backup og meta

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားခြောက်တဲ့ပြဿနာ ဘယ်လိုဖြေရှင်းမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေမှာဖြစ်တဲ့ အသားခြောက်တဲ့ပြဿနာ ဘယ်လိုဖြေရှင်းမလဲ။

    အသားအရေလှပကျန်းမာဖို့ကလေဒီလေးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ထင်လား။ မဟုတ်ပါဘူးနော်။ ဒီအချက်ကဘေဘီလေးတွေနဲ့ပါသက်ဆိုင်တာပါ။ တကယ်ကတော့ အရွယ်ပါးသုံးပါးစလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စပါ။ အရေပြားကျန်းမာမှ ခန္ဓါကိုယ်ကလည်းကျန်းမာမှာပါ။ နူးညံ့တဲ့အရေပြားပိုင်ရှင်ဘေဘီလေးတွေကိုဆို ပိုပြီး ဂရုစိုက်ပေးဖို့လိုပါမယ်။

    ဘေဘီလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေကဘာတွေလဲ…….

    နုနယ်လှတဲ့ဘေဘီလေးတွေရဲ့ အသားအရေက ထိခိုက်နိုင်ခြေတော်တော်လေးများပါတယ်။ဘေဘီလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာတွေကတော့

    • အသားအရေခြောက်သွေ့ခြင်း
    • နှင်းခူ (Atopic Dermatitis, Eczema စသဖြင့်)
    • Diaper dermatitis
    • ကုတ်ခြစ်ဒဏ်ရာ
    • ပိုးကောင်ကိုက်တာ
    • နို့ပွေး
    • အင်ပျဉ်
    • ဝဲ

    အရေပြားရောဂါဖြစ်စေတဲ့အရာတွေကဘာတွေဖြစ်မလဲ……

    အရေပြားရောဂါရဲ့အစကအရေပြားခြောက်သွေ့တာပါ။ အရေပြားခြောက်သွေ့ခြင်းဟာ နှင်းခူတစ်မျိုးဖြစ်တဲ့ Atopic Dermatitis နဲ့ဆက်စပ်နေပါတယ် ဒါကြောင့်ဘေဘီလေးတွေကို အရေပြားခြောက်သွေ့မှုမဖြစ်အောင် သေချာလေးဂရုစိုက်ပေးဖို့လိုပါတယ်။

    ဘေဘီလေးတွေမှာ အများဆုံးဖြစ်တဲ့ (Atopic Dermatitis ရောဂါနှင့် အရေပြားခြောက်သွေ့မှုရောဂါလက္ခဏာများ)

    အရေပြားခြောက်သွေ့မှုမှ စပြီးအရေပြားကိုနီမြန်းစေသလို ယားယံမှုကိုပါခံစားရစေနိုင်ပါတယ်။ ဒီ အရေပြားပြဿနာက အရွယ်မရွေးခံစားရနိုင်ပေမယ့်ဘေဘီလေးတွေမှာပိုအဖြစ်များကြပါတယ်။ ဒီအရေပြားပြဿနာကိုခံစားရသူတွေထဲက ၆၅ ရာခိုင်နှုန်းလောက်က အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ရှိတဲ့ ကလေးတွေပါ။ ဒီအရေပြားပြဿနာက တစ်ခဏနဲ့ပျောက်သွားတာမျိုးမဟုတ်ဘဲကာလရှည်ကြာခံစားရနိုင်ပါတယ်။ မျိုးရိုးရှိတဲ့ဘေဘီလေးတွေနဲ့ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်ဘေဘီလေးတွေမှာ ပိုအဖြစ်များပါတယ်။

    ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ

    ဒီအရေပြားရောဂါတွေရဲ့ လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ပါဘူး။

    • အရေပြားခြောက်သွေ့မယ်
    • အသားတွေယားယံမယ်
    • ဘေဘီလေးတွေရဲ့ မျက်နှာနဲ့ဦးရေပြားမှာ အနီရောင်အကွက်တွေထပြီး ယားယံမယ်
    • အရည်ကြည်ဖုသေးသေးလေးတွေဖြစ်ပြီး ကုတ်လိုက်ရင် အရည်တွေထွက်လာမယ်
    • အရေပြားတွေကွဲတာ၊ အဖတ်လန်တာမျိုးတွေဖြစ်မယ်
    • အသားတွေကွဲအက်ပြီးသွေးထွက်မယ်
    • ကုတ်မိရင် အရေပြားရောင်ရမ်းနေတာမျိုးတွေဖြစ်နိုင်ပါတယ်။

    အထက်ဖော်ပြပါ အချက်အလက်များနှင့် ရောဂါလက္ခဏာများကို

    • Dr.မိုးကျော်ထွန်း (အရေပြားအထူးကုဆရာဝန်ကြီး)
    • အရေပြားရောဂါဌာန
    • (အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး) မှ ဒေါက်တာနှင့်တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။

    အထက်ပါညွန်ကြားချက်နဲ့ ရောဂါလက္ခဏာများကို ဘယ်လိုသက်သာအောင်လုပ်မလဲ………….

    ကိုယ်တိုင်အသားအရေစောင့်ရှောက်မှုမလုပ်နိုင်သေးတဲ့ဘေဘီလေးအတွက်မေမေတို့ကအသားအရေကိုသေချာလေးဂရုစိုက်ပေးဖို့လိုမှာပါ။ ဒီတော့ဘေဘီလေးမှာ အသားအရေခြောက်သွေ့မှုကင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်နော်။

    အသားအရေကို အစိုဓါတ်ထိန်းပေးပါ – ဘေဘီလေးကို အသားအရေခြောက်သွေ့မှု ကင်းစေဖို့ဆိုရင် တစ်နေ့ကို နှစ်ကြိမ် အစိုဓါတ်ထိန်းခရင်မ်လူးပေးဖို့လိုပါမယ်။ဘေဘီလေးက ခြောက်သွေ့ပြီး တုံ့ပြန်လွယ်တဲ့ အသားအရေပိုင်ရှင် ဖြစ်မယ်ဆိုရင်တော့ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး အရေပြားယားယံမှုကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်တာမျိုးဖြစ်ဖို့ လိုပါမယ်။

    အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေကို သတိထားပါ -ဘေဘီလေးရဲ့ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေကို မထိတွေ့မိစေဖို့သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ချွေးထွက်တာ၊ ပတ်ဝန်းကျင်က ဖုန်မှုန့်တွေ၊ ဝတ်မှုန်တွေ၊ အဝတ်တွေကိုလျှော်တဲ့အခါအသုံးပြုတဲ့ ဆပ်ပြာမှုန့်လိုမျိုးအရာတွေကိုသေချာလေး သတိထားရွေးချယ်ဖို့လိုပါမယ်။ဘေဘီလေးကိုကျွေးတဲ့ အစားအစာတွေကိုလည်းသေချာလေးဂရုစိုက်ဖို့လိုပါမယ်။

    ရေအကြာကြီးမချိုးပေးပါနဲ့ -ရေအကြာကြီးချိုးပေးတာကလည်းဘေဘီလေးတွေကို အသားခြောက်စေနိုင်တဲ့ အချက်တစ်ခုပါ။ ဒါကြောင့်ဘေဘီလေးတွေကိုရေချိုးပေးတဲ့အခါ ခပ်နွေးနွေးရေလေးနဲ့မြန်မြန်လေးချိုးပေးပါ။

    ရေချိုးဆပ်ပြာသတိထားရွေးချယ်ပါ -ရေချိုးဆပ်ပြာရွေးတဲ့အခါ ခပ်ပျော့ပျော့လေးနဲ့ဘေဘီလေးအသားအရေကို ထိခိုက်မှုနည်းစေတာမျိုးရွေးချယ်ပေးဖို့လိုပါမယ်။ အရေပြားခြောက်သွေ့လွယ်တဲ့ဘေဘီလေးတွေအတွက်ဆိုရင်တော့ခြောက်သွေ့ယားယံမှုကင်းစေပြီး အရေပြားကို အထိရောက်ဆုံး သန့်စင်ပေးနိုင်မယ့် ဆပ်ပြာမျိုးဖြစ်ဖိုပလိုပါမယ်။

    အရေပြားကိုရေခြောက်အောင်သုတ်ပါ – ရေချိုးပြီးတိုင်း အရေပြားကို ခပ်ဖွဖွလေးခြောက်သွေ့အောင်သုတ် ပြီးရင်အစိုဓါတ်ထိန်းခရင်မ်လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာကလည်း အရေပြားခြောက်သွေ့မှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။

    ကဲ..ကိုယ့်ရဲ့ရင်သွေးလေးကို အရေပြားပြဿနာကင်းတဲ့ ကလေးလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေချင်ရင်တော့ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို လိုက်နာပြီး အရေပြားပြဿနာကင်းစင်တဲ့ဘေဘီလေးအဖြစ် ကြီးပြင်းနိုင်ကြပါစေကြောင်း………………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement