ဘေဘီလေးကို ဘယ်အချိန်မှာ ခေါင်းအုံးနဲ့ သိပ်မလဲ
ကလေးကျန်းမာရေးစောင့်ရှောက်ပေးသူတွေကတော့ ကလေးကို အသက် ၁ နှစ်မတိုင်ခင်အထိ ခေါင်းအုံးနဲ့ မသိပ်တာက အကောင်းဆုံးပါလို့ အကြံပြုထားကြပါတယ်။ ခေါင်းအုံးနဲ့ သိပ်မယ်ဆိုရင်တောင် ခေါင်းအုံးက ချည်သားနဲ့ချုပ်ထားတဲ့ ခပ်ပါးပါးခေါင်းအုံးက အဆင်ပြေဆုံးပါ။ ကလေးကို လူကြီးခေါင်းအုံးတွေနဲ့လည်း ပေးမအိပ်သင့်ပါဘူး။ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းအုံး ခပ်သေးသေးလေးက အဆင်ပြေဆုံးဖြစ်မှာပါ။
ခေါင်းအုံးမှာပါတဲ့ ငှက်မွှေးလိုအရာတွေ၊ အစိလေးတွေပါတာတွေက ကလေးနဲ့ ဓာတ်မတည့်တာမျိုးဖြစ်နိုင်သလို အစေ့လေးတွေ ပေါက်ထွက်ပြီး ကလေးကို နင်စေတတ်ပါတယ်။ ဒါကြောင့် ဒီလိုခေါင်းအုံးတွေကို ရှောင်သင့်ပါတယ်။
ကလေးကို ခေါင်းအုံးနဲ့ သိပ်တဲ့အချိန်မှာလည်း ကလေးရဲ့ အိပ်စက်မှုအနေအထားကို အမြဲသတိထားပေးပါ။ ကလေးက မှောက်ရက်အနေအထားနဲ့ အိပ်တဲ့အခါ နှာခေါင်းကို ဖိမိနေတာမျိုး မဖြစ်စေဖို့ စောင့်ကြည့်ပေးပါ။ ကလေးရဲ့ အိပ်ရာထဲမှာ မလိုအပ်ဘဲ ခေါင်းအုံးအပိုတွေ ထားပေးတာ၊ စောင်တွေထားတာ၊ အရုပ်တွေထားတာမျိုး မလုပ်ပါနဲ့။ ကလေးကို အသက်ရှူကျပ်တာ၊ မတော်တဆသေဆုံးတာမျိုးတွေ ဖြစ်စေနိုင်တာကြောင့်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။