backup og meta

သင့်ကလေးငယ်ရှိ လက်မ စုပ်သော အကျင့်ကိုဖျောက်ပစ်ရန် နည်းလမ်းများ


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးငယ်ရှိ လက်မ စုပ်သော အကျင့်ကိုဖျောက်ပစ်ရန် နည်းလမ်းများ

    သင့်ကလေးငယ် လက်မ စုပ်နေသည်ကိုကြည့်ရတာ ချစ်စရာကောင်းပါသလား။ သို့သော် လက်မ စုပ်ခြင်းသည် ကလေးငယ်၏ကျန်မာရေးကို အနှေးနှင့် အမြန်ထိခိုက်စေသောကြောင့် မိဘများအနေနှင့် လက်တွေ့တွင် ထိုအကျင့်ကို ဖျောက်ပစ်ရန်ကြိုးစားကြပါသည်။ ကလေးငယ်များတွင် ကြီးသွားများပေါက်လာချိန်တွင် လက်မ စုပ်ခြင်းကြောင့် သွားပေါက်ခြင်းညီညာမှုမရှိဖြစ်စေပါသည်။ အောက်ပါတို့သည် လက်မ စုပ်သော ကလေးငယ်များတွင် သွားပြသနာများ မဖြစ်ရအောင်ကာကွယ်ရမည့် နည်းလမ်းများဖြစ်ပါသည်။

    အထူးသဖြင့် မူကြိုအရွယ်ကလေးများသည် သူတို့လက်မကလေးများကို ပါးစပ်ထဲသို့စုပ်လိုက် ထုတ်လိုက် ပြုလုပ်တတ်ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကလေး၏ကျန်းမာရေးကို ထိခိုက်ရုံသာမက မေးရိုးနှင့် သွားများကြီးထွားဖွံ့ဖြိုးကြီးထွားမှုကိုပါ ထိခိုက်စေပါသည်။

    ထို့ကြောင့် ကလေးများသည် အသက်ကြီးလာသည်နှင့် အမျှ သူတို့တွင်ပျောက်သင့်သော လက်မစုပ်ခြင်းအကျင့်မပျောက်သေးလျှင် အောက်ပါနည်းများဖြင့် ကြိုးစားကြည့်နိုင်ပါသည်။

    1. ကလေးများသည် အများအားဖြင့် အိပ်ရာဝင်ချိန်၊ နေ့ခင်းတရေးအိပ်ချိန်နှင့် ကျောင်းတွင်ရှိနေသော အချိန်များတွင်ပင် လက်မစုပ်တတ်ပါသည်။ မိဘများအနေဖြင့် ထိုအကျင့်မျိုးသည် ညဘက်မှသာလုပ်ရသောအကျင့်မျိုးဖြစ်ကြောင်း ပြောပြခြင်းဖြင့် အနည်းဆုံးလက်မ စုပ်ခြင်းကို အကြိမ်အရေအတွက် ကန့်သတ်ပြီးသားဖြစ်သွားပါသည်။

    2. သင့်ကလေး၏ အကျင့်ကို ချက်ချင်းဖျောက်ပစ်ရန်တွန်းအားမပေးသင့်ပါ။ သင့်ကလေး လက်မ စုပ်နေသည်ကို ဆူပူအော်ဟစ်ခြင်းမျိုး မပြုလုပ်ဘဲ လက်မစုပ်ခြင်းနှင့် ပတ်သက်ပြီး ဆိုးကျိုးများကို ကလေးအားနားလည်အောင်ရှင်းပြသင့်ပါသည်။

    3. ကလေးသည် အသက်တဖြေးဖြေးကြီးလာသည်အထိ လက်မ စုပ်သည့်အကျင့် မပျောက်သေးလျှင် လက်မစုပ်ခြင်းကို သင်ဘာကြောင့် မပြုလုပ်စေချင်သလဲအကြောင်းရင်းကို ဆီလျော်အောင် ကလေးအားပြောပြပါ။ ထိုအခါကလေးသည် နားလည်သဘောပေါက်သွားပြီး ထိုအကျင့်ကို ဖျောက်ပစ်ရန် ဆုံးဖြတ်ပါလိမ့်မည်။

    4. ကလေးများသာမက လူကြီးများပင်လျှင် လက်ချောင်းများတွင် ထိခိုကိဒဏ်ရာများရပါက စုပ်သည့်အကျင့်ရှိတတ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အနာကို ပိုကောင်းသွားမည့်အစား ဆိုးကျိုးများ ပိုဖြစ်စေပါသည်။ ထို့ကြောင့် လက်ချောင်းများကို စုပ်မည့်အစား အနာကျက်စေရန် ဆေးလိမ်းခြင်းကသာ ထိရောက်မှုရှိကြောင်း ကလေးအားသင်ပြပေးပါ။

    5. သင့်ကလေးအား သူ့အပြုအမူကို သူသတိပြုမိစေရန် သတိပေးပါ။ ကလေးသည် နေရင်းထိုင်ရင်း မသိစိတ်ကလှုံ့ဆော်မှုကြောင့် အကျင့်ပါပြီး လက်မစုပ်နေတတ်သည်။ ထိုအခါ သင့်အနေနှင့် သင့်ကလေးအား သတိပေးပြီး ထိုအကျင့်ကို မေ့သွားစေရန် ကစားစရာအရုပ်များပေးထားခြင်းများကို ပြုလုပ်ပေးနိုင်ပါသည်။ ထိုအရုပ်များကိုလည်း စုပ်ခြင်း၊ ကိုက်ခြင်းများမပြုလုပ်အောင် ပြောပြထားရမည်ဖြစ်ပါသည်။

    6. ကလေး၏လက်မကို အချဉ်ရည် သို့မဟုတ် ခါးသည့်အရာများသုတ်လိမ်းပေးခြင်းဖြင့် လက်မစုပ်ခြင်းအကျင့်ကို ဖျောက်ဖျက်ရန် မကြိုးစားပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် ကလေးအားအပြစ်ပေးသလို ဖြစ်သွားကာ စိတ်ဒဏ်ရာရစေပါသည်။ ထို့အတူ လက်အိတ်များခြေအိတ်များ စွတ်ထားခြင်း၊ ဆေးဆိုင်တွင်ဝယ်ပြီး လိမ်းဆေးများကို လက်ချောင်းများတွင် သုတ်လိမ်းထားခြင်း စသည့် အလွယ်နည်းများကိုလည်း မပြုလုပ်သင့်ပါ။ အများအားဖြင့် ကလေးအများစုတွင် လက်မစုပ်ခြင်းအကျင့်သည် သူတို့သိတတ်လာသည်နှင့်အမျှ အလိုလိုပျောက်သွားတတ်ကြောင်းတွေ့ရသည်။

    ကလေးများသည် အသက် ၂နှစ်မှ ၄နှစ်အရွယ်အချိန်များတွင် လက်မစုပ်ခြင်းအကျင့်များ အလိုလိုပျောက်သွားတတ်ကြသည်။ သို့သော် ထိုအကျင့်မပျောက်ပါက မိဘများအနေဖြင့် ကလေးအားနားလည်အောင်ပြောပြသင့်သည်။ လက်မစုပ်ခြင်းအကျင့်သည် ကလေးများအဖို့ ဖျောက်ရခက်သော အကျင့်တခုဖြစ်နေနိုင်ပါသည်။ သို့သော် အထက်ဖော်ပြပါအချက်များကိုနားလည်သဘောပေါက်ခြင်းဖြင့် မိဘများအနေဖြင့် သင့်ကလေးတွင် ရှိနေသော ထိုအကျင့်ဆိုးကို ဖျောက်ပစ်နိုင်ရန် အထောက်အကူပြုပါလိမ့်မည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement