backup og meta

သင့်ကလေးကို အပြင်ခေါ်သွားမယ်ဆိုရင် ဘာတွေကို ကြိုတင်ပြင်ဆင်ရမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို အပြင်ခေါ်သွားမယ်ဆိုရင် ဘာတွေကို ကြိုတင်ပြင်ဆင်ရမလဲ

    လေကောင်းလေသန့်ရှူရှိုက်ရတာနဲ့ပတ်ဝန်းကျင်အပြောင်းအလဲဟာ သင့်ကလေးအတွက်ရော သင့်အတွက်ပါ အရမ်းအကျိုးရှိပါတယ်။ ဒါကြောင့် သင့်ကလေးက လသားလေးပဲရှိသေးတယ်ဆိုရင်တောင် ရာသီဥတုသာသာယာယာရှိတဲ့နေ့တွေမှာ ကလေးနဲ့အတူ အပြင်ထွက်ပြီး ဟိုဟိုဒီဒီ လျှောက်လည်သင့်ပါတယ်။ ယေဘုယျအနေနဲ့သင့်ကလေးကိုသင်ဝတ်ထားတဲ့ အဝတ်အစားထက် တထပ်ပိုပြီးဝတ်ပေးသင့်ပါတယ်။

    သင့်ကလေးကို အပြင်ထွက်စေတာဟာ ကျန်းမာရေးအတွက်ကောင်းပါတယ်။

    သင်နဲ့သင့်ကလေး အပြင်ကို ထွက်လည်သင့်ပါတယ်။ ရောဂါပိုးမွှားတွေကူးစက်နိုင်ချေများတဲ့အတွက် လူထူထပ်တဲ့နေရာတွေဆီ မွေးကင်းစကလေးတွေကို ခေါ်မသွားဖို့ကလေးအထူးကုဆရာဝန်အများစုက အကြံပေးလေ့ရှိကြပေမယ့် လုံလောက်မှန်ကန်တဲ့ကြိုတင်ကာကွယ်မှုလေးတွေ ပြုလုပ်ထားမယ်ဆိုရင်တော့ အပြင်ဖက်လမ်းထွက်လျှောက်တာဟာ လူတိုင်းအတွက်အကျိုးရှိကောင်းမွန်တဲ့အရာတခုဖြစ်ပါတယ်။ အထူးသဖြင့် ပင်ပန်းနွမ်းနယ်နေတဲ့ ဖေဖေမေမေတို့အတွက်ပေါ့။

    ဘယ်လို ပြင်ဆင်ရမလဲ။

    အပူဒဏ်ကိုကာကွယ်မယ် : မနက်စောစော ဒါမှမဟုတ် ညနေစောင်းချိန်လေးတွေမှာ အပြင်ထွက်မယ်ဆိုရင် ပြင်းထန်တဲ့အပူရှိန်ကို ရှောင်ရှားပြီးသား ဖြစ်စေမှာပါ။ သားသားမီးမီးလေးတွေကို ဦးထုပ်လေးဆောင်းပေးထားမယ်၊ ချည်ထည်အရောင်ဖျော့ဖျော့လးတွေ ဝတ်ပေးထားမယ်ဆိုရင် ချစ်ဖို့လည်းကောင်း၊ အပူဒါဏ်ကနေလည်း ကာကွယ်ပြီးသား ဖြစ်စေမှာပါ။ သတိထားရမှာက နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့စေဘဲ အရိပ်ထဲမှာပဲ ကလေးကိုရှိနေစေဖို့ပါ။ ရေဖြန်းလို့ရတဲ့ ဗူးဗူးလေးတွေ၊ ပုလင်းလေးတွေကို ဆောင်ထားပါ။ ရေကူးကန်ထဲမှာ၊ ရေကန်ထဲမှာ ဒါမှမဟုတ် စမ်းချောင်းထဲမှာ သင့်ရင်သွေးလေးနဲ့အတူရေဆော့တာဟာလည်း တကယ်ပျော်ဖို့ကောင်းပြီး လန်းဆန်းစေမှာပါ။

    စိုစွတ်ပြီးချမ်းအေးတဲ့ ရာသီဥတုကနေ ကာကွယ်မယ် : ရင်သွေးလေးကို အင်္ကျီပါးပါးလေးတွေ အထပ်ထပ်ဝတ်ပေးပါ။ နွေးနွေးထွေးထွေးရှိတဲ့ဦးထုပ်လေးတွေ၊ လက်အိတ်လေးတွေနဲ့ခြေစွပ် ဒါမှမဟုတ် ဖိနပ်လေး စီးပေးထားပါ။ သင်အစိုးရိမ်လွန်ပြီး အထပ်တရာပလာတာ လုပ်ထားလို့သားသားလေး၊ မီးမီးလေး အိုက်မနေတာသေချာစေဖို့အင်္ကျီတွေအောက်က အသားလေးကို စမ်းကြည့်ပေးပြီး လိုအပ်ရင် တလွှာလောက်ကို ချွတ်ပစ်ပါ။ ယေဘုယျအနေနဲ့တော့ ဘယ်အရွယ်ကလေးကိုပဲဖြစ်ဖြစ် လူကြီးဝတ်ထားတာထက် တထပ်ပိုပြီး ဝတ်ပေးထားရပါမယ်။

    လေဒါဏ်က ကာကွယ်မယ် : လေအရမ်းတိုက်တဲ့အတွက် ကလေးအနေနဲ့နေမထိထိုင်မသာဖြစ်နေမယ်။ ပြီးတော့သင်ကလည်း ကာပေးထားလို့မဖြစ်နိုင်ဖူးဆိုရင်တော့ အိမ်ထဲပြန်ဝင်တာ အကောင်းဆုံးပါပဲ။

    ဆီးနှင်းဒါဏ်က ကာကွယ်မယ် : ကလေးတွေမပြောနဲ့လူကြီးတွေတောင် နှင်းမှုန်လေးတွေကြားမှာ ဆော့ကစားရတာကိုပျော်ပါတယ်။ ဒါပေမယ့် အပျော်ကနေ အပျက်မဖြစ်စေဖို့ သင့်ရင်သွေးလေးကို နှင်းကာဝတ်စုံလေး ဝတ်ပေးထားရပါမယ်။

    နေလောင်ခံခရင်မ်လိမ်းပေးပါ။

    သင့်ရင်သွေးလေးရဲ့အရေပြားဟာ နေရောင်ခြည်ဒါဏ်ကို အသက်ခြောက်လလောက်ထိ ကောင်းကောင်းမခံနိုင်သေးပါဖူး။ ဒါကြောင့် သင့်ကလေးကို နေရောင်ခြည်နဲ့ထိတွေ့မှုမရှိအောင်ထားဖို့ အရမ်းအရေးကြီးပါတယ်။ ဒီနေရာမှာ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တာကိုသာမက တဆင့်ပြန်လာတဲ့နေရောင် (ဥပမာ- ရေကတဆင့်၊ သဲကတဆင့် ဒါမှမဟုတ် ကွန်ကရစ်တွေကတဆင့် အလင်းပြန်တာမျိုးတွေကိုဆိုလိုတာပါ)တွေနဲ့ထိတွေ့တာကိုပါ ဆိုလိုပါတယ်။ တကယ်လို့နေပူနေတဲ့အချိန်မှာ ကလေးကိုအပြင်ခေါ်သွားမှဖြစ်မယ့် အခြေအနေမျိုးဆိုရင် အရောင်တောက်တောက်၊ ခပ်ပါးပါးအဝတ်လေးတွေကို ဝတ်ဆင်ပေးပြီး မျက်နှာကိုနေမထိစေဖို့အတွက် ဦးထုပ်လေးပါဆောင်းပေးထားရပါမယ်။ ကလေးကို တစ်နေရာတည်းမှာ ထိုင်ခိုင်းထားရမယ် ဒါမှမဟုတ် လှဲခိုင်းထားရမယ်ဆိုရင် အရိပ်ရှိတဲ့နေရာ ဖြစ်ပါစေ။ ဒါ့အပြင်

    နေမြင့်လာတာနဲ့အမျှ နေထိုးတဲ့နေရာရွေ့လာရင် ကလေးကို အရိပ်ထဲမှာပဲဆက်ရှိနေဖို့နေရာလိုက်ပြောင်းပေးပါ။ အကယ်၍ ကလေးကိုအုပ်ထား၊ ကာထားဖို့အဝတ်၊ အင်္ကျီ၊ ဘောင်းဘီအရှည်၊ ဦးထုပ်၊ အရိပ်စတာတွေ မရနိုင်ခဲ့ဖူးဆိုရင်တော့ နေရောင်နဲ့ထိတွေ့နိုင်တဲ့ကလေးရဲ့ခန္ဓါကိုယ်နေရာတွေကို နေလောင်ခံခရင်မ်လိမ်းပေးလို့ရပါတယ်။ မျက်နှာလေး ဒါမှမဟုတ် လက်လေးတွေမှာ လိုအပ်သလို နည်းနည်းလိမ်းပေးနိုင်ပါတယ်။ ဓါတ်မတည့်တာမျိုးတွေ ရှိမရှိသိနိုင်ဖို့အတွက် ရင်သွေးလေးရဲ့ ကျောဖက်အသားပေါ်မှာ နည်းနည်းလေးလိမ်းကြည့်ပြီး ကြိုစမ်းထားပါ။ နေလောင်ခံခရင်မ်ဟာေ နရောင်ထိတွေ့နိုင်တဲ့ခန္ဓါကိုယ်နေရာအားလုံးမှာ လိမ်းနိုင်တာမှန်ပေမယ့် ကလေးမှာ လိမ်းမှာဖြစ်လို့မျက်လုံးထဲမဝင်အောင် သတိထားဖို့တော့လိုပါလိမ့်မယ်။

    ကလေးကို နေပူထဲမှာ အကြာကြီးမနေပါစေနဲ့။

    ရာသီဥတုပူတဲ့ကာလတွေမှာ နောက်ထပ်သတိထားရမယ့်အချက်က ကလေးအသုံးအဆောင်ပစ္စည်းတွေ (ဥပမာ- ကလေးထိုင်တဲ့ကားကူရှင်၊ ကလေးတွန်းလှည်းစတာတွေ)ကို နေပူထဲမှာ အကြာကြီးမထားမိဖို့ပါ။ ဘာလို့လဲဆိုတော့ ဒီလိုထားမိရင် ပလတ်စတစ်နဲ့သတ္တုတွေက သင့်ကလေးကို အပူလောင်စေနိုင်လို့ပါပဲ။ သင့်ကလေးနဲ့ထိတွေ့မယ့်ပစ္စည်းတွေအားလုံးရဲ့အပူချိန်ကို သင်ကိုယ်တိုင်ဦးစွာစမ်းကြည့်ဖို့ မမေ့ပါနဲ့။

    အရမ်းအေးတဲ့အချိန်မျိုး ဒါမှမဟုတ် မိုးတွေအရမ်းကောင်းနေတဲ့အချိန်တွေမျိုးမှာ ကလေးကို အိမ်ထဲမှာပဲ တတ်နိုင်သလောက်ထားပါ။ တကယ်လို့ကလေးကိုပါခေါ်ပြီး မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင် ကလေးကိုအနှီးနဲ့သေချာပတ်ပါ။ ပြီးတော့ သူတို့လေးတွေရဲ့ ခေါင်းနဲ့နားရွက်ကို သေချာလုံအောင် နွေးနွေးထွေးထွေးရှိတဲ့ ဦးထုပ်ဆောင်းပေးပါ။ မျက်နှာကို လေစိမ်းတွေတိုက်မှာစိုးရ င်စောင်လေးနဲ့ပါ ကာပေးထားနိုင်ပါသေးတယ်။

    အဆိပ်အတောက်ဖြစ်စေတဲ့ အပင်တွေ၊ အရွက်တွေကို သတိပြုပါ။

    မြက်ပင်လေးတွေကို ဝီစီလုပ်ဆော့တာ၊ ဇီးသီးတွေ၊ မရမ်းသီးတွေစားတာ၊ ပုဏ္ဏရိပ်ပန်းလေးတွေနဲ့ဆော့တာ : အပင်တွေ၊ ပန်းတွေဟာ ကလေးဘဝရဲ့မငြီးငွေ့နိုင်တဲ့ ဆော့စရာ၊ ပျော်စရာတွေပါ။ ဒါပေမယ့် သင့်အနေနဲ့သတိထားသင့်တာလေးတွေလည်း ရှိနေပါသေးတယ်။

    • အဆိပ်အတောက်ရှိတဲ့အပင်တွေ၊ နွယ်ပင်တွေက ဘယ်လိုပုံစံတွေရှိလဲလေ့လာပါ။ poison oak၊ poison sumac နဲ့ poison ivy လို့ခေါ်တဲ့အပင်တွေဟာ အရေပြားနဲ့ထိတွေ့တဲ့အခါ ဓါတ်မတည့်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ poison oak နဲ့ poison ivy နှစ်မျိုးလုံးဟာ အစိမ်းရောင်တောက်တောက်အရွက်တွေရှိပြီး ပင်စည်တွေမှာကပ်ပေါက်လေ့ရှိပါတယ်။

    • သင့်ကလေးမှာ ဓါတ်မတည့်တဲ့အကွက်တွေဖြစ်နေပြီလို့ထင်ရင် ကလေးဆရာဝန်နဲ့အမြန်ပြပါ။

    • ကလေးတွေဟာစူးစမ်းချင်တဲ့အတွက် ပါးစပ်ထဲ တွေ့ကရာထည့်လေ့ရှိပါတယ်။ ဒါပေမယ့် တချို့သောအပင်တွေကို စားရင် အဆိပ်သင့်စေပါတယ်။

    ရာသီဥတုနဲ့သင့်တော်တဲ့ အဝတ်အစားလေးတွေကို ဝတ်ဆင်ပေးပါ။

    သင့်ကလေးဝတ်ထားတဲ့အဝတ်အစားက ရာသီဥတုနဲ့သင့်တော်မှုရှိမရှိသိနိုင်ဖို့ကလေးရဲ့လက်လေးတွေ၊ ခြေထောက်လေးတွေနဲ့ရင်ဘတ်လေးတွေကို စမ်းကြည့်နိုင်ပါတယ်။ သူတို့ရဲ့ ခြေ၊ လက်လေးတွေဟာ ခန္ဓါကိုယ်ထက်အနည်းငယ်ပိုအေးနေသင့်ပါတယ်။ အေးစက်နေရမှာတော့မဟုတ်ပါဖူး။ ရင်ဘတ်ကတော့ နွေးနွေးလေးရှိနေသင့်ပါတယ်။ တကယ်လို့ခြေ၊လက်တွေနဲ့ရင်ဘတ်တွေအားလုံးေ အးစက်နေတယ်ဆိုရင်တော့ကလေးကို နွေးထွေးတဲ့အခန်းထဲခေါ်သွားပြီး အပေါ်ကထပ်ဝတ်ထားတာတွေကို ဖယ်ပစ်ပါ။ ပြီးရင် ပူပူနွေးနွေးအစားအစာတခုခု ကျွေးပြီး သင့်ခန္ဓါကိုယ်က အနွေးဓါတ်ရအောင်ထွေးပွေ့ထားပါ။ သတိထားသင့်တဲ့အချက်က ခန္ဓါကိုယ်အပူချိန်ပုံမှန် ပြန်မဖြစ်သေးခင်ကလေးကိုအဝတ်စားတွေနှစ်ထပ်သုံးထပ်ဝတ်ပေးတာ၊စောင်တွေခြုံပေးတာဟာဟာအအေးဓါတ်ကိုအချိန်ကြာကြာထိန်းထားသလို ဖြစ်စေနိုင်တဲ့အတွက်တခြားနည်းတွေကို သုံးပြီးတော့သာ နွေးထွေးအောင် လုပ်ပေးသင့်ပါတယ်။

    အင်းဆက်ပိုးမွှားတွေရန်က ကာကွယ်ပါ။

    အင်းဆက်တွေအားလုံးဟာ လိပ်ပြာလေးတွေလိုချစ်ဖို့ကောင်းနေတာချည်း မဟုတ်ပါဖူး။ ဒါ့ကြောင့် သူတို့ကိုသတိထားရပါမယ်။

    • ခြင် : ခြင်တွေသင့်ခြံတွင်းမှာ ဘယ်လိုပေါက်ပွားနိုင်လဲဆိုတာ အရင်လေ့လာပါ။ ဒါ့အပြင် ဒီနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးလွန်တုပ်ကွေးလိုမျိုးရောဂါတွေအကြောင်းလည်း သိထားရပါမယ်။

    • သန်း : သန်းဟာ စိုစွတ်ပူနွေးတဲ့နေရာတွေ (အထူးသဖြင့် မြက်ပင်ထူထပ်တဲ့နေရာတွေ) မှာရှင်သန်ကျက်စားလေ့ရှိတဲ့အတွက် ကလေးကို ဒီလိုနေရာမျိုးတွေ ခေါ်မသွားသင့်ပါဖူး။ သန်းကို မြင်ရလွယ်အောင် သင့်ကလေးကိုအရောင်တောက်တောက်အင်္ကျီအဝတ်အစားတွေ ဝတ်ပေးထားပါ။ အိမ်ထဲ ပြန်ဝင်တဲ့အခါသင့်ကလေးရဲ့အရေပြားနဲ့ဆံပင်တွေထဲမှာ သန်းတွေတွယ်နေမနေကို သေချာစစ်ဆေးပါ။ ပြင်းထန်တဲ့ Lyme disease ဆိုတဲ့ရောဂါကို သယ်ဆောင်တဲ့သန်းဟာနှ မ်းစေ့တဝက်အရွယ်လောက်သာ ရှိတယ်ဆိုတာကို သတိထားပါ။ အကယ်၍ ကလေးကိုသန်းတွယ်ခဲ့ရင်လည်းေ သချာဖယ်ရှားပြီး ဆရာဝန်နဲ့သွားရောက်ပြသပါ။

    • တုပ်တတ်၊ကိုက်တတ်တဲ့အင်းဆက်တွေ : ပျား၊ပိတုန်းနဲ့တခြားအန္တရာယ်ရှိတဲ့ အင်းဆက်တွေဟာ သူတို့ကိုလာထိမှသာ ပြန်လည်ရန်မူလေ့ရှိတာပါ။ ဒါပေမယ့် ကလေးတွေအနေနဲ့မတော်တဆဆိုသလို ပျား၊ ပိတုန်းစတဲ့အန္တရာယ်ရှိ အင်းဆက်တွေကို သွားဆွတတ်ပါတယ်။ တကယ်လို့သင့်ကလေး ပျား ဒါမှမဟုတ် ပိတုန်း တုပ်ခံရပြီဆိုရင် ရောင်ရမ်းနာကျင်တာတွေ ဖြစ်လာလေ့ရှိပြီး နာရီပိုင်းအတွင်းမှာ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ အရေးကြီးတာက အသားထဲစိုက်ဝင်နေတဲ့ အဆိပ်ရှိဆူးကိုဖယ်ထုတ်ပစ်ဖို့ပါပဲ။ ခရက်ဒစ်ကတ် ဒါမှမဟုတ် လက်သည်းကိုသုံးပြီး အလျားလိုက်အသာလေး ကလော်ထုတ်ပါ။ ဒီနောက်အဝတ်တခုကို ရေအေးအေးထဲမှာစိမ်ပြီး အတုပ်ခံထားရတဲ့နေရာတဝိုက်ကို ဖိကပ်ပေးထားမယ်ဆိုရင် နာကျင်ရောင်ရမ်းတာတွေကို သက်သာစေမှာပါ။

    • ဓါက်မတည့်တာ : ရှားရှားပါးပါးဆိုသလို သင့်ကလေးအနေနဲ့ပျားဆိပ်နဲ့ဓါတ်မတည့်တာမျိုး ဖြစ်တတ်ပြီး ဒါဟာ အရမ်းအန္တရာယ်ကြီးတဲ့အခြေအနေဖြစ်ပါတယ်။ ကလေးကိုယ်အနှံ့အပြားမှာ အကွက်တွေ၊ အစက်တွေ ထွက်လာတာ၊ အသက်ရှုကျပ်လာတာ၊ လျှာ၊ လက်တွေ ဒါမှမဟုတ် မျက်နှာတခုလုံး ထူအမ်းလာတာ၊ အားအင်ကုန်ခမ်းတာနဲ့သတိလစ်သွားတာတွေဟာ ဓါတ်မတည့်ခြင်းရဲ့ ပြဿနာတွေပါ။

    • အင်းဆက်ဖြန်းဆေး : “တမိသားစုလုံးအတွက် သုံးစွဲနိုင်ပါသည်” လို့စာတန်းပါတဲ့ ဖြန်းဆေးတွေကို ကလေးအသက်နှစ်လလောက်ရတာနဲ့စတင်သုံးစွဲနိုင်ပါပြီ။ ကလေးရဲ့ခန္ဓါကိုယ်မှာ အင်းဆက်ကာကွယ်ဆေးတခုခုသုံးမယ်ဆိုရင်ကလေးအထူးကုဆရာဝန်နဲ့အရင်တိုင်ပင်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement