backup og meta

မိဘများအနေဖြင့် အရှက်အကြောက်ကြီးသော ကလေးများကို အုပ်ထိန်းရန် နည်းလမ်းကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိဘများအနေဖြင့် အရှက်အကြောက်ကြီးသော ကလေးများကို အုပ်ထိန်းရန် နည်းလမ်းကောင်းများ

    အရှက်အကြောက်ကြီးခြင်းသည် ပြသနာမဟုတ်ပါ။

    အများအားဖြင့် အရှက်အကြောက်ကြီးသော ကလေးများသည် ကျောင်းတွင် ပြသနာဖြစ်လေ့မရှိပါ။ သူတို့သည် အများအားဖြင့် ကောင်းမွန်စွာ ပြုမူနေထိုင်တတ်ကြသည်။ ထို့ကြောင့် အရှက်အကြောက်ကြီးခြင်းသည် သင့်ကလေးအဆင်ပြေနေသ၍ ပြသနာတရပ်မဟုတ်ပါ။

    သို့သော် သင့်ကလေးသည်

    · ကျောင်းသွားရန် ဝန်လေးလာခြင်း

    · သူငယ်ချင်းများမဖွဲ့နိုင်ခြင်း

    · မွေးနေ့ပွဲများကဲ့သို့ လူမှုရေးပွဲများကိုသွားရန် ကြောက်ရွံ့လာခြင်း

    · သူတို့ကိုယ်သူတို့ စိုးရိမ်တကြီးဖြစ်လာခြင်း

    စသည်တို့ကို ကြုံတွေ့လာရပြီ ဆိုလျှင် သင့်ကလေးကို သင့်ဘက်မှ ကူညီထောက်ပံ့မှုများ ပေးရန်လိုအပ်ပါသည်။

    အများအားဖြင့် အရှက်အကြောက်ကြီးသော ကလေးများသည် သူတပါးအတွက်စဉ်းစားပေးခြင်း၊ မိမိကိုယ်ကို အားကိုးခြင်း နှင့် ကိုယ်ချင်းစာစိတ်ရှိခြင်း စသည့်စိတ်ဓါတ်များရှိတတ်ကြသည်။ သို့သော် လူအများစုက ထိုကလေးများကို လူမှုရေးခေါင်းပါးသော ကလေးများဟုထင်နေတတ်ကြသည်။

    အမှန်မှာ လူအများနှင့် မည်သို့ လိုက်လျောညီထွေအောင်ပေါင်းရမလဲ မသိခြင်း နှင့် ပေါင်းသင်းဆက်ဆံရေးတွင် နည်းလမ်းများ မှားယွင်းနေခြင်းတို့ကြောင့်ဖြစ်ပါသည်။ သူတို့အတွက် ပတ်ဝန်းကျင်တခုနှင့် နေသားကျသွားရန် အချိန်လိုအပ်ပါသည်။ သူတို့ကို အချိန်ပေးပြီး ထိုပတ်ဝန်းကျင်ထဲတွင် သက်တောင့်သက်သာဖြစ်သွားမည့် အနေအထားတခုရောက်သည်အထိ ထောက်ပံ့မှုများပေးလိုက်ပါ။

    သင့်ကလေးသည် ဘာကြောင့် အရှက်အကြောက်ကြီးရပါသလဲ။

    အရှက်အကြောက်ကြီးခြင်းသည် လူအများတွင်ဖြစ်တတ်ပါသည်။ ၂၀% မှ ၄၈% သော လူများသည် ရှက်တတ်ကြသည်။ သူတို့ဘဝတွင် တွေ့ကြုံလာရသော အနှုတ်သဘောဆောင်သည် အတွေ့အကြုံများက သူတို့ကို ရှက်တတ်သွားစေခြင်းဖြစ်ပြီး အချို့ကမူ ထိုအတွေ့အကြုံများကို မွေးကတည်းကပင် ခံစားရတတ်ကြသည်။ သင့်ကလေးသည် အပြင်လောကသို့ရောက်ပြီးမှ ရုတ်တရက်အရှက်အကြောက်ကြီးသွားခဲ့ပါက သူ့တွင်ကြုံတွေ့နေရသော ဆိုးရွားသည့် အတွေ့အကြုံများကို မိဘများအနေဖြင့် ကူညီအဖြေရှာသင့်ပါသည်။

    မိဘများအနေဖြင့် အရှက်အကြောက်ကြီးသော ကလေးများကို အုပ်ထိန်းရန် နည်းလမ်းကောင်းများ

    • လူစိမ်းတဦးနှင့် ရင်းနှီးမှုရရှိရန်အစပျိုးခြင်း

    သင့်ကလေးကို လူသစ်ပတ်ဝန်းကျင်သစ်များကို ချဉ်းကပ်ရန်နည်းလမ်းများကို သင်ပေးခြင်း၊ သူတို့ပြောနေသော စကားဝိုင်းများတွင် ပါဝင်မည့်နည်းလမ်းများကို သင်ပေးခြင်း၊ သူတို့ ပြောနေသောစကားများကို နားထောင်ပြီး “အိုး ဒါမျိုးကို ကျွန်တော်လည်းကြိုက်တယ်” စသဖြင့် ပြောခြင်းဖြင့် လူစိမ်းတဦးနှင့် ရင်းနှီးမှုရရှိရန်အစပျိုးလိုက်ပါ။

  • သင့်ကလေးကို ကူညီပါ။
  • သင့်ကလေးသည် ကိုယ်ချင်းစာစိတ်ရှိကြောင်း တခြားကလေးများကို ပြသနိုင်အောင်ပြုလုပ်ခြင်း၊ သူ့ရှက်စိတ်များကို မည်သို့ကျော်လွှားနိုင်ရန် နည်းလမ်းများကို သင်ပေးခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် သင့်ကလေးကို ကူညီပေးနိုင်ပါသည်။

    • စံပြပုဂ္ဂိုလ် တဦးအနေဖြင့် သင့်ကလေးအတွက် ရပ်တည်ပေးပါ။

    ကလေးများသည် သူတို့၏ မိဘများကို အတုခိုးတတ်ကြပါသည်။ ထို့ကြောင့် သင်ကိုယ်တိုင်၏ အနေအထိုင်များသည် သင့်ကလေးအတါက် သင်ယူစရာများဖြစ်နေပါသည်။ သင်သည် အပြင်မှာ အပေါင်းအသင်းများနှင့်တွေ့လျှင် ရင်းနှီးပျူဌာစွာ ဆက်ဆံခြင်း၊ လူမှုရေးအသိစိတ်ရှိခြင်းကို သင့်ကလေးအားတွေ့မြင်စေခြင်းဖြင့် သင့်ကလေးအား လူမှုဆက်ဆံရေး ပြေပြစ်သူတဦး ဖြစ်လာစေပါသည်။

    အရှက်အကြောက်ကြီးသော သင့်ကလေးအတွက် လက်တွေ့လုပ်ဆောင်သင့်သော အရာများ

    ထပ်ခါတလဲလဲလေ့ကျင်ခြင်းသည် သင့်ကို ပြီးပြည့်စုံလာစေပါသည်။ ထို့ကြောင့် သင့်ကလေးကို လူမှုဆက်ဆံရေး ပြေပြစ်သူတဦး ဖြစ်လာစေရန် အောက်ပါနည်းများဖြင့် လေ့ကျင့်ပေးသင့်ပါသည်။

    · အိမ်တွင် ဖုန်းလာလျှင် ဖုန်းထူးစေခြင်း

    · အပြင်ထွက်စားလျှင် ဟင်းပွဲများကို မှာယူစေခြင်း

    · ဈေးဝယ်ထွက်လျှင် ငွေရှင်းကောင်တာတွင် ပိုက်ဆံရှင်းစေခြင်း

    · သူငယ်ချင်းများကို အခေါ်အပြောပြုစေခြင်း

    · “ကျေးဇူးပြု၍” “ ကျေးဇူးတင်ပါတယ်” စသည့်အသုံးအနှုန်းများကို မိမိနှင့် မရင်းနှီးသောသူများနှင့် ပြောရာတွင်လည်း သုံးနှုန်းတတ်အောင်သင်ပေးခြင်း

    (သို့သော် ထိုသူများကို မိဘများအနေဖြင့် သိကျွမ်းသူဖြစ်သင့်သည်။ မသိကျွမ်းသော သူစိမ်းများအားသင့်ကလေးအနားကို ချဉ်းကပ်ခြင်းမပြုနိုင်ရန် ဂရုစိုက်ရပါမည်။)

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement