backup og meta

မိထွေးဖထွေးတို့ လုပ်သင့်သည် မလုပ်သင့်သည်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိထွေးဖထွေးတို့ လုပ်သင့်သည် မလုပ်သင့်သည်များ

    ခံစားမှုများအရ သံယောဇဉ်တွယ်ခြင်း၊ ယုံကြည်အားကိုးခြင်း ချစ်ခင်ခြင်းတို့သည့် ကလေးများအားပြုစုပျိုးထောင်ရာတွင် တံခါးပေါက်များဖြစ်သည်။ ထိုတံခါးပေါက်များအား ဖွင့်လိုက်သည်နှင့် မိဘ၊ အဘိုးအဖွား၊ မွေးစားမိဘ သို့မဟုတ် မိထွေးဖထွေးတို့သည် ကလေးတစ်ဦးကို ဦးဆောင်နိုင် စည်းကမ်းပြုပြင်ပေးနိုင်ပါပြီ။ တစ်ခြားနည်းဖြင့်ပြောရလျှင် ဆိုရိုးဟောင်းတစ်ခုအရ စည်းမပါသောဆက်ဆံရေးသည် ပုန်ကုန်မှုကိုဖြစ်စေပါသည်။ ပညာရှိသောမိထွေးဖထွေးမျာက ထိုအချက်ကိုသိထားကြပြီး သြဇာညောင်းသည့် ဆက်ဆံရေးကို ဖန်တီးနိုင်ကြ၏။

    ခိုင်မြဲသောဆက်ဆံရေးမရှိပါပဲ သြဇာညောင်းနိုင်၏။ သို့သော် ၎င်းတွင်ကန့်သတ်ချက်များရှိသည်။ ရဲသားတစ်ယောက်က သင့်ကိုဖမ်းနိုင်သည်၊ အလုပ်ရှင်က သင့်ကိုဘာလုပ်ဆိုပြီး စေခိုင်းနိုင်သည်၊ ကျောင်းဆရာက အခန်းစည်းကမ်းများကို လိုက်နာခိုင်းနိုင်သည် သို့သော် မေတ္တာမရှိသော မလေးစားသော သြဇာရှင်ကို လိုက်နာမည့်သူမရှိနိုင်ပါ။

    မိထွေးဖထွေးများက ကလေးနှင့် မေတ္တာသံယောဇဉ် မတွယ်နိုင်သေးသ၍ ဘောင်များကန့်သတ်သည့် ပြင်ပကအာဏာရှင်များသာဖြစ်သည်။ ထို့ကြောင့် မိသားစုတစ်ခုတွင် မိထွေးဖထွေးများက ထိုကန့်သတ်ချက်များကို သိရှိပြီး မိရင်းဖရင်းများ၏ အာဏာကို ငှားသုံးရမည်ဖြစ်သည်။ သူတို့နှင့်သက်ဆိုင်သလောက်ထက် အဆင့်ကျော်သွားပါက ဆက်ဆံရေးတစ်ခုလုံး ပျက်စီးသွားနိုင်ပြီး သြဇာညောင်းမှုပါ တစ်ခါတည်း ပျက်သုန်းသွားနိုင်ပါသည်။ ထို့ကြောင့် မိထွေးဖထွေးသစ်များ မေးလေ့ရှိကြသည်မှာ သံယောဇဉ်တွယ်အောင် လုပ်နေစဉ်မှာ သြဇာညောင်းသူဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာပါပဲ။

    လုပ်သင့်သည်များ

    အကောင်းဆုံးဆိုသော် မိထွေးဖထွေးအသစ်များ၏ သြဇာညောင်းမှုသည် ကြေလွယ် ကွဲလွယ်သည်။ ထို့ကြောင့် လုပ်သင့်သည့် မလုပ်သင့်သည်များကို ဦးစားပေးရန် အရေးကြီး၏။

    မိရင်းဖရင်းတို့က သင့်နောက်တွင်ရှိနေအောင် ကြိုးစားပါ

    မိရင်းဖရင်းများသည် ကလေးမှ မိထွေးဖထွေးများ၏စကား နားထောင်ရန်မျှော်လင့်နေကြောင်း ပြောပြရမည်။ မိထွေးဖထွေးများ၏ လုပ်ဆောင်မှုအား ထောက်ပံ့ပေးရပါမည်။ မကျေလည်မှုများရှိလာပါက သူတို့နှင့် သီးသန့်ခေါ်ယူ ဆွေးနွေးပေးပါ။

    နှစ်ဦးတည်းရှိနိုင်မည့်အချိန်များများရအောင် ဖန်တီးပါ

    မိထွေးဖထွေးနှင့်ကလေး ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောင်ရန် အရေးကြီး၏။ မိထွေးဖထွေးမိသားစုဆိုင်ရာ ကျွမ်းကျင်သူ၊ မိထွေးဖထွေးဆိုင်ရာ ဆက်ဆံရေး ရှင်သန်ခြင်းအား ရေးသားသူ ဒေါက်တာ ပက်ထရီရှာ အန်လ် ပေပါနောင်း က “လူတိုင်းအတွက် တစ်ဦးနှင့်တစ်ဦးအတူရှိနိုင်ချိန် လိုသည်” ဟု ပြောထားပါသည်။ ဆိုလိုသည်မှာ ကလေးနှင့် မိရင်းဖရင်းချည်းရှိချိန်၊ ကလေးနှင့် မိထွေးဖထွေး (လောင်းလျာ)များချည်း ရှိနေသည့်အချိန်များ လိုအပ်ပါသည်။ အတူတကွလုပ်ဆောင်နိုင်မည့် လှုပ်ရှားမှုတစ်ခုအား ရှာပါဟု ဒေါက်တာ ပေပါနောင်းက အကြံပြုထား၏။ ဈေးဝယ်ထွက်ခြင်းမျိုး ဂေါက်ကွင်းအသေးစားသို့ သွားရောက်ခြင်း သူတို့ချည်း တစ်ခုခုကိုသင်ယူစေခြင်းမျိုးတို့ ပြုလုပ်ပေးနိုင်ပါသည်။

    ကလေးပြုစုပျိုးထောင်ရာတွင် ကျစ်လစ်မှုရှိစေရန် ကြိုပမ်းပါ

    မျှော်လင့်ထားသည့် အပြုအမူများ၊ ဘောင်များ၊ ဖြစ်လာနိုင်သည့် အကျိုးဆက်များနှင့် တန်ဖိုးများအကြောင်း ဆွေးနွေးပါ။ သင်၏ကလေးပြုစုခြင်းဆိုင်ရာ ဒဿနများကို လျာထားပါ။

    အပတ်စဉ် မိသားစုစုံညီစည်းဝေးပါ

    ကလေးများအပါအဝင် လူတိုင်းအား ခံစားမှုများ၊ ကြိုက်သည် မကြိုက်သည်များ ပြောခွင့်ပေးပါ။ အဆိုး အကောင်း အမြင်နှစ်မျိုးလုံးကို ဝေမျှခိုင်းပါ။ ပိုကောင်းအောင်လုပ်နိုင်မည့် အကြံများတောင်းကြည့်ပါ။

    ကလေးပြောသည်ကို သေချာနားထောင်ပေးပါ။ သင့်မျှော်လင့်သည်ထက် မြန်မြန်ကြီး ခင်တွယ်လာပါက နောက်ကိုလှည့်ကြည့်မနေပါနှင့်။ ဆက်ဆံရေးအရသြဇာညောင်းမှုကို အသုံးချပါ။ စိတ်ရှည်ရှည်ထားပါ။ ကလေးများနှင့် သံယောဇဉ်တွယ်ရန် ယုံကြည်ကိုးစားလောက်သည့် ဆက်ဆံရေးတစ်ခုရရန် နှစ်ချီကြာတတ်ပါသည်။ သူတို့နှင့် သံယောဇဉ်တွယ်အောင် ပြုလုပ်ရတွင် စိတ်ကိုရှည်ရှည်ထားရပါမည်။

    မိရင်းဖရင်းများနှင့် မကြာခဏဆိုသလို ဆက်သွယ်ပါ။ ကိုယ့်ကိုယ်မသေချာပါက မိမိ၏ပြုစုပျိုးထောင်မှုဆိုင်ရာ ကျစ်လစ်မှုရှိမရှိ သေချာအောင်လုပ်ပြီးမှ ကလေးအပေါ် အသုံးချပါ။

    မလုပ်သင့်သည်များ

    ပြောင်းလဲမှုအများကြီးနှင့် မစတင်လိုက်ပါနှင့်

    ကွာရှင်းခြင်း၊ နောက်တစ်ကြိမ်လက်ထပ်ခြင်း၊ မောင်နှမအစ်ရခြင်း၊ အိမ်အသစ်ပြောင်းခြင်းတို့အပြင် အခု စည်းကမ်းအသစ်တွေချဦးမလို့လား။ ကလေးက ပြောင်းလဲမှုအများကြီး ကြုံတွေ့ရနေသည်ကို စဉ်းစားပါ။ ဒီလိုပြုပြင်ရမယ် ဆိုသည့်စာရင်းကြီးနှင့် မိသားစုအသစ်ထဲကို ဝင်မလာပါနှင့်။ ထိုသို့လုပ်သည်နှင့် ကလေးများက သူတို့ဘဝအကြောင်းအကုန်လုံး သင်မသိခင်မှာပင် ပိတ်ကားချပစ်လိုက်ကြပါလိမ်မည်ဟု Stepmomhelp.com မှ Skirts At War: Beyond Divorced Mom/Stepmom Conflict ၏ တွဲဖက်စာရေးဆရာ ဂျီနာ ကော့ဖ်က ပြောထားပါသည်။ “ထိုအစား မိသားစုကို အခြေချအောင် အချိန်ပေးပြီး ပြောင်းလဲမှုအသစ်များအား ကျင့်သားရပါစေဦး။ ထို့နောက်မှ မိသားစုဝင်များအားလုံး မှတ်မိလွယ်မည့် အချိန်တစ်ခုစီကိုရွေးကာ တစ်ခုချင်းစီ ချမှတ်သင့်ပါသည်”။ ကောဖ့်က “သုတေသနများအရ မိထွေးဖထွေးမိသားစုများ တကယ်မိသားစုတစ်ခုလို လုပ်ဆောင်နိုင်ဖို့က ၄ နှစ်ကနေ ၇ နှစ်ထိ အချိန်ယူရသည်” ဟု ဆိုပါသည်။

    ပြင်းပြင်းထန်ထန်မလုပ်ပါနှင့်

    မိထွေးဖထွေးတော်တော်များများသည် သံယောဇဉ်တွယ်မှုကို ချက်ချင်းလိုချင်ကြသည်ဟု Cue Cards for Life: Gentle Reminders for Better Relationships စာအုပ်များ၏ စာရေးသူ ခရစ်စတီးနား စတိနော့သ်က ဆို၏။ “သူတို့၌ ကောင်းမွန်သော စိတ်ရင်းများရှိကြသော်လည်း မိထွေဖထွေးတော်တော်များများက ကလေး၏မေတ္တာကို လက်ဆောင်များများဝယ်ပေးပြီး တကယ်မိုက်သည့်မိဘများသဖွယ် လုပ်ယူကြသည်။ ကလေးများကလည်း လုပ်ယူနေသည်ကို ခံစားမိနိုင်ပါသည်”။ ထို့ကြောင့် လက်တွေ့ကျကျစဉ်းစားပါ။ ကိုယ်စိတ်နှင့်ကိုယ်သာ လုပ်ပါ။ ထိုမှသာ သင်တောင့်တနေသည့် ရင်းရင်းနှီးနှီး ဆက်ဆံရေးတစ်ခုကို ဖန်တီးနိုင်မည့်အခွင့်အရေး ရလာမည်ဖြစ်သည်။

    စည်းကမ်းတင်းကြပ်သူကြီးအဖြစ် မစတင်လိုက်ပါနှင့်

    စည်းကမ်းတင်းကြပ်သူအဖြစ် တိုက်ရိုက်ကြီး မစတင်သင့်ပါ။ ကလေးများတွင်လည်း ဘောင်လိုတာမှန်သော်လည်း မိရင်းဖရင်းများကသာ ကလေးများကို စည်းကမ်းချခြင်းများ ပြုလုပ်ပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement