backup og meta

သင့်ကလေးကို သင်ကြားပေးရန် တန်ဖိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို သင်ကြားပေးရန် တန်ဖိုးများ

    ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခြင်းကို အဓိကထားသော ခေတ်ကြီး ထဲတွင် ကိုယ်ကျင့်တရားတန်ဖိုးများကို အသိအမှတ်ပြုခြင်း နည်းလာပါသည်။ မိဘတစ်ဦးအနေဖြင့် သင့်ကလေးများကို စောစီးသောအချိန်ကတည်းက လူများနှင့် ဆက်ဆံရေးများနှင့် ဆိုင်သော တန်ဖိုးများ၊ အပြုအမူကောင်းများ ရရှိစေရန် သင်ကြားပြသ ပေးရမည်။ ၎င်းသည် သူတို့ကို ရုပ်ဝတ္ထု ပစ္စည်းများ စွဲလန်းခြင်း၏ အန္တရာယ်ကို သတိပြုစေရုံသာမက သူတို့၏ ဂုဏ်အင်္ဂါကို ဖော်ညွှန်းရာတွင်လည်း ကူညီပေးနိုင် ပါသည်။

    ကြင်နာခြင်း

    ကလေးငယ်များသည် မိဘများ၏ မေတ္တာ၊ ဂရုစိုက်မှုတို့ဖြင့် ကြီးပြင်းလာရသောကြောင့် သူတို့သည် တစ်ကိုယ်ကောင်း ဆန်နိုင်ပြီး အခြားသူများ၏ ခံစားမှုကို နားလည်ရန် ခက်ခဲကြ သည်။ သင့်ကလေးသည် အစပိုင်းတွင် ကြင်နာခြင်း၊ လေးနက် စွာ တွေးခေါ်ခြင်း၊ စဉ်းစားဆင်ခြင်ခြင်းစသော တန်ဖိုးများကို နားမလည်နိုင်ပါ။ ဘယ်လိုမျှဝေရမလဲနှင့် မျှဝေခြင်း၏ တန်ဖိုး ကို သူတို့အား ရှင်းပြရန် မမေ့ပါနှင့်။ သင်သည် ရိုးရှင်းသော စံသတ်မှတ်ချက်အချို့ဖြင့် စတင်သင်ကြားနိုင်သည်။ ဥပမာ- အခြားသူများ ဖုန်းပြောနေစဉ် ဆူညံမှုမပြုလုပ်ရန် သူတို့ကို သတိပေးနိုင်သည်။ သူတို့ကို အိမ်အလုပ် အချို့တွင် ကူညီရန် ပြောဆိုနိုင်သည်။ ဥပမာ- ကြမ်းတိုက်ခြင်း၊ ဟင်းသီးဟင်းရွက် များ ရေဆေးခြင်း စသည်။

    ကျေးဇူးသိတတ်ခြင်း

    ကျေးဇူးသိတတ်ခြင်းသည် မွေးမြူရန် အချိန်ယူသော တန်ဖိုးတစ်ခု ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည် ဟူသော စကားသည် ထိုသို့ပြုလုပ်ရန် သော့ချက်ဖြစ်သည်။ တစ်စုံတစ် ဦးမှ ကောင်းသော တစ်စုံတစ်ရာလုပ်ပေးတိုင်း သို့မဟုတ် လက်ဆောင်တစ်ခု ပေးတိုင်း ကျေးဇူးတင်ပါသည်ဟု ပြောရန် သင့်ကလေးအား သင်ကြားပါ။ သင်ကြိုးစားနိုင်သော နောက် နည်းလမ်းတစ်ခုမှာ သင်သည် ပြက္ခဒိန်တစ်ခု ပြုလုပ်ပြီး သင့်ကလေးအား တစ်နေ့စီ သို့မဟုတ် တစ်ပတ်စီအတွက် သူတို့ ကျေးဇူးတင်သော အရာတစ်ခု အကြောင်းမေးမြန်းပါ။ သင့်ကလေးသည် တဖြည်းဖြည်းဖြင့် ကျေးဇူးတင်တတ်သော အကျင့်တစ်ခု ရလာပါလိမ့်မည်။

    ရက်ရောခြင်း (သဘောထားကြီးခြင်း)

    ရက်ရောခြင်းသည် ဆက်ဆံရေးတွင် အပေးအယူပုံစံ ဖြစ်သည်။ ထို့ကြောင့် သင့်ကလေးကို ရယူခြင်းဖြင့်သာ ကျင့်သားရအောင် မထားပါနှင့်။ သူတို့၏ ရွယ်တူအဖော်များကို ပါတီပွဲများ၊ ပျော်ပွဲရွှင်ပွဲများအတွက် သင့်အိမ်သို့ ဖိတ်ကြားရန် သူတို့ကို အားပေးပါ။ သူတို့၏ အရုပ်များ၊ အစားအသောက် များကို အခြားသူများနှင့် မျှဝေစေပြီး ရက်ရောခြင်း၏ ဆိုလိုရင်းကို နားလည်လာရန် ပြုလုပ်ပါ။ ထို့အပြင် သင်သည် သူတို့ကို အရုပ်များ၊ အဝတ်များ၊ စာအုပ်များကို အကျိုးရှိသော နေရာများတွင် ပေးကမ်းတတ်ရန် အကြံပြုပါ။ သို့မဟုတ် ဆံပင်ရှည်အောင် ထားပြီး ကင်ဆာလူနာ ကလေးများအတွက် လှူဒါန်းရန် အကြံပြုပါ။

    အပြုအမူများ

    “ကျေးဇူးပြု၍’’ ၊ “ကျေးဇူးတင်ပါတယ်’’ နှင့် “တစ်ဆိတ် လောက်’’ စသည်တို့သည် ယဉ်ကျေးသော အပြုအမူများ ဖြစ်သည်။ သင့်ကလေးကို ထိုစကားလုံးများ၏ အဓိပါ္ပယ်နှင့် အရေးပါပုံကို သင်ကြားပေးပါ။ ထို့နောက် စကားပြောဆိုရာ တွင် ၎င်းတို့ကို သူတို့ နှစ်သက်သောစကားလုံးများ ဖြစ်အောင် ပြောင်းလဲစေပါ။ ဥပမာ အိမ်အကူမှ အိမ်ကို သန့်ရှင်းရေးလုပ် သည့်အခါတိုင်း “ကျေးဇူးတင်ပါတယ်’’ ဟုပြောခိုင်းကြည့်ပါ။

    သင်နှင့် သင်အိမ်ထောင်ဖက်သည်လည်း ၎င်းတို့ကို ပုံမှန် ပြောသင့်သည်။ ထိုမှသာ သင့်ကလေးသည် သင်၏ ကောင်းမွန်သော အပြုအမူများကို အတုယူနိုင်မည် ဖြစ်သည်။ သူတို့ ထိုစကားလုံးများကို မှန်ကန်သောအချိန်တွင် သင်သတိ ပေးစရာမလိုဘဲ ပြောပါက သူတို့၏ အားထုတ်မှုကို ချီးကျူး ပေးပါ။

    Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement