backup og meta

သင့်ကလေး အရေး၊အဖတ်၊အတွက်အချက် ဘယ်အချိန်မှာ သင်ကြားသင့်သလဲ


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး အရေး၊အဖတ်၊အတွက်အချက် ဘယ်အချိန်မှာ သင်ကြားသင့်သလဲ

    စာသင်ကြားမှုသည် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသည်။ ထို့ကြောင့် အကောင်းဆုံးသော စာသင်ကြားမှုနည်းလမ်းကို ရရှိဖို့ မိဘများသည် သူတို့ကလေး စာဖတ်၊ စာရေး၊ တွက်ချက်မှုကဲ့သို့သော ရိုးရှင်းသော သင်ကြားမှုများကို စတင်ဖို့ သင့်တော်သော အသက်အရွယ်ကို သိဖို့ အထူးအရေးကြီးပါသည်။

    သင့်ကလေး ဘယ်အချိန်မှာ စာဖတ်ဖို့ သင်ယူသင့်သလဲ။

    ကလေး အသက် လေးနှစ်ပြည့်သည်နှင့် မိဘများသည် ကလေးများ၏ စာဖတ်မှုအကြိုစွမ်းရည်ကို စတင်သင်ကြားဖို့ ထောက်ခံထားပါသည်။ ထိုစွမ်းရည်များတွင် ရိုးရှင်းသော စကားလုံးများကို မှတ်မိခြင်း၊ အသံထွက်ဖတ်ခြင်း၊ ဗျည်းသရ အက္ခရာများ ချရေးခြင်း နှင့် ကာရန်လိုက်သော စကားလုံးများကို အစားထိုးခြင်း စွမ်းရည်တို့ပါဝင်ပါသည်။

    ပညာရေးဆိုင်ရာ ဆရာကြီးများ၏ အဆိုအရ ကလေးများသည် မူကြိုနှင့် နှစ်တန်းကြားတွင် စတင်စာဖတ်တတ်ပြီဖြစ်သည်။ သို့သော် လူကြီးများထံမှ ကောင်းမွန်သော သင်ကြားမှုနှင့် လမ်းညွှန်မှုကို လက်ခံရရှိမှသာ ဖြစ်သည်။

    သင့်ကလေးကို စာဖတ်နည်းသင်ကြားသောအခါတွင် သူတို့၏ စာဖတ်ခြင်းဆိုင်ရာ အခက်အခဲရှိနိုင်မည့် လက္ခဏာများကို သတိထားရမည်။ ဥပမာ။

    • စာလုံး အသံထွက်မမှန်ခြင်း
    • စာလုံးကို အသံထွက်ပြီးဖတ်ရမည့်အစား စိုက်ကြည့်နေပြီး ခေါင်းထဲတွင် မှန်းဆရန် ကြိုးစားနေခြင်း
    • ယခင်က သင်ယူပြီးသား စာလုံးများကို မကြာခဏ ကျော်ကျော်သွားခြင်း၊ မေ့သွားခြင်း
    • အက္ခရာစာလုံးများကို ကြည့်ပြီး အလွယ်တကူ စိတ်ရှုပ်သွားခြင်း

    အသက်၁၀နှစ်ပြည့်ပြီးသော သင့်ကလေးသည် အောက်ပါတို့ကို တတ်သင့်သည်။

    • ဝေါဟာရ ၁၀၀ ထက် နှင့် အထက် သိရှိခြင်း
    • စာလုံးများ၏ နာမည်နှင့် အသံထွက်အားလုံးကို မှတ်မိခြင်း (အသက် ၇ နှစ်ပတ်ဝန်းကျင်)
    • စာလုံးကြီးနှင့် စာလုံးသေးကို ခွဲခြားနိုင်ခြင်း (အသက် ၇ နှစ်ပတ်ဝန်းကျင်)
    • စာဖတ်စဉ် တစ်ဦးတည်း ဖတ်နိုင်ပြီး မရင်းနှီးသော စာလုံးများကို အသံထွက်တတ်ခြင်း (အသက် ၈ နှစ် ပတ်ဝန်းကျင်)
    • ပုံပြင်စာအုပ်များကို ဖတ်ရှုရတာကို နှစ်သက်ခြင်း၊ စာအုပ်ထဲရှိ ဇာတ်ကောင်နှင့် ဖြစ်ရပ်များကို ပြန်ပြောရသည်ကို နှစ်သက်ခြင်း

    အသက် ၁၃ နှစ်ပြည့်ပြီးသော ကလေးများသည် အောက်ပါတို့ကို တတ်ကျွမ်းသင့်သည်။

    • သူတို့ ဝါသနာနှင့် စိတ်ဝင်စားသော အရာများအကြောင်း (သို့) သူတို့ စာသင်ကြားမှုကို အထောက်အကူပြုသော ခေါင်းစဉ်များကို ဖတ်ရှုခြင်း
    • မဂ္ဂဇင်း၊ သတင်းစာ၊ ရှုပ်ထွေးသော ဇာတ်ကွက်များနှင့် ရှည်လျားသော စာအုပ်များကဲ့သို့သော စိတ်ကူးယဉ်ဝတ္ထုမဟုတ်သော အကြောင်းအရာများကို သဘောပေါက်နားလည်ခြင်း။

    အကယ်၍ ကလေးသည် စာဖတ်ဖို့ အခက်အခဲများရှိနေလျှင် မိဘများသည် ကျောင်းဆရာ (သို့) ဆရာဝန်၏ အကူအညီကို ရှာဖွေရမည်။

    သင့်ကလေး ဘယ်အချိန်မှာ စာရေးဖို့ သင်ယူသင့်သလဲ။

    Nashville ရှိ Vanderbilt တက္ကသိုလ် အထူးပညာရေး၏ ပရော်ဖက်ဆာ Steve Graham ၏ ပြောကြားချက်အရ စာဖတ်ခြင်းနှင့် စာရေးခြင်းသည် တစ်ခုကိုတစ်ခု ပြည့်စုံစေသော တွဲဖက် အရည်အချင်းများဖြစ်သည်။ စာကောင်းကောင်းရေးတတ်ဖို့ ထိုစာကို ဘယ်လိုဖတ်ရမလဲဆိုတာ သိဖို့လိုအပ်သည်။ အပြန်အလှန်ပင် စာဖတ်တတ်ဖို့ဆိုသည်မှာလည်း စာရေးနည်းသိဖို့ လိုအပ်ပါသည်။ ထို့ကြောင့် အကယ်၍ သင့်ကလေးသည်စာဖတ်ရာတွင် အခက်အခဲရှိလျှင် စာရေးရာတွင်လည်း သက်ရောက်မှုရှိနိုင်သည်။

    အသက် ၁၀ နှစ် ပြည့်ပြီးသော ကလေးများသည် အောက်ပါတို့ကို တတ်ကျွမ်းသင့်သည်။

  • ဗျည်းသံများကို ရေးနိုင်သည်
  • သူတို့ရေးသောစကားလုံးများကို နားလည်သည်
  • ပုံပြင်တစ်ပုဒ်ကို နားလည်လွယ်သော ဇာတ်ကွက်ဖြင့် အသေးစိတ် ရေးနိုင်သည်
  • အသက် ၁၃ နှစ်ပြည့်ပြီး ကလေးများသည် အောက်ပါတို့ကို တတ်သင့်သည်။

    • သဒ္ဒါ၊ စာလုံးပေါင်းနှင့် ပုဒ်ဖြတ်ပုဒ်ရပ်များကို မှန်မှန်ကန်ကန် အသုံးပြုတတ်သည်။
    • စာရေးသားရာတွင် ပိုမိုရှုပ်ထွေးသော စာကြောင်းဖွဲ့စည်းပုံနှင့် ပေါင်းစပ်ဖွဲ့စည်းမှုများကို အသုံးချတတ်သည်။
    • စာရေးသားခြင်းအတွက် ကွန်ပျူတာကီးဘုတ် ရိုက်တတ်သည်။

    သင့်ကလေးဘယ်အချိန်မှာ သင်္ချာ အတွက်အချက် သင်ကြားသင့်သလဲ။

    သင်္ချာသင်ကြားသင့်သော အသက်အရွယ်သည် စာရေး၊ စာဖတ် သင့်သော အသက် ကဲ့သို့ ရှင်းရှင်းလင်းလင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် အချို့ကလေးများသည် အခြားကလေးများထက် သချာၤအတွက်အချက် ပိုတော်သောကြောင့်ဖြစ်သည်။ သို့သော် ကလေးများ၏ သင်္ချာဆိုင်ရာ ဖွံ့ဖြိုးမှုစွမ်းရည်ကို အောက်ပါ အညွှန်းများနှင့် တစ်ပိုင်းတစ်စ တိုင်းတာနိုင်ပါသည်။

    အသက် ၁၀နှစ် ပြည့်ပြီးချိန်တွင် ကလေးသည် အောက်ပါတို့ကို တတ်သင့်သည်။

    • အရာဝတ္ထုများ၏ အရေအတွက် နှင့် နံပါတ်ကို နားလည်၊ ရေတွက်နိုင်သည်။
    • အချိန်ကို သိသည်။
    • ငွေကြေး ယူနစ်တစ်ခုချင်းစီ၏ တန်ဖိုးခြားနားချက်ကို သိသည်။
    • မတူညီသော ပုံသဏ္ဍာန်များအကြား ခွဲခြားနိုင်သည်။
    • ခုဂဏန်း ၊ ဆယ်ဂဏန်းများနှင့် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား ပြုလုပ်ခြင်းကဲ့သို့သော အခြေခံ သင်္ချာစွမ်းရည်ကို လေ့လာတွက်ချက်နိုင်သည်။

    အသက်၁၃ နှစ်ပြည့်ပြီးနောက် ကလေးများသည် အောက်ပါတို့ကို တတ်သင့်သည်။

    • အဆင့်များစွာပါဝင်သော သင်္ချာပုဒ်စာများကို တွက်နိုင်သည်။
    • အလေးချိန်၊ ရာခိုင်နှုန်းနှင့် အတိုင်းအတာ ပုံစံမျိုးစုံ၏ အဓိက အယူအဆ၊သဘောတရားကို နားလည်သည်။

    စွမ်းရည်မိုင်တိုင်တစ်ခု (သို့) နှစ်ခု လောက် မရောက်ရှိ ၊ မပြုလုပ်နိုင်ခြင်းသည် ကလေးတစ်ယောက်တွင် မစွမ်းဆောင်နိုင်ခြင်း (သို့) ဉာဏ်ရည်ချို့ယွင်းခြင်းရှိနေသည်ဟု အမြဲ မဆိုလိုပါ။ ပြောင်းလဲမှုအချို့ပြုလုပ်ဖို့ လိုအပ်တာဖြစ်နိုင်ပါသည်။ ထိုသို့ပြုလုပ်လိုက်လျှင် ကလေးသည် သူ၏ အပြည့်ဝဆုံး စွမ်းဆောင်နိုင်ချေကို ရောက်ရှိမည်ဖြစ်သည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement