် အရင်းအမြစ်နည်းပါးတယ်ဆိုတာကိုမငြင်းနိုင်ပါဘူး။ ငွေကြေးပိုင်းဆိုင်ရာအခက်အခဲတွေကိုရှောင်ကျဉ်နိုင်ဖို့အတွက်သင့်ရဲ့ အခက်အခဲတွေအကြောင်းကိုကလေးငယ်ကိုနားလည်အောင် ရှင်းပြထားသင့်ပြီးသူတို့ကိုရိုးရှင်းတဲ့ ဘဝကိုနေထိုင်နိုင်ဖို့ သင်ကြားပေးသင့်ပါတယ်။

၂။ လူမှုရေးဆိုင်ရာစိန်ခေါ်မှုများ

မိဘတစ်ဦးတည်းရှိတဲ့ မိသားစုတွေဟာပယ်ဖျက်ဖို့ ခဲယဉ်းတဲ့ လူမှုရေးပိုင်းဆိုင်ရာရှောင်ခွာမှုတွေကိုခံရတတ်ပါတယ်။ ဒါ့ပြင် တစ်ဦးတည်းသောမိခင်တွေ၊ ဖခင်တွေဟာသူတို့ ဆက်သွယ်မှု ပြုလုပ်ဖို့အတွက် အချိန်မပေးနိုင်ပဲလူမှုဆက်ဆံရေးစက်ဝိုင်းကိုကျယ်ပြန့်အောင် မပြုလုပ်နိုင်ပါဘူး။

၃။ သင့်အတွင်းစိတ်နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှု

တစ်ဦးတည်းသောမိဘတွေဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကိုချရပြီးဒီဆုံးဖြတ်ချက်တွေကိုအပြည့်အဝတာဝန်ယူရပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာသင့်အတွက်နဲ့ သင့်ကလေးအတွက် လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာမှန်ကန်ရဲ့လားဆိုပြီးကိုယ့်ကိုယ်ကိုယ် သံသယဝင်နိုင်တဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးအဖြေကတော့ ပတ်ဝန်းကျင် အကြံဉာဏ် တောင်းခံခြင်းဖြစ်ပြီးသင့်ကိုနားလည် ကူညီနိုင်တဲ့ သူတွေ ဝန်းရံကာနေခြင်းပဲ ဖြစ်ပါတယ်။

၄။ နာတာရှည် ပင်ပန်းခြင်းစိတ်ဖိစီးခြင်း

သန့်ရှင်းရေးလုပ်ခြင်း၊ ကားမောင်းခြင်း၊ ဟင်းချက်ခြင်း၊ သင်ပေးခြင်း၊ အလုပ်လုပ်ခြင်းနဲ့ အခြားသောအလုပ်ပေါင်းများစွာရှိပါတယ်။ တစ်ဦးတည်းသော မိဘတွေဟာ အလုပ်နဲ့ ကလေးစောင့်ရှောက်တဲ့ တာဝန်တွေကြားမှာ မျှတမှုရှိအောင် ဆောင်ရွက်ရပါတယ်။ သူတို့ကိုယ်သူတို့ ဂရုစိုက်ဖို့ အချိန်တောင် မရှိကြပါဘူး။ ကလေးအတွက် အချိန်တိုင်းအဆင်သင့် ဖြစ်နေရုံသာမကပေးစရာကုန်ကျစရိတ်တွေ၊ အိမ်အလုပ်တွေပါ အများအပြားရှိနေနိုင်ပါတယ်။ ဒီလိုအလုပ်တွေ အလွန်များပြားနေပေမယ့် သင့်မှာကူညီမယ့်သူ၊ မျှဝေပေးမယ့်သူတစ်ယောက်မှ မရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကလေးကငယ်ပြီး သင့်ငွေကြေးအရလည်းအဆင်ပြေမယ်ဆိုရင် ကလေးထိန်းတစ်ဦးကိုရှာဖွေသင့်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်တဲ့ ကလေးထိန်းကိုရှာဖွေသင့်ပါတယ်။

မိဘတစ်ဦးတည်းစောင့်ရှောက်ခြင်းဟာသင့်ကလေးကိုထိခိုက်မှု ရှိနိုင်ပါသလား။

ဒီလိုနေထိုင်ပုံကြောင့် ထိခိုက်တဲ့သူဟာသင်တစ်ဦးတည်းမဟုတ်ဘူးဆိုတာသတိရဖို့ အရေးကြီးပါတယ်။ သင့်ကလေးဟာလည်းထိခိုက်နိုင်ပါတယ်။ လူမျိုး၊ လူမှုရေးပုံစံမတူတဲ့ ကလေးငယ် ၂၅၀၀၀ ကို ၁၀နှစ် လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရမိခင် (သို့) ဖခင် တစ်ဦးတည်းရှိတဲ့ မိသားစုမှ ကလေးတွေဟာပုံမှန်ကလေးတွေထက် ဆင်းရဲခြင်း၊ ဆိုးသွမ်းခြင်း၊ စာမတော်ခြင်း၊ လူမှုရေးညံ့ဖျင်းခြင်းတွေကို နှစ်ဆပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မိဘတစ်ဦးတည်းရှိတဲ့ အိမ်ထောင်ကမိသားစုဝင်တွေဟာအလုပ်မရှိခြင်း ၁.၄ ဆ ပိုများနိုင်ပြီးသူတို့ ဆယ်ကျော်သက်အရွယ်မှာမိဘဖြစ်နှုန်း ၂.၅ ဆ ပိုများတာကိုတွေ့ရပါတယ်။ ဒါ့ပြင် ဒါဟာကွာရှင်းနှုန်း မြင့်မားခြင်းနဲ့ ဆက်စပ်မှု ရှိပြီးအနာဂတ်မှာသူတို့ဟာလည်းတစ်ဦးတည်းမိဘ ဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

– The Consequences of Single Motherhood – http://prospect.org/article/consequences-single-motherhood

Accessed February 4, 2017
– 5 Toughest Single Mom Struggles – http://www.imom.com/5-toughest-single-mom-struggles/#.WJVY4Zyg_IU Accessed February 4, 2017

ယခုပုံစံ

10/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

ကိုယ်ဝန်ဆောင်မိခင်များအတွက် တတိယလပတ်လမ်းညွှန်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement