backup og meta

သင်က သင့်ကလေးအပေါ် စည်းကမ်းအရမ်းတင်းကြပ်လွန်းနေခြင်းရဲ့ လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်က သင့်ကလေးအပေါ် စည်းကမ်းအရမ်းတင်းကြပ်လွန်းနေခြင်းရဲ့ လက္ခဏာများ

    သင်က သင့်ကလေးအပေါ် စည်းကမ်းကြပ်လွန်းနေတယ်ဆိုတာကို ညွှန်ပြနေတဲ့ လက္ခဏာအချို့နဲ့ သင်ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

    စည်းကမ်းအများကြီးထားခြင်း

    တကယ်လို့သင်က စည်းကမ်းတွေအများကြီးထားထားမယ်ဆိုရင်တော့ သင်ဟာ အတော်ကို ခက်ထန်တဲ့ မိဘတစ်ယောက်ဖြစ်နေပါပြီ။ အဲ့ဒီလိုလုပ်မယ့်အစား စည်းကမ်းကို နည်းနည်းလျှော့လိုက်ပြီး ဒါကိုပဲ တိတိကျကျလိုက်နာခိုင်းလိုက်ပါ။

    သာမန်ထက်ပိုပြီးခြိမ်းခြောက်ခြင်း

    တကယ်လို့များ သင်က “ ငါမင်းကို အိမ်အပြင်ကို ကိုင်ပေါက်မှာနော်”လို့များ ပြောခဲ့ရင် ဒါအလုပ်ဖြစ်မှာမဟုတ်ပါဘူး။ တကယ်လို့ကလေးကများ ဟုတ်ကဲ့ လို့ပြန်ဖြေလိုက်ရင် သင်လုပ်နိုင်တာတစ်ခုက ဘာမှမလုပ်တော့ရုံပါပဲ။ သင်လုပ်လိုက်တဲ့အပြုအမူဟာ အရာမရောက်တဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး သင့်ကလေးကို ဆိုးဆိုးရွားရွား ပြုမူတတ်အောင် သင်ပေးလိုက်တာပါပဲ။ တစ်ခုခုကို မပြောလိုက်ခင်မှာပဲ ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို သေသေချာချာ စဉ်းစားသင့်ပါတယ်။

    သင့်အချစ်မှာ ကန့်သတ်ချက်တွေပါနေခြင်း

    သင်က သင့်ကလေးကို အမြဲတမ်းချစ်နေမှာပေမယ့် ဒီလိုလေးတွေ လုပ်ဖို့ကိုတော့ မျှော်လင့်မိတယ်ဆိုတဲ့သဘောမျိုးရောက်အောင်ပြောပြပါ။ “ မင်းဒီလိုမလုပ်ဘူးဆိုရင်တော့ ဘာမှဖြစ်ထွန်းလာမှာမဟုတ်ဘူး။ အမှိုက်သာသာပဲ” ဆိုတာမျိုး မပြောပါနဲ့။ ဒီလိုများပြောမိပြီဆိုရင် သင်က သူတို့ကို နာကျင်စေတာပါပဲ။

    စကားကို ဂရုမစိုက်ဘဲ ပြောလိုက်တာ။

    သင်ဘယ်လိုပြောလိုက်တယ်ဆိုတာတင်မက ဘာပြောလိုက်တာလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ သင့်လေသံက သာမန်ပဲပေမယ့် သင့်စကားလုံးတွေက ပြင်းထန်နေခဲ့ရင်? ဒီလိုအချိန်အများစုမှာကတော့ ဘယ်လိုပြောလိုက်တယ်ဆိုတာထက် ပြောလိုက်တဲ့စကားလုံးတွေက ပိုပြီးအရေးကြီးပါတယ်။

    သင့်ကို မတိုင်ပင်တာ။

    တကယ်လို့များ သင့်ကလေးက သူဘာတွေဖြစ်နေတယ်ဆိုတာ သင့်ကို ပြောခဲတယ်ဆိုရင် ဒါဟာ သင်က သူတို့အပေါ် ခက်ထန်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။ သင့်ကလေးကို သင်ဘာဖြစ်စေချင်တယ်ဆိုတာ ၊ ဘာလုပ်စေချင်တယ်ဆိုတာ ပြောပြနိုင်သေးပေမယ့် သင့်ကလေးတွေကတော့ သင့်အပေါ် ပွင့်လင်းမှုမရှိတော့ဘဲ သူတို့ခံစားနေရတဲ့ ဒေါသတွေ၊ စိတ်ဓါတ်ကျဆင်းမှုတွေကို ပြောပြတော့မှာမဟုတ်ပါဘူး။

    ကလေးက သူ့သူငယ်ချင်းတွေကို အိမ်ခေါ်မလာချင်တာ

    တကယ်လို့သင်က ကလေးတွေနဲ့ပတ်သက်လာရင် အမြဲတမ်း စည်းကမ်းချက်တွေပဲပြောနေတာမျိုး၊ အခြားကလေးတွေရှေ့မှာ သူတို့ကို မာန်မဲနေတာမျိုး၊ တန်ဖိုးဖြတ်လိုက်တာမျိုး နဲ့ သူတို့ကို ကျဉ်းထဲကြပ်ထဲရောက်စေတဲ့ ဖြေရခက်တဲ့မေးခွန်းတွေ မေးနေမယ်ဆိုရင် သင့်ကလေးက သူ့သူငယ်ချင်းတွေကို နောင်ဘယ်တော့မှ ခေါ်လာတော့မှာ မဟုတ်ပါဘူး။

    သင့်ကလေးတွေကို ရင်ဖွင့်ခွင့်ပေးလိုက်ပါ။

    နည်းပညာခေတ်ကြီးမှာ (Facebook တွေ Twitter တွေ အသုံးကြမ်းကြတဲ့ခေတ်ကြီးမှာ ) ကလေးတွေကလည်း တစ်ခါတလေမှာ သူတို့ပြောပြတာလေးတွေကို နားထောင်ပေးဖို့ မျှော်လင့်တတ်ကြပါတယ်။ မိဘတွေဟာလည်း ကလေးတွေရဲ့ အမြင်ကို နားထောင်ဖို့ တစ်ရက်ကို အနည်းဆုံးတစ်ကြိမ်တော့ ခွင့်ပေးသင့်ပါတယ်။ သူတို့ပြောသမျှကို သင်လက်ခံပေးလိုက်ရမယ်၊ သူတို့ပြောသလိုလုပ်ရမယ် စသဖြင့်လုပ်ပေးနေဖို့တော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ သူတို့ကိုတော့ ပြောခွင့်ပေးလိုက်ပါ။

    အရာရာတိုင်းကို တားမြစ်တာ

    သင်က တစ်ခုခုကို အားပေးအားမြှောက်မလုပ်ချင်တာမျိုး သင်မကြိုက်တာမျိုး ရှိကောင်းရှိနေပါလိမ့်မယ်။ ဒါပေမဲ့ ဒါကြီးကို လုံးဝမလုပ်နဲ့လို့ တားမြစ်သင့်တယ်လို့ မဆိုလိုပါဘူး။ ဒီလိုအကြောင်းပြချက်တွေကြောင့် မင်းကိုတော့ ဖေဖေက ဒါလေးကို မလုပ်စေချင်ဘူးဆိုတာမျိုး ပြောပြနိုင်ပါတယ်။ ဒါပေမဲ့သူတို့က ဒါကို မဖြစ်မနေကိုလုပ်မယ်ဆိုရင်တော့ သင်လုပ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းဟာ သူတို့ကို မျက်ခြေမပြတ် ဂရုတစိုက် စောင့်ကြည့်ဖို့ပါပဲ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement