backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်ကလေး အားကစားစရာများကြောင့်ဖြစ်စေနိုင်သည့် အန္တရာယ်များမှကာကွယ်ရန် နည်းလမ်းများ


Dr. K Zin Thwe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်ကလေး အားကစားစရာများကြောင့်ဖြစ်စေနိုင်သည့် အန္တရာယ်များမှကာကွယ်ရန် နည်းလမ်းများ

ကလေးငယ်များသည် ကစားစရာများနှင့် နေ့စဉ် ထိတွေ့ကစားကြသောကြောင့် ဟောင်းနွမ်းညစ်ပေသော၊အလွန်သေးငယ်သောကစားစရာများသည် သင့်ကလေးငယ်ကို အန္တရာယ် ဖြစ်စေနိုင်ပါသည်။

အောက်ပါဆောင်းပါးတွင် သင့်ကလေးငယ်ကိ ုကစားစရာများကြောင့် ဖြစ်စေနိုင်သည့် အန္တရာယ်များမှ ကာကွယ်နိုင်သည့်နည်းလမ်းများကိုဖော်ပြထားပါသည်။

သင့်ကလေးငယ်အား ကစားစရာများကြောင့် ဖြစ်စေနိုင်သည့် အန္တရာယ်များမှကာကွယ်ရန် နည်းလမ်းများ

ကလေးငယ်၏ အသက်အရွယ်နှင့်သင့်တော်သောကစားစရာများကိုရွေးချယ်ပါ။

ကစားစရာအများစု ၏အပြင်ဘက်တွင် ကစားရန်သင့်တော်သောကလေး၏အသက် ဖော်ပြထားပါသည်။

မည်သည့်အသက်အရွယ် ကလေးက အန္တရာယ်မဖြစ်စေပဲ ကောင်းကောင်းကစားနိုင်မည်ကို တွက်ဆထားသောကြောင့် ကစားစရာများတွင်ပါဝင်သော ညွှန်ကြားချက် အတိုင်းလိုက်နာပါ။

ဈေးကြီးသောကစားစရာမျာထက် သေချာစွာပြုလုပ်ထားသောကစားစရာများကိုရွေးချယ်ပါ။

ကလေးငယ် ကစားနေစဉ် ပါးစပ်ထဲထည့်မိခြင်း၊ ပါဝင်ပစ္စည်းများနှင့်ထိမိခြင်းတို့ဖြစ်နိုင်သောကြောင့် ကစားစရာများတွင်ပါဝင် အစိတ်အပိုင်းများ၊ ပြုလုပ်သည့်ပစ္စည်းများ၊ သေချာစွာ ပြုလုပ်ထားခြင်းရှိမရှိနှင့် အန္တရာယ်ရှိသောဓါတုပစ္စည်းများပါဝင်ခြင်းရှိမရှိတို့ကိုစစ်ဆေးပါ။

ကလေးငယ်နှင့် ဓါတ်မတည့်သောအရာများပါဝင်ခြင်းရှိမရှိကိုလဲ ညွှန်ကြားချက်တွင်စစ်ဆေးပါ။

ကလေးငယ်ကစားရာတွင် အလွယ်တကူကျိုးပဲ့ ပျက်စီးခြင်းမဖြစ်စေရန်အတွက် ကစားစရာများအား သေချာစွာတွဲစပ်ပြုလုပ်ထားခြင်းရှိမရှိနှင့် အစိတ်အပိုင်းများလွတ်နေခြင်း၊ အပ်ချည်များလွတ်နေခြင်းရှိမရှိကိုလဲစစ်ဆေးပါ။

အမျော်အမြင်ရှိပါ။

ပါးစပ်ထဲထဲ့မိပြီး နင်နိုင်သောကြောင့် သင့်ကလေးအသက် ၃နှစ်မတိုင်ခင်အထိ ကလေးပါးစပ်ထက်ကြီးသော ကစားစရာများကိုသာ ပေးဆော့သင့်ပါသည်။

သင့်အနေဖြင့် ကလေး၏ လည်ချောင်းထဲဝင်လောက်သည့် အနေအထားကို မခန့်မှန်းနိုင်ဘူးဆိုပါကအိမ်သာသုံးစက္ကူလိပ် အပေါက်ထဲကို ကစားစရာကိုထည့်ကြည့်ပါ။

စက္ကူလိပ်အပေါက်နှင့်တော်လျှင် သို့မဟုတ် လျှောလျှောရှူရှူဝင်သွားခဲ့လျှင် သင့်ကလေးငယ်ကို အန္တရာယ်ဖြစ်စေနိုင်ကြောင်းသတိပြုပါ။

အလွန်လေးသော ကစားစရာများ၊ ကလေးထက် အလွန်ကြီးသောကစားစရာများကိုပေးမဆော့ပါနှင့်

ကစားစရာများကိုမဝယ်မီမိမိကလေးပေါ် ထိုကစားစရာပြုတ်ကျပါက အန္တရာယ်ဖြစ်စေနိုင်လား အရင်စဉ်းစားပါ။ ဖြစ်စေနိုင်လျှင် အလွန်လှပြီး ဈေးတန်လဲမဝယ်ပါနှင့်။

ဘောလုံးများကိုလဲပေးမကိုင်ပါနှင့်။

ပျော်ပွဲရွှင်ပွဲများတွင် ဘောလုံးများသည် မပါမဖြစ်ဆိုသော်လည်းရာဘာဘောလုံးများသည် ကလေးငယ်များ ကစားစရာနင်သည့်ထဲတွင် အများဆုံးအကြောင်းရင်းဖြစ်သည်။

ကလေးငယ်သည် ရာဘာဘောလုံးကို မတော်တဆမျိုချမိပါကလေပြွန်ကိုတင်းကြပ်စွာပိတ်မိပြီး အသက်ရှုမရနိုင်ပဲဖြစ်စေသည်။

၁၂လက်မထက်ရှည်သော ချည်၊ ကြိုးများပါသည့် ကစားစရာကိုမဝယ်ပါနှင့်

ချည်၊ ကြိုးများရှည်လွန်းလျှင် ကလေးလည်ပင်းကို ပတ်မိပြီးလည်ပင်းအစ်ခြင်း၊ခန္ဓါကိုယ်အခြားနေရာများကို ရစ်ပတ်မိခြင်းတို့ဖြစ်နိုင်ပါသည်။

သေနတ်များ၊ ပစ်လို့ရသည့်အရာများကိုပေးမဆော့ပါနှင့်

အရိုးရှင်းဆုံး သေနတ်သည်ပင်လျှင် ကလေးငယ်မျက်လုံးအား ထိခိုက်မိခြင်း၊နင်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။

ချွန်ထက်သောအရာများပါသည့်ကစားစရာများကိုရှောင်ကျဉ်ပါ

ကစားစရာများစိတ်မချရလျှင် သင့်ကလေးအန္တရာယ်ရှိနိုင်သည်ကို အမြဲသတိရပါ။

အချို့ကစားစရာများသည် သေးငယ်၍အန္တရာယ်မရှိနိုင်ဟု ယူဆရသော်လည်း တစ်ခါတစ်ရံအသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်ပါသည်။

ထို့ကြောင့် မိမိကလေးငယ်ကို ကစားစရာများနှင့်အန္တရာယ်ကင်းကင်း ပျော်ရွှင်စွာကစားနိုင်စေရန်အတွက် အထက်ပါအချက်များကို သတိပြုမှတ်သားကြစေလိုပါသည်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. K Zin Thwe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement